HTML 5 ebook

HTML 5 စာအုပ်ကို ရေးထားခဲ့တာတော့ ကြာပါပြီ။ Online မှာ အခမဲ့ ဖတ်ခွင့်ပြုပြီးတော့ Ebook အနေနဲ့ကတော့ iOS , Android app တွေ ထုတ်ထားခဲ့ပေးပါတယ်။ စာအုပ်ကို EPub ပြောင်းဖို့ အဆင်မပြေတာရယ် နောက်ပြီး ePub ကို အခမဲ့ ဆိုတာထက် online မှာ ရောင်းဖို့ စဉ်းစားမိတာလည်း ပါပါတယ်။ သို့ပေမယ့် အဲဒီ အခြေအနေကို မရောက်ခဲ့ပဲ ပြီးခဲ့တဲ့ အပတ်ကမှ HTML 5 Epub ကို စပြီး ရောင်းဖို့ လုပ်ဖြစ်ခဲ့ပါတယ်။ HTML 5 Epub version ကို http://html5book.saturngod.net မှာ US$1.99 ဖြစ် ဝယ်ယူနိုင်ပါပြီ။ gumroad […]

CSS for starter

ဒီစာအုပ်ကို ရေးတာ ဘယ်လောက် ကြာလို့ ကြာသွားမှန်းတောင် မသိတော့ဘူး။ သေချာတာကတော့ ၁ နှစ်ကျော်သွားပြီဆိုတာပဲ။ ၁ နှစ်အတွင်းမှာ အားတဲ့ အချိန်တွေမှာ တဖြည်းဖြည်းခြင်းရေးခဲ့တာ အခုတော့ ပြီးသွားပါပြီ။ ကျွန်တော် ရေးတဲ့အချိန်တုန်းက CSS 3 က ပေါ်ကစဖြစ်ပြီး browser အားလုံး support မလုပ်သေးပါဘူး။ ဒါကြောင့် အခု CSS စာအုပ်မှာ CSS 3 အကြောင်းမပါလာခဲ့ပါဘူး။ စာလုံးပေါင်းမှားနေတာ ရေးထားတာမှားနေတာတွေကို ဝေဖန်ထောက်ပြနိုင်ပါတယ်ဗျာ။ Download

Blog စာအုပ်

ကဲ… offline စာအုပ်တော့ မထွက်လာဖြစ်ပေမယ့် online စာအုပ်လေးတော့ ထွက်ရှိလာပါပြီ ဒီမှာ ယူလို့ရပြီနော်။

How to Make Wiki ?

Personal Computer Magazine မှာရေးပြီးသားပါ။ အဲဒီ file လေးကို အခု pdf version နဲ့ ပြန်ထုတ်လိုက်ပါတယ်။ ဒီမှာယူလိုက်ပါ။

HTML စာအုပ်ပြုပြင်ထား

အခု HTML စာအုပ်ကို နည်းနည်းပြုပြင်ထားတယ်။ အဓိကတော့ design ပြင်လိုက်တယ်။ အရင်က InDesign နဲ့ရေးတယ်။ အခု Word နဲ့ပြောင်းပြီး ရေးထားတယ်။ PDF ပြောင်းလိုက်တော့ word က 1.38 MB လောက်ပဲရှိတယ်။ InDesing တုန်းက 3 MB လောက်ဖြစ်သွားတာကိုတွေ့ရတယ်။ အခုတော့ Word နဲ့ပဲ design တွေအစပြင်ထားပါတယ်။ စာတွေကတော့ အရင်စာတွေပါပဲဗျာ။

ကျေးဇူးပါ

တင်ထားတာဖြင့် ဘယ် နှစ်ရက်မှ မရှိသေးဘူး…. HTML စာအုပ်ကို download ချလိုက်ကြတာ.. အယောက် ၁၀၀ ကျော်သွားပြီ… ကျေးဇူးပဲ ဗျို့.. အခုတလော မီးကလည်း မလာတော့.. လာတဲ့အချိန်လေး လုပ်စရာရှိတာကို လုပ်နေရလို့ blog တောင် မရေးအားဘူး.. ရေးမယ် စိတ်ကူးပေါ်လိုက်… မီးကပျက်နေလို့ မရေးဖြစ်လိုက်နဲ့…. ရေးတော့ ရေးအုံးမှာပါ… အခုတော့ ကိုယ့်အလုပ်လေးတွေ ပြီးအောင် လက်စသပ်ရအုံးမယ်..

HTML By Saturngod

ဖတ်ပြီးရင် ဝေဖန်ပေးပါအုံး… ရေးထားတာတော်တော်လေးကို ကြာပြီ… ကျောင်းပြီးကတည်းက ရေးထားတာ.. အခုမှပဲ public ချလိုက်တာ.. အစက သူငယ်ချင်းတွေကိုပဲ ဖတ်ခိုင်းထားတာ.. အရေးအသားက အခုချိန်ပြန်ဖတ်တော့ သိပ်မကောင်းသလိုပဲ… :P ဒါပေမယ့် HTML နဲ့ပတ်သက်ပြီး မြန်မာလို ဖတ်ရတာပေါ့.. http://www.mysteryzillion.org/forums/downloads.php?do=file&id=2