Shwedagon Epub format

ဒီနေ့ epub format စာအုပ် တစ်အုပ် စမ်းထားတယ်။ ibook နဲ့ ကော Nook နဲ့ ပါ ဖတ်လို့ရပါတယ်။ wikimyanmar ကနေ ရွှေတိဂုံ သမိုင်း အကြောင်းကို ယူပြီးတော့ epub format ပြန်ထုတ်ထားတယ်။

ဒီနေ့ အလုပ်များနေတာနဲ့ ဘာမှ တောင် မလုပ်ဖြစ်ဘူး။ epub format က နေ့လည် ထမင်းစားခါနီးမှာ လုပ်ထားတာ။ အိမ်ရောက်တော့ Nook မှာ စမ်းကြည့်တာ မရဘူး။ nook က stylesheet ကို * နဲ့ မရဘူး။ နောက်ပြီးတော့ custom font သုံးချင်တာတွေအကုန်လုံးကို class တစ်ခု ဆောက်ပေးရတယ်။ default tag ကို font ပြောင်းခိုင်းပေမယ့် မပြောင်းဘူး။ အဲဒါလေးတွေ ပြင်လိုက်ရတယ်။

ဒီမှာ ယူပြီးတော့ ဖတ်လို့ရပါပြီ။

8 Comments

  1. raindrop says:

    ကိုစေတန်
    တခြား မြန်မာ PDF စာအုပ်တွေကော ePub format ကိုပြောင်းလို့ရလား သိပါရစေ…

    ကျေးဇူးတင်ပါတယ်…

    1. saturngod says:

      PDF ကနေ epub ပြောင်းရင် လုံးဝ အဆင်မပြေသေးဘူး။ အထူးသဖြင့် မြန်မာစာတွေပေါ့။ အချို့ pdf က print ထုတ်တာကို ပိတ်ထားတာ ရှိသလို copy ကူးတာကိုလည်း ပိတ်ထားတာတွေ ရှိတယ်။ နောက်ပြီး မြန်မာ ebook တွေက win , ce , arthouse အပြင် မတူညီတဲ့ ascii font တွေ အများကြီးရှိတော့ copy ကူးပြီးရင် ကိုယ့်မှာ font မရှိရင် မမြင်ရတာတွေ ရှိတယ်။ epub က html ကနေ ပြောင်းတာ အလွယ်အကူဆုံးနည်းလမ်းပဲ။ Words ကနေ epub ပြောင်းတာတွေလည်းရှိပါတယ်။ http://wiki.mobileread.com/wiki/E-book_conversion မှာ လေ့လာနိုင်ပါတယ်။

      1. raindrop says:

        ုဟုတ်ကဲ့.. အခုလို ရှင်းပြပေးလို့ အထူးပဲကျေးဇူးတင်ပါတယ်.. :)

  2. koko says:

    အစ်ကို epub format တွေက ဖုန်းတွေမှာပဲ ဖွင့်လို့ရတာလား
    ကွန်ပျူတာမှာရော ဖွင့်လို့ရလားဗျ။ နောက်ပြီး epub type အသုံးပြုလို့ရတဲ့ ဖုန်းအမျိုးအစားက ကန့်သတ်ထားတာ ရှိလားမသိဘူး။
    အခုနောက်ပိုင်း nokia ပုံစံ အတုထုတ်ထားတဲ့ x6 တပ်စခရင် ဖုန်းတွေမှာရော ဖတ်လို့ရနိုင်လား မသိဘူး။ Ebook reader လေးပါတယ်။ doc,pdf မရဘူးဗျ။ ဘာနဲ့ ရနိုင်လဲ သိချင်လို့ပါ။ အစ်ကို သိရင် ပြောပြပေးပါအုံးနော်။

    1. saturngod says:

      Sorry, I don’t know about nokia.

      1. phyo says:

        I’m using Calibre to convert Myanmar pdf books into epud format. After converting and importing into ipad, I’m not able to read it…just showing square blocks. Any solutions?

        1. saturngod says:

          What Myanmar ebook ? You need to font embed in Myanmar epub. If you didn’t font embed , you can’t read in neither iPad nor other mobile epub reader.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.