Family

  • တနင်္လာနေ့က Houston မှာ Hurricane Beryl ဝင်သွားတယ်။ မနက်ပိုင်း မုန်တိုင်းရှိနေပမယ့် ရုံးသွားပေမယ့် ရုံးမှာ တစ်ယောက် မှ​မရှိဘူး။ Daily Stand Up မှာ ဘာလို့ ရုံးလာတာလဲ။ မုန်တိုင်း ရှိနေတာ။ အန္တရာယ် ရှိတယ် ဆိုမှ​ မုန်တိုင်းက ကြမ်းမယ် ဆိုတာ သိတယ်။ ပုံမှန် ခဏလောက် မိုးရွာပြီး ပြီး သွားမယ် ထင်နေတာ။ နေ့လည် ၁၁ ခွဲလောက်တော့ ရုံးမှာ မီး ပျက်သွားတယ်။ ဖုန်း အင်တာနက် နဲ့ အလုပ်ဆက်လုပ်။ ၁၂ လောက် အိမ်ပြန်။ အိမ်လည်း ရောက် မီးလည်း ပျက်ပဲ။ နေ့လည် ၂ နာရီ လောက်မှ ပြန်လာတယ်။…

  • 2021 မှာ ပြဿနာ မျိုးစုံ ကြောင့် ဖွင့်ထးသည့် ရုံးခန်းက ပြန်ပိတ်ပြီး work from home ပဲ လုပ်နေရတာ အခု ထက်ထိပဲ ။​ ကောင်းတာကတော့ ကလေးတွေ ကို ပို အချိန်ပေးလာနိုင်ပြီး ပို နားလည်လာနိုင်တယ်။ ကလေးတစ်ယောက်က မိဘ ကို လိုချင်တာ မရလို့ ပြန်ပြောရင် သူလိုချင်တာကို သူဖြစ်ချင်တာကို ပြောရင် မြန်မာတွေက ရိုင်းတယ် လို့ ထင်ကြတယ်။​ မိဘတိုင်းက သားသမီး ကို ယဉ်ကျေးလိမ်မာ တက်ခိုင်းပြီး မိဘ စကား ကို အတင်းနားထောင်ခိုင်းတယ် လို့ ခံစားရတယ်။​ လေးစားမှုဟာ အတင်းလုပ်ယူရတာ မဟုတ်ဘူး။​ သားသမီးတွေ က မိဘ ကို လေးစားဖို့…