HomePlug

အိမ်က အခန်းထဲမှာ wifi connection ကောင်းကောင်းမရတာ နဲ့ သူငယ်ချင်း တစ်ယောက်ပြောလို့ HomePlug ကို သုံးကြည့်ဖြစ်တယ်။ အခု အချိန်မှာ HomePlug ရဲ့ Speed က 1200 Mbps ထိ ရနေပါပြီ။ တစ်ခါမှ မသုံးဖြစ်တဲ့ အတွက် 1200 Mbps ကို ၆၀ နဲ့ ရတယ်ဆိုပြီး ဝယ်ခဲ့ပြီးမှ ၂ ခု လို နေမှန်း သိတယ်။ ဒါနဲ့ နောက်ထပ် တစ်ခု ထပ်ဝယ်ရတယ်။ 500 Mbps ၂ ခုကို S$60 ဝန်းကျင်လောက်နဲ့ ရနိုင်ပြီးတော့ 1200 Mbps HomePlugs ၂ ခုကိုတော့ S$120 ဝန်းကျင်လောက်တော့ ရှိပါတယ်။

homeplug

HomePlug တစ်ခုကို router နားမှာ ထားပြီးတော့ အိမ်ရဲ့ Wall Plug မှာ ထည့်ဖို့ လိုပါတယ်။ Router ကနေ network cable နဲ့ HomePlug မှာ တပ်ဆင်ထားဖို့ပဲ လိုပါတယ်။ နောက် တစ်ခုကိုတော့ အခန်းထဲက wall plug မှာ ထည့်ပြီးတော့ cable တပ်ပြီးတော့ ခဏ နေရင် network connection ရပါလိမ့်မယ်။

ပထမဆုံး အနေနဲ့ ၂ ဖက် စလုံးမှာ Cat 5e နဲ့ တပ်ပြီးစမ်းကြည့်တာ Speed Test နဲ့ စမ်းကြည့်တာ 8 Mbps ပဲ သွားတယ်။ ဒါနဲ့ plug တွေကို ပြန်ဖြုတ် router ရယ် homeplug ရယ်ပဲ ထားပြီးတော့ စမ်းကြည့်တော့ အများဆုံးမှ 12 Mbps ပဲ ရတာ ကို တွေ့ရတယ်။ Cat 5e ကြိုးက မကောင်းလို့လား မသိဘူး Computer နဲ့ Router ကို သုံးထားတဲ့ Cat 5e နဲ့ စမ်းကြည့်တော့ 500 Mbps သွားပါတယ်။ ဘယ်လို တပ်တပ် 12 Mbps လောက်ပဲ သွားတော့ မထူးပါဘူး ဆိုပြီးတော့ နှစ်ဖက် လုံးကို Cat 6 ပြောင်းလိုက်ပြီးတော့ Speed Test နဲ့ စမ်းကြည့်တာ 100 Mbps ကနေ 120 Mbps လောက် ရလာတာ ကိုတွေ့ရတယ်။ အရမ်းအမြန်ကြီး မဟုတ်ပေမယ့် မဆိုးလှတဲ့ Speed လို ဆိုရပါမယ်။

HomePlug ကို အသုံးပြုဖို့က အိမ်မှာ သုံးထားတဲ့ လျှပ်စစ် ကြိုးတွေက ကောင်းဖို့ လိုပါတယ်။ Router နားမှာ ထားတဲ့ HomePlug host နဲ့ နောက်ထပ် HomePlug တစ်ခုက ဝေးလေ နှေးလေပါပဲ။ နောက်ပြီးတော့ HomePlug ကို Wall Plug မှာ မထည့်ထားတဲ့ Extension နဲ့ အသုံးပြုတဲ့ အခါမှာ Speed က ကျသွားပါတယ်။ HomePlug သုံးထားတဲ့ Extension မှာ အခြား plug တွေပါ ထည့်သုံးလိုက်ရင်တော့ တော်တော်လေးကို နှေးကျသွားပါတယ်။ ဒါကြောင့် HomePlug ကို အသုံးပြုမယ် ဆိုရင် အိမ်ရဲ့ Wall Plug မှာ တိုက်ရိုက်တပ်ဆင်ပြီး အသုံးပြုတာ ပို အဆင်ပြေပါတယ်။ Speed ကိုတော့ cable နဲ့ အသုံးပြုသလို အများကြီး မျှော်မှန်းထားလို့ တော့ မရပါဘူး။ stable ဖြစ်ပြီးတော့ cable တွေ ရှင်းရှင်းလင်းလင်း ဖြစ်ချင်ရင်တော့ HomePlug က အဆင်ပြေလှပါတယ်။

1 Comment

  1. You can use Google OnHub if you have Wifi issue with a lot of traffic in your house. But if your house is so big and a lot of barrier (Cordless Phone, Microphone, Wall), you should consider to purchase Wifi Mesh device or Wifi Access Point. There methods are a lot faster than Wifi Range Extender and HomePlug Network. Note: Google OnHub may be ok for Singapore Blocks and Condos. :P

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.