ကိုသက်ထွေးနဲ့ စကားစမြည်

ကိုသက်ထွေးက www.books-hive.com ကိုရေးထားတဲ့သူပါ။ facebook မှာ သူနဲ့ opensoure scripts တွေနဲ့ paid scripts တွေအကြောင်ဆွေးနွေးဖြစ်ခဲ့တာလေးတွေကို မြန်မာပြန်ပြီး ဖော်ပြလိုက်ပါတယ်။

Saturngod: တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိတယ်ဗျ။ ကျွန်တော် help desk မှာ ပိုက်ဆံမရပဲ အလုပ်လုပ်နေရသလိုပဲ။ ကျွန်တော် free ပေးတဲ့ prdouct တွေကို သူတို့တွေအတွက် မလုံလောက်သေးပဲ help desk ပါလိုချင်ကြတယ်ဗျ။ အဲဒါကို လုပ်ရတာ အရမ်းစိတ်ညစ်တယ်။ ကျွန်တော် helpdesk မှာ အလုပ်လုပ်နေတာမဟုတ်သလို ကျွန်တော် အခမဲ့မျှဝေနေတာပါ။ အချို့ဟာလေးတွေက သူတို့ သေချာဖတ်ရင် နားလည်မှာပါ။ ဒါမှမဟုတ် google မှာ ရှာလိုက်ရင်လည်း ရနိုင်ပါတယ်။ အများစုကတော့ ပထအကြိမ်မရရင် လက်လျှော့ပြီး မေးတတ်ကြတယ်ဗျ။ ဒုတိယအကြိမ် ဘာလို့ မစမ်းကြည့်တာလဲတော့ မသိဘူး။ ဒါမှမဟုတ် သေသေချာချာ ဖတ်ပြီး နောက်တကြိမ်စမ်းကြည့်သင့်တယ်။ အချို့ဟာတွေကတော့ google မှာ ရှာလို့ ရနိုင်တာပဲဗျ။ Google မှာ ရှာပြီး ပင်ပင်ပန်းပန်း ဖတ်ရမှာ ကြောက်ကြတယ်နဲ့ တူတယ်။

သက်ထွေးအောင် : ဒါက မြန်မာတွေမှ မဟုတ်ဘူးဗျ။ လူတွေရဲ့သဘာဝပဲ။ အခြားနိုင်ငံတွေက လူတွေလည်း ဒီလိုပါပဲဗျာ။ အဲဒါကို scripting release forum တွေမှာ တွေ့မှာပါ။ အင်း.. ဒါကလည်း opensoure ပေးချင်ရဲ့ သဘာဝပဲဗျ။ တကယ်လို့ မကြိုက်ဘူးဆိုရင် release မလုပ်နဲ့ ဒါမှမဟုတ် ပြန်မဖြေနဲ့ပေါ့ဗျ။

Saturngod: ကျွန်တော်က ဒီလိုစဉ်းစားမိတယ်ဗျ။ တကယ်လို့ သူကိုယ်တိုင် သေသေချာချာ မဖတ်လို့မသိတာဆိုရင်တော့ သေချာပြန်ဖတ် ၊google မှာ ရှာလို့တွေ့တာဆိုရင် google မှာ ရှာ အဲလောက်ပဲ ဖြေတော့မယ်ဗျာ။ အဲဒါက သူ့အတွက်ကော့ ကျွန်တော့် အတွက်ကော ကောင်းတယ်။ စကားမဆပ်ဗျာ… ကျွန်တော့် blog အတွက်တော့ ခေါင်းစဉ်တစ်ခုရသွားပြီ။ One bad natures of opensource ဆိုပြီးတော့။

သက်ထွေးအောင် : opensource က quality ကောင်းကောင်းလေးတွေ ထွက်တယ်ဗျ။ paid script တော်တော်များများက သုံးစားမရပါဘူးဗျာ။

Saturngod: paid script တွေ customer support ကောင်းတယ်ဗျ။ နောက်ပြီးတော့ security fixed က အမြဲထွက်တယ်ဗျ။ opensource တွေက security fixed က မြန်မြန်မထွက်ဘူးဗျာ။ နောက်ပြီး ကျွန်တော်တို့တွေ ကိုယ့်ဘာသာကိုယ် google မှာ ရှာပြီး fix လုပ်နေရတယ်။ အဲဒါတွေအပြင် security issues တွေကိုလည်း အမြဲစောင့်ကြည့်နေရတယ်။ Paid Script တွေက စောင့်နေစရာမလိုဘူး။ သူတို့က email ပို့ပေးတယ်။ ပြီးရင် download ချလိုက်ရုံပဲဗျ။

သက်ထွေးအောင် : အဲဒါကတော့ supplier ပေါ်မှာ မူတည်တယ်ဗျ။ တကယ်လို့ supplier က Vbulletin, IPB တို့ဆိုရင်တော့ ဟုတ်တာပေါ့။ သူတို့တွေက မြန်မှာပေါ့ဗျာ။ သူတို့မှာ customer တွေအများကြီးရှိတာကို။ အခြား customer နည်းနည်းပဲရှိတဲ့ paid တွေကတော့ အဲလို မြန်မြန် မထုတ်ပေးနိုင်ပါဘူးဗျာ။ opensource က အရမ်းကောင်းတဲ့ community ရှိတယ်ဗျ။ google မှာ သွားရှာနေဖို့ မလိုပါဘူးဗျာ။ forum မှာ မေးလိုက်တာနဲ့ အဖြေအဆင့်သင့်ရှိပြီးသားပါ။ paid တွေအတိုင်းပါပဲ။ အဲဒါက paid apps တွေထက် ပိုပြီး မြန်ဆန်တဲ့ customer service တွေရှိပါသေးတယ်ဗျာ။

Saturngod: ကျွန်တော်တို့ ဘာလို့ customer နည်းနည်းပဲရှိတာကို ရွေးမှာလဲဗျာ။ ကျွန်တော်ကတော့ အရင်ဆုံး customer support ကို ကြည့်တယ်။ ပြီးရင် security issues ကိုကြည့်တယ်။ ပိုက်ဆံမပေးခင်တော့ အများကြီးကို သေချာဖတ်ရတယ်ဗျ။ Opensoure တွေဆိုရင် အဲဒါတွေ မလိုဘူး။ Download ချပြီးရင် စမ်းကြည့်။ မကြိုက်ရင် မသုံးနဲ့။ ကြိုက်ရင် သုံးမယ်။ အဲဒါကတော့ opensource က paid script တွေထက် ကောင်းတဲ့အချက်တစ်ချက်ပဲဗျ။

သက်ထွေးအောင်: အချို့ paid script တွေက customers တွေ အများကြီးရှိတယ်ဗျ။ ကျွန်တော်တို့ တစ်ခုလောက် နှိုင်းယှဉ်ကြည့်ရအောင် paid script blog ကို တစ်ခုကို ကျွန်တော်လိုချင်တယ်။ ပိုက်ဆံပေးစရာမလိုတဲ့ wordpress ကို ကောင်းကောင်းယှဉ်နိုင်ရမယ်။

Saturngod: အဲဒါ အမှန်ပဲဗျာ။ ဘယ်သူက wordpress ကို ယှဉ်နိုင်မှာလဲဗျ။ ဒါမေယ့် wordpress မှာ preminum template တွေ plugins တွေ အများကြီးရှိတယ်ဗျ။ တက်လို့ WordPress MU ကို သုံးမယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ ကျွန်တော်တို့တွေ MU support
site ကောင်းကောင်းတွေထဲက တစ်ခုမှာတော့ preminum member ဖြစ်နေဖို့လိုတယ်ဗျ။ MU မှာက free plugins တွေ အများကြီးမရှိဘူး။ နောက်ပြီး free plugins တွေ တော်တော်များများကလည်း customer အတွက် စိတ်မကျေနပ်စေနိုင်ဘူးဗျ။ တစ်ခါတစ်လေ ကျွန်တော်တို့တွေ preminum plugins တွေ တစ်ခါတစ်လေ ယူသုံးရတာတွေ ရှိတယ်။ ကိုယ့်ဘာသာကိုယ်ရေးရင်တော့ ရတာပေါ့ဗျာ။ ဒါပေမယ့် အချိန်ကုန်တာပေါ့။ WordPress ကတော့ တကယ့်ကို ကောင်းတဲ့ blog engine ပဲဗျ။ ကျွန်တော်တို့ CMS လိုလည်း သုံးလို့ရတယ်။ ကျေးဇူးတင်တယ် ကိုသက်ထွေးရေ… ဒီအကြောင်းလေးတွေကို ကျွန်တော့် blog မှာ ပြန်ရေးခွင့်ပြုပါဗျာ။ idea လေးတွေ က အရမ်းကောင်းတော့ ကျွန်တော့် blog မှာ ပြန်ပြီး ရေးချင်လို့။

သက်ထွေးအောင်: ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့ ရွေးချယ်မှုပေါ်မှာပဲ မူတည်တယ်ဗျ။ ကိုစေတန်က vbulletin ကို MZ စကတည်းက ရွေးချယ်ခဲ့တာပါ။ vbulletin နဲ့phpbb3 က သိပ်အကွာကြီးတော့ မဟုတ်ဘူး။ PHPBB3 မှာ အရမ်းကောင်းတဲ့ support ရှိတယ်ဗျ။ ကျွန်တော့်အတွက်တော့ Vbulletin ထက် PHPBB3 က ပိုပေါ့သလိုပဲ။

Saturngod: အမှန်ပဲဗျို့။ ကျွန်တော်တို့ ရွေးချယ်မှုပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ရည်ရွယ်ချက်ပေါ်မှာပဲ မူတည်တယ်ဗျ။ ကျွန်တော်လည်း opensources ကို ကြိုက်ပါတယ်။ ကျွန်တော် အမြဲတန်း စလုပ်ကာစလူတွေကို SMF ဒါမှမဟုတ် Phpbb သုံးဖို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် Vbuletin ကို ကြိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိုက်ဆံပေးထားရလို့ပါ။ နောက်ပြီး အခြား foum တစ်ခုကို ပြောင်းဖို့ မလွယ်ဘူးဗျ။ Database က အရမ်းကြီးနေပြီး ပြောင်းဖို့ အတွက် အချိန်အများကြီးပေး၇မယ်။ အခုထက်ထိ Latin database ပဲ သုံးနေတယ်ဗျာ။ Vbulletin က UTF-8 ကို ကောင်းကောင်း support မလုပ်ဘူး။ ကျွန်တော့်ရဲ့UTF-8 converter နဲ့ database ကို UTF-8 ပြောင်းဖို့ ကြိုးစားတာ ၄ နာရီကျော်တာတောင် မပြီးတဲ့အတွက် လက်လျော့လိုက်ရတယ်။ Database က အရမ်းကြီးနေတဲ့အတွက် UTF-8 ပြောင်းတာ လွယ်လွယ်နဲ့ ပြောင်လို့မရဘူးဗျ။ နောက်ပြီး အခြား opensource ကိုပြောင်းကို ပြောင်းဖို့ အချိန်လိုသေးတယ်။ ဒါ ဘာလို့ ကျွန်တော် vbulletin ကိုပိုက်ဆံပေးပြီး သုံးနေရသလဲဆိုတာပဲဗျ။

သက်ထွေးအောင်: အင်း.. အဲဒါတော်တော်ဆိုးတာပဲဗျ။ ကျွန်တော်ကတော့ WYSIWYG editor ပါတာတွေကို မကြိုက်ဘူးဗျ။ အဲဒီ editor တွေက junk codes တွေ produce လုပ်နိုင်တယ်။ တကယ်လို့ paid forum ကို ကျွန်တော် ရွေးမယ်ဆိုရင်တော့ IPB ကိုရွေးမယ်ဗျ။ IPB new version ကို အရမ်းမိုက်တယ်ဗျ။ system တစ်ခုလုံး 90% ပြောင်းချလိုက်တယ်။ ပေါ့တယ်။ နောက်ပြိးတော့ web 2.0 interace ြစ်ပြီး social network + forum ကိုပေါင်းထားတာပဲ။ ကိုစေတန် ရဲ့migration လုပ်ရတာ ခက်တဲ့ အခြေအနေကို နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်က အခုနောက်ပြီး scripts တွေကို ရှောင်ပြီး ကိုယ်တိုင်ရေးဖြစ်တယ်။ scratch ကနေ စပြီး ကိုယ့်ဘာသာ ကိုယ် ရေးတော့ ကိုယ်ဘာလိုချင်လည်းကိုယ်သိတယ်။ လိုအပ်တဲ့ feature တွေလောက်ပဲ ထည့်တော့ ပေါ့လည်းပေါ့တယ်။

Saturngod: ဟုတ်ပါ့ဗျာ။ ကျွန်တော်လည်း အဲလိုပဲဗျာ။ scratch ကနေ စပြီး ကိုယ့်ဘာသာပဲ ကိုယ်ရေးတော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့် system ကိုယ့် code ကို ကိုယ်နားလည်တယ်။ နောက်ပြီး ကိုယ်ဘာတွေပဲ လိုချင်လဲဆိုတာ ကိုယ်သိတယ်လေ။ “Better writing from scratch by myself” ဆိုတာလေးကို ကျွန်တော် ထောက်ခံတယ်ဗျို့။ ဒါကြောင့် ကျွန်တော် ornagai ကိုရေးဖြစ်ပြီး ကိုသက်ထွေးလည်း book-hives ကိုရေးဖြစ်တာပေါ့။ ကျွန်တော်တို့တွေ ရပ်လိုက်ကြရအောင်ဗျာ။ ဆွေးနွေးတာလေးတွေ စလုပ်ပြီး ရလဒ်ကောင်းလေးလည်း ထွက်လာတယ်။ “Better writing from scratch by myself”.

သက်ထွေးအောင်: အင်း… ကျွန်တော့်အတွက်တော့ scratch ကနေ စလုပ်ရတာ used to ဖြစ်နေပြီ။ ကျွန်တော် အခုအလုပ်စလုပ်ကတည်းက ဆိုပါတော့။ apps တော်တော်များများက ကျွန်တော်ကိုယ်တိုင် manage လုပ်ပြီး scratch ကနေ စတာပဲဗျာ။ အချို့ applications တွေက ရူးမလောက်ပဲဗျာ။ တစ်ခါမှ ကိုစေတန် စဉ်းစားဘူးမှာမဟုတ်ဘူးဗျ။ အဲဒါကြောင့် ကျွန်တော့် CEO ကို မကြိုက်တာပေါ့..ဟားဟား… သူအမြဲတာလာပြီး idea တွေ သယ်လာပြီး ဘယ်သူမှ မစဉ်းစားတဲ့ဟာ နည်းပညာ အရ 10% လောက်ပဲ ဖြစ်နိုင်တာတွေကို သူမို့ စဉ်းစားတယ်ဗျာ။

အခုလို ဆွေးနွေးပေးတဲ့ ကိုသက်ထွေးအောင် ကိုကျေးဇူးတင်ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.