အခုနောက်ပိုင်း virus တော်တော်များများက system hidden ပါလုပ်လာကြတယ်။ အရင်တုန်းကလို hidden တစ်ခုထဲလုပ်လာတာမဟုတ်တော့ဘူး။ system hidden လုပ်တော့ သာမန် user တွေဆိုရင်တော့ right click -> Hidden ကိုပြန်ဖော်လို့မရဘူးလေ။ ကျွန်တော့်အတွက်တော့ အခက်ကြီးမဟုတ်ဘူး။ ဒီနေ့ပဲ မိတ်ဆွေတစ်ယောက် သူ့ folder တွေပျောက်ကုန်ပါတယ်ဆိုပြီး သူ့ stick ကိုကြည့်လိုက်တော့ system hidden တွေ။ folder တွေကတော့ အများကြီးတော့ မဟုတ်ပါဘူး။ ၅ ခုလောက်ပဲ။ ဒါနဲ့ bat file လေးကို အခုလိုရေးလိုက်တယ်။ Pro ကျကျတော့မဟုတ်ဘူး။ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နည်းလေးပေါ့။

Notepad ကိုဖွင့်လိုက်တယ်။

attrib -s -h H:\foldername1
attrib -s -h H:\foldername2
attrib -s -h H:\foldername3

အဲလိုလေးရေးပြီး .bat နဲ့ save လိုက်တယ်။ H: ဆိုတာကတော့ drive name ပေါ့။ ပြီးရင် save လုပ်ထားတဲ့ bat file လေးကို run လိုက်တော့ folder တွေအကုန်ပြန်ပေါ်လာပကါတယ်။ foldername1 , foldername2 , foldername3 စတဲ့နေရာတွေမှာ ကိုယ့် drive ထဲက folder နာမည်လေးတွေပေါ့။ အဲဒါဆိုရင် အဆင်ပြေသွားမှာပါ။

4 responses to “System Hidden”

  1. ကိုစေတန်ရေ…
    bat ဖိုင်ကုတ်က နည်းနည်းမှားနေလားလို့..
    “attrib” လားမသိဘူး….

  2. ပြင်လိုက်ပြီနော်

  3. ကိုစေတန်ရေ…ကျွန်တော်blogမှာ.postလုပ်တဲ့နေရာမှာ..text editor ပျောက်နေတယ်ဗျာ..font,photo,link….စတဲ့signတွေ မပေါ်ဘူး..စာပဲရိုက်ရတယ်ဘာမှလည်းလုပ်မရဘူးပေါ့..ဘယ်လိုပြန်ပြင်ရမလဲ..ကူညီပါဦး.ကျွန်တော့်
    naynini.blogspot.com ထဲဝင်ကြည့်ပြီးလိုအပ်တာလေးတွေပြောပေးပါဦးဗျာ..ကိုစေတန်စာအုပ်ဖတ်ပြီးရေးလို့ရနေရာကနေအခုခေါင်းကိုက်နေပြီ
    ကျေးဇူးတင်ပါတယ်….have a nice day..ko saturn

  4. အကိုရေ ကျွန်တော့် Stick တွေ format ရိုက်လို့မရတော့ဘူး။ နည်းလမ်းလေးရှိရင်ပေးပါအုံးနော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading