saturngod

  • Adobe Acrobat 8 Professional ထွက်ပြီဗျ….GUI ပိုင်းကတော့ တော်တော်လေးပြောင်းလဲထားတယ်ဗျ….ပိုပြီးတော့ smart ဖြစ်သွားတယ်…နောက်ပြီး ms word ကိုလေး တိုက်ရိုက် export လုပ်လို့ရတဲ့အပြင် တခြား export file တွေလဲရလာတာတွေ့ရတယ်…နောက်ပြီး PDF File တွေကို merge လုပ်လို့ရလာတယ်.. အခု ရန်ကုန် ကဆိုင်တွေမှာ ဝယ်လို့ရနေပါပြီ…တစ်ခွေထဲပါ….သွင်းရတာလည်းမြန်ပါတယ်..နောက်ပြီး အခွေထဲမှာ Adobe Reader 8 တောင်ပါလိုက်သေးတယ်..

  • Your Freedom ကိုသုံးမယ် ဆိုရင် Account တစ်ခုတော့ လိုတယ်ဗျ…အခုလတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြသနာက port HTTPS နဲ့သုံးတော့ မရဘူးဖြစ်နေတာပေါ့….HTTP ကိုသုံးပါ…ဒါဆိုရင် ရပါတယ်….နောက်ပြီး Address ကို အမြဲပုံသေမထားနဲ့…ပုံသေဆိုရင် connection ကနှေးသွားရော…၁ လ ၁ကြိမ်လောက်ပြောင်းပေး….ဘာကြောင့်လဲဆို freedom server ကိုကပြောင်းနေတော့…ကိုယ်ပါလိုက်ပြောင်းရတာပေါ့….. ဘယ်လိုပြောင်းရမလဲဆိုရင်…..Freedom ကိုဖွင့်…Configure ကိုဝင်…အောက်မှာ User Wizard ဆိုတာပါတယ်… Next တွေလုပ်သွား….Server ရှာနေတဲ့အချိန် ခဏလောက်စောင့်လိုက်…ပြီးရင် sever တွေက ရွေးတဲ့အခါမှာ HTTP တစ်ခုတည်း support လုပ်တဲ့ဟာပါရင် ရွေးလိုက်…မပါရင် HTTP support လုပ်တာကိုရွေးလိုက်….ပြီးရင် Protocol ကို HTTP ပြောင်းလိုက်…Save And Exit လုပ်….ပြီးရင် Start…

  • IIS ဆိုတာ Internet Information Services ကိုပြောတာပါ။ သူက ဘာတွေလုပ်ပေးသလဲဆိုင် web programming တွေနဲ့ browser တွေကြားမှာ ကြားခံဆောင်ရွက်ပေးပါတယ်။ PHP နဲ့ရေးထားတဲ့ code ကို IIS ကနေတဆင့် browser မှာ HTML ပုံစံပေါ်အောင် တဆင့်ခံပြုလုပ်ပေးတာပါ။ ASP , ASP.NET တို့ code တွေကိုလည်း HTML code ထွက်လာအောင် ကြားခံဆောင်ရွက်ပေးတာပါ။ IIS လိုမျိုး ဟာတွေကတော့ Apache ပဲဖြစ်ပါတယ်။ IIS က windows တွေမှာပဲ အသုံးပြုနိုင်ပြီးတော့ Apache ကတော့ Linux ရော Windows မှာပါသုံးနိုင်ပါတယ်။ နှစ်ခုလုံးက free ရဲ့တဲ့ဟာတွေဖြစ်ပြီး IIS…

  • ကျွန်တော်တို့ ကျောင်းကြီးဘာဖြစ်သွားတာလဲ….ဘာတွေဖြစ်ကုန်တာလဲဗျာ……Master ခေါ်တာက ၂ ယောက်ပဲ……ခေါ်တယ်ထင်လား…….. မဟုတ်ဘူးဗျ….၂ ယောက်ပဲကျန်ခဲ့တာ။Hones တစ်ခန်းလုံးပါတယ်ဗျာ။ နောက်ပြီး Hones ကိုဘယ်လောက်ခေါ်လိုက်တယ်ထင်လဲ။ ၇၅၂ ယောက်တဲ့ဗျာ။ ဒါကြောင့် ကြွေးကျန်မပါသေးဘူး။ အားပါး..ပါး…ငါတို့ ပါချုပ်က ဘယ်လိုထိန်းမလဲမသိဘူး။ အဲဒါတောင် အားမရသေးဘူး First Year လေးတွေကို အယောက် ၃၀၀၀ ကျော်တောင်ခေါ်လိုက်တယ်ဗျာ။ ရက်စက်လိုက်တာ။ ကလေးတွေကို ခေါ်ပြီး နှိပ်စက်တာလားမသိဘူး။ တစ်ခန်းကို အယောက် ၂၀၀ မကထားတယ်ဗျာ။ ၁၃၅ ယောက်ကတောင် ပူလို့အိုက်လို့ သေချင်စိတ်ပေါက်နေတာ။ အယောက် ၂၀၀ ဆိုတော့ မတွေးဝံစရာပဲ။ ၁၃၅ ယောက်ကတောင် ဆရာ ၊ ဆရာမတွေ စာကောင်းကောင်းမသင်နိုင်တာ။ အင်း…First Year လေးတွေကိုတော့ မပြောတော့ပါဘူး။ ဆရာ ၊ ဆရာမတွေ…

  • Firefox 2 ထွက်ပြီး မကြာခင်မှာပဲ IE 7 ထွက်လာခဲ့ပါတယ်။ ကျွန်တော်က security ပိုင်းနဲ့ပတ်သက်ရင်တော့ သေသေချာချာမသိပါဘူး။ ဒါပေမယ့် user တစ်ယောက်အနေနဲ့ တင်ပြသွားပါမယ်။ Firefox 2 ကို အရင်က ကျွန်တော်သုံးဖြစ်တယ်။ ဘာကြောင့်လည်းဆို သူက GUI Design ကတော်တော်လှတယ်ဗျ။ ဘာကြောင့်လည်းဆို ကြိုက်တဲ့ theme ကိုပြောင်းလို့ရတယ်။ နောက်ပြီး tab တွေနဲ့လည်း အများကြီးဖွင့်ထားလို့ရတယ်။ တခြား plug in အသစ်တွေလည်း download ချပြီးထည့်လို့ရသေးတယ်။ ဒါကြောင့် တော်တော်ကြာသုံးဖြစ်တယ်။ နောက်ပြီး web page တွေကို download ချတဲ့ပုံက IE ထက်စာရင် ပိုကောင်းတယ်ဗျ။ ကျွန်တော်လိုချင်တဲ့ JavaScript တွေကို IE ကနဲ့ယူတာမရပဲ…

  • အရင်ဆုံး PHP ကို http://www.php.net ကနေ Download ချ လိုက်ဗျာ။ ပြီးရင် Zip ဖြည်ပြီးတော့ C:\PHP ဆိုတဲံ folder ဆောက်လိုက်။ အဲဒီအထဲကို ကူးချ Zip ဖြည်ထားတဲ့အထဲမှာ ပါတာတွေကို ကူးချလိုက်။ ကျွန်တော် ပြောတဲ့ သဘောက C:\PHP\ မှာ ထည့်ခိုင်းတာနော်။ အဲဒီ အောက်ကို Folder လိုက်ကူးခိုင်းတာမဟုတ်ဘူး။ အဲဒီအောက်ကို php-cgi.exe ပါတဲ့ ဟာကို ကူးခိုင်းတာ။ အဲဒီမှာ ဘာ Folder တွေရှိလာမလဲဆိုC:\PHP.\dev.\ext.\extras.\includes.\Pearsဆိုပြီးရှိရမှာ။php.ini-recommended ကို နောက်က -recommended ကိုဖြုတ်လိုက်ပါ။ ပြီးရင် C:\PHP\php.ini ကိုပြင်မယ်။;cgi.force_redirect = 1 ရှေ့က ; ကိုဖြုတ်လိုက်။ cgi.force_redirect = 0…

  • Unicode ဆိုတာ တကယ်တန်းတော့ international အတွက်ပါ။ ဘာလဲဆိုရင် မင်း English စာဆိုရင် မင်းရိုက်လိုက်တဲ့ စာတွေကို computer ကစာအနေနဲ့သိမ်းထားတာ မဟုတ်ဘူး။ code နံပါတ်နဲ့သိမ်းလိုက်တာ။ A ဆိုရင် 65 ဆိုပြီး သိမ်းပြီး a ဆိုရင်တော့် 91 ဆိုပြီးသိမ်းပါတယ်။ English စာအတွက်က ASCII code ဆိုပြီးရှိပေမယ့် နိုင်ငံတကာအတွက်ဆိုရင် ASCII code ကမလုံလောက်တော့ဘူး။ ဘာဖြစ်လို့လည်းဆို ASCII code က စာလုံးရေ 255 လုံးပဲသိမ်းနိုင်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာ အတွက် Unicode ဆိုတာ ပေါ်လာတာ။ Unicode ကစာလုံးရေ အများကြီးဆန့်တယ်။ ကျွန်တော် သေသေချာချာ မမှတ်မိတော့လို့ပါ။ အဲဒီလိုပဲ မြန်မာစာ…