System Hidden

အခုနောက်ပိုင်း virus တော်တော်များများက system hidden ပါလုပ်လာကြတယ်။ အရင်တုန်းကလို hidden တစ်ခုထဲလုပ်လာတာမဟုတ်တော့ဘူး။ system hidden လုပ်တော့ သာမန် user တွေဆိုရင်တော့ right click -> Hidden ကိုပြန်ဖော်လို့မရဘူးလေ။ ကျွန်တော့်အတွက်တော့ အခက်ကြီးမဟုတ်ဘူး။ ဒီနေ့ပဲ မိတ်ဆွေတစ်ယောက် သူ့ folder တွေပျောက်ကုန်ပါတယ်ဆိုပြီး သူ့ stick ကိုကြည့်လိုက်တော့ system hidden တွေ။ folder တွေကတော့ အများကြီးတော့ မဟုတ်ပါဘူး။ ၅ ခုလောက်ပဲ။ ဒါနဲ့ bat file လေးကို အခုလိုရေးလိုက်တယ်။ Pro ကျကျတော့မဟုတ်ဘူး။ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နည်းလေးပေါ့။

Notepad ကိုဖွင့်လိုက်တယ်။

attrib -s -h H:\foldername1
attrib -s -h H:\foldername2
attrib -s -h H:\foldername3

အဲလိုလေးရေးပြီး .bat နဲ့ save လိုက်တယ်။ H: ဆိုတာကတော့ drive name ပေါ့။ ပြီးရင် save လုပ်ထားတဲ့ bat file လေးကို run လိုက်တော့ folder တွေအကုန်ပြန်ပေါ်လာပကါတယ်။ foldername1 , foldername2 , foldername3 စတဲ့နေရာတွေမှာ ကိုယ့် drive ထဲက folder နာမည်လေးတွေပေါ့။ အဲဒါဆိုရင် အဆင်ပြေသွားမှာပါ။

4 Comments

  1. yeman says:

    ကိုစေတန်ရေ…
    bat ဖိုင်ကုတ်က နည်းနည်းမှားနေလားလို့..
    “attrib” လားမသိဘူး….

  2. saturngod says:

    ပြင်လိုက်ပြီနော်

  3. naynini says:

    ကိုစေတန်ရေ…ကျွန်တော်blogမှာ.postလုပ်တဲ့နေရာမှာ..text editor ပျောက်နေတယ်ဗျာ..font,photo,link….စတဲ့signတွေ မပေါ်ဘူး..စာပဲရိုက်ရတယ်ဘာမှလည်းလုပ်မရဘူးပေါ့..ဘယ်လိုပြန်ပြင်ရမလဲ..ကူညီပါဦး.ကျွန်တော့်
    naynini.blogspot.com ထဲဝင်ကြည့်ပြီးလိုအပ်တာလေးတွေပြောပေးပါဦးဗျာ..ကိုစေတန်စာအုပ်ဖတ်ပြီးရေးလို့ရနေရာကနေအခုခေါင်းကိုက်နေပြီ
    ကျေးဇူးတင်ပါတယ်….have a nice day..ko saturn

  4. ak says:

    အကိုရေ ကျွန်တော့် Stick တွေ format ရိုက်လို့မရတော့ဘူး။ နည်းလမ်းလေးရှိရင်ပေးပါအုံးနော်

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.