News
-
ဒီနေ့ Keith ရဲ့ သတင်းရဲ့ ကြားပြီး မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ တစ်ပတ်က ဦးဏှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးသွားတယ်လို့ ကြားလိုက်ရတယ်။ ယုံတောင် မယုံနိုင်ဘူး။ ယုံလည်း မယုံချင်တာလည်း ပါတာပေါ့။ Keith ဆိုတာကတော့ အခြားသူတော့ မဟုတ်ပါဘူး။ http://www.thanlwinsoft.org/ ပိုင်ရှင် Keith Stribley ပါ။ သံလွင်soft ကို မသိဘူးဆိုရင်တောင် unicode သုံးနေတဲ့သူတွေအနေနဲ့ အက္ခရာ keyboard ကိုတော့ သိကြမယ်ထင်တယ်။ ဟုတ်ပါတယ်။ အက္ခရာ keyboard ကို ရေးသားခဲ့တဲ့သူပါ။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၇ နှစ်လောက် နေပြီး Myanmar Unicode ကို လုပ်ခဲ့တဲ့သူပါ။ မြန်မာ Unicode နဲ့ ပတ်သက်ပြီး အများကြီး…
-
ဒီတစ်ခေါက် ရန်ကုန်ပြန်တာ တော်တော်အကျိုးရှိသွားတာကတော့ MZ က လူငယ်တွေနဲ့ တွေ့လိုက်ရတယ်။ လက်ရှိ pro မဟုတ်သေးတဲ့ သူတွေရဲ့ စကားကို ကြားချင်နေတာ ကြာလှပြီ။ MZ က လူငယ်တွေက အခုမှ စလေ့လာကစ လူတွေ နောက်ပြီး အခြား လိုင်းကနေ computer ကို စိတ်ဝင်စားလို့ ရောက်လာတဲ့ လူငယ်တွေ တော်တော်များများပါတယ်။ Pro တွေလည်း ပါတယ်။ လာတဲ့သူတွေကတော့ လုပ်ချင် ကိုင်ချင် လေ့လာချင်စိတ် အပြည့်ရှိတဲ့သူတွေလည်း မမှားပါဘူး။ MZ Gathering ကို ၄ နာရီ လောက်ချိန်းထားပေမယ့် မုန့်ဝယ်တာနဲ့ဆိုတော့ နောက်ကျသွားတယ်။ ကျွန်တော်က ၄ နာရီ ခွဲလောက်မှ ရောက်ဖြစ်တယ်။ မိုးက ရွာတာနဲ့ လူတွေ ကွဲကုန်ပြီ…
-
Python converter နဲ့ ပြောင်းတာ အဆင်မပြေတာနဲ့ ကိုယ့်ဘာသာ ရေးထားတဲ့ PHP ကို ပြန်စမ်းကြည့်ဖို့ စဉ်းစားထားတာ ကြာပြီ။ MZ ကို ပြောင်းဖို့ ကြည့်လိုက်တော့ နောက်ပိုင်းရေးထားတဲ့စာတွေက Latin မှာသွားသိမ်းထားတာ လိုမျိုး ပုံစံတွေနဲ့ ဆိုတော့ PHP code နဲ့က အဆင်မပြေဘူး။ ကို ရာဗီ ကိုတော့ ပြောင်းတာ error တက်တာ ပြောထားသေးတယ်။ ဒေါက်တာ ကာဘွန် ရေးထားပေးတဲ့ java converter နဲ့တော့ မစမ်းရသေးဘူး။ MZ database က 500 MB လောက် ရှိတယ်။ ဒါကြောင့် ပြောင်းရခက်နေတာ။ Unicode ပြောင်းတာနဲ့ အတူတူ vanilla ကိုလည်း…
-
MZ member တွေ့ဆုံပွဲကို ကန်တော်ကြီးမှာ လုပ်ပါမယ်။ Date:… 30.1.2011 Time:… ညနေခင်း 3 နာရီမှ 4 နာရီခွဲအထိ Place:.. ကန်တော်ကြီး ချစ်သူများကျွန်း ကျွန်တော်လည်း အဲဒီနေ့ အဲဒီပွဲမှာ ရှိနေမှာပါ။ အစီအစဉ်ကတော့ ထွေထွေထူးထူး မရှိပါဘူး။ member အသစ်တွေကော အဟောင်းတွေကော ရင်းနှီးသွားအောင် တွေ့ဆုံကြတဲ့ သဘောပါ။ နောက်ပြီး ကျွန်တော် ရန်ကုန်ရောက်နေတုန်းမှာ MZ က member တွေကိုလည်း တွေ့ချင်တာကြောင့်လည်းပါပါတယ်။
-
အင်တာနက်ဆိုင်မှာ keyboard မရှိလို့ unicode ရိုက်လို့မရဘူးဆိုသူများ key magic portable ကို အသုံးပြုလို့ရပါတယ်။ http://dl.dropbox.com/u/176693/KeyMagic-Standalone-Portable.zip Thank , Dr Carbon for keymagic portable :)
-
ဒီနေ့ one piece wikia ကို ဖတ်နေရင်းနဲ့ မကျေမနပ်ဖြစ်လာတယ်။ အခြား ဘာသာ စကားတွေက de.onepiece.wikia , zh.onepiece.wikia ဆိုပြီး ရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေအတွက် my.onepiece.wikia ကို ခေါ်တာ မရဘူးဖြစ်နေတယ်။ ဒါနဲ့ ဘယ်လို လုပ်ရမှန်းလဲ မသိ။ လုပ်ကလည်း လုပ်ချင်နေတယ်။ onepiecemm.wikia.com က လက်ရှိ ဇော်ဂျီနဲ့ ရေးနေပေမယ့် official မဟုတ်သလို ခံစားနေရတယ်။ ရေးရတာ သိပ်အရသာမရှိသလို အခြား language တွေလို လက်ရှိ Article မှာ Langauge ဆိုတဲ့ နေရာမှာ မထည့်နိုင်ဘူး ဖြစ်နေတယ်။ ဒါနဲ့ မနေနိုင်တာနဲ့ wikia support ကို email ပို့လိုက်တယ်။
-
iOS အတွက် jailbreak MM Unicode ကို http://cydia.macforus.com မှာ ရပါပြီ။ Zawgyi Font သွင်းထားရင်တော့ သုံးမရပါ။ ဒါကြောင့် လက်ရှိ Zawgyi သွင်းထားသူများအနေနဲ့ကတော့ Zawgyi ကို ဖြုတ်ဖို့လိုပါတယ်။ Remove Zawgyi from iOS ၁. Zawgyi Font iOS Uninstaller ကို အရင် သွင်းပါ။ ၂. ပြီးလျှင် Zawgyi Font iOS ကို update လုပ်ပါ။ ၃. Zawgyi Font iOS ကို Uninstall လုပ်ပါ။ ၄. နောက်ဆုံး Zawgyi Font iOS Uninstaller ကို Uninstall…
-
Hi Saturn, I am attaching the lastest file with html2utf8 conversion and windows standalone exe file inside the dist folder. Ko Thiha, please also test for me if the windows exe works. Thanks. The html2utf8 conversion will convert က to but will not convert name html entities like &lgt; © etc which is useful in an html…