Hurricane Beryl

တနင်္လာနေ့က Houston မှာ Hurricane Beryl ဝင်သွားတယ်။ မနက်ပိုင်း မုန်တိုင်းရှိနေပမယ့် ရုံးသွားပေမယ့် ရုံးမှာ တစ်ယောက် မှ​မရှိဘူး။ Daily Stand Up မှာ ဘာလို့ ရုံးလာတာလဲ။ မုန်တိုင်း ရှိနေတာ။ အန္တရာယ် ရှိတယ် ဆိုမှ​ မုန်တိုင်းက ကြမ်းမယ် ဆိုတာ သိတယ်။ ပုံမှန် ခဏလောက် မိုးရွာပြီး ပြီး သွားမယ် ထင်နေတာ။

နေ့လည် ၁၁ ခွဲလောက်တော့ ရုံးမှာ မီး ပျက်သွားတယ်။ ဖုန်း အင်တာနက် နဲ့ အလုပ်ဆက်လုပ်။ ၁၂ လောက် အိမ်ပြန်။ အိမ်လည်း ရောက် မီးလည်း ပျက်ပဲ။ နေ့လည် ၂ နာရီ လောက်မှ ပြန်လာတယ်။ အဲဒီ အခါမှ ရုံးမှာ အလုပ်ဆက်လုပ်ရတယ်။

နောက်နေ့ထိ ရုံးမှာ မီးမလာဘူး။ အဲနေ့က အိမ်ပြန်လမ်းမှာ သစ်ပင်တွေ ကျိုးကျ နေတာတွေ ။ နောက်ပြီး ဓာတ်တိုင်တွေ လဲနေတာတွေ တွေ့ခဲ့တယ်။ အိမ်နား ရောက်တော့ တံတား အောက်မှာ ရေကြီးနေလို့ ရဲက လမ်းကို တားထားပြီး ပေးမဖြတ်တော့ဘူး။ ကားတစ်စီး တော့ ရေထဲမှာ တွေ့ခဲ့တယ်။ ဒါနဲ့ တခြားဘက်က ပတ်မောင်းပြီး ပြန်ခဲ့ရတယ်။

Apartment ဝင်းထဲမှာလည်း အပင်တွေ အများကြီး လဲကျနေတော့ ပတ်မောင်းရတယ်။ ဒီလောက် ကြမ်းမယ် မထင်ထားတာ။ နောက်ဆုံးတော့ သိလိုက်ရတာ US မှာလည်း မီးပျက် ရေကြီး ဖြစ်တတ်တာပဲ။ ဒီကလူ တွေ အတွက်က ပုံမှန် ထင်တယ်။​ Costco မှာ စျေးသွားဝယ်တုန်းက မီးစက်တွေ ဝယ်နေကြတာ တွေ့ပြီး ဘာလုပ်မလို့လဲပေါ့ စဥ်းစားနေတာ။ မုန်တိုင်း လာတိုင်း မီးပျက်သွားတာ ပုံမှန် ဖြစ်နေတာကြောင့် ထင်တယ်။

နောက်နေ့ မီးပျက်တော့ မီးစက်တွေ သုံးကြတယ် ထင်တယ်။ ဓာတ်ဆီ ဆိုင်တိုင်းမှာ ကားအပြည့် တန်းစီ နေကြတာ။ ဒီနေ့ တော့ အကုန် ပြန် အဆင်ပြေသွားပြီ။ ၃ ရက်လောက် တော့ The Woodland , TX မြို့လေးက ပြန်ပြင်လိုက်ရတယ်။ အခုကျတော့ သူ မဟုတ်သည့် အတိုင်း နေတွေ ပြန်ပူပြီး အကုန် အဆင်ပြေနေပြန်ကော။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading