Amzon EC2 & Me

ပြီးခဲ့တဲ့ အပတ်က Amazon EC2 server ကို ကိုင်ရတယ်။ client သုံးမယ်ဆိုလို့ ရုံးက ဝယ်ပေးတဲ့ server ပေါ့။ project တွေအားလုံးက လက်ရှိ Linux Server ပေါ်မှာပဲ run နေတာကြောင့် Amazon Ec2 မှာလည်း Linux တင်ပြီး Web Server လေး တစ်ခုကို ရုံးက ဆောက်ခိုင်းတယ်။ ရုံးမှာက Linux ပိုင်း သိတာ ဆိုလို့ လူက များများစားစား မရှိတာကြောင့် Amazon EC2 ကြီးကို ကိုင်ဖို့တာဝန်က ကိုယ့်ပေါ်ရောက်လာပြီ။ အဲဒီနေ့မတိုင်ခင်ကလည်း VPS တစ်လုံးနဲ့ web server ကော symfony ကော သွင်းလိုက်ရသေးတယ်။ ဒါကြောင့် Amazon EC2 ကြီးကို ကိုင်ရမှာ သိပ်တော့ မလန့်တာလည်း ပါမှာပေါ့။ ရုံးကလူတွေကလည်း တစ်ယောက်မှ မသုံးဖူးဘူးဆိုတော့ မသိရင် မေးရမှာလည်း ပြဿနာပဲ။ ရှောင်လင် ကတော့ facebook မှာ ပြောပါတယ်။ VPS နဲ့မတူဘူးလို့။ တကယ်လည်း aws ထဲလည်း ဝင်ရော … အားပါးပါး… ရေလည်မိုက်တယ်။ Instances တွေကို ဆောက်ရတာ မြန်သလားမမေးနဲ့။ ဟိုကြည့်ဒီကြည့် နဲ့ video ထိုင်ကြည့်လိုက်တာ သဘောတော့ပေါက်သွားတယ်။

VPS မှာက သူထည့်ပေးထားတဲ့ server ပဲဆောက်လို့ ရတယ်။ အခု Amazone EC2 မှာကတော့ Instances တွေ ကြိုက်သလောက် ဆောက်လို့ရတယ်။ သုံးစွဲတဲ့ နှုန်းပေါ်မှာမူတည်ပြီး ပိုက်ပိုက်ပေးရတာထင်တယ်။ နောက်တချက်က pem key ပဲ။ အရင်တုန်းက ssh ကို pem နဲ့ မသုံးဖူးဘူး။ သူ့ video ကလည်း putty နဲ့ပြထားတော့ unix like တွေမှာဆို ဒီလောက် မရှုပ်ဘူးထင်လို့ mac အတွက် ရှာတာ။ တွေ့ပါတယ်ဗျာ။ mac တို့ linux တို့မှာက ပိုတောင် လွယ်သေးတယ်။ pem key ရရင်

ssh -i mykey.pem root@ec2-xxx-xxx-xxx.com

ဆိုပြီး ကောက်ခေါ်ရုံပဲ။ ဘာမှ မရှုပ်။ Windows မှာက putty နဲ့ pem ကို generate key ပြောင်းပြီးမှ putty ထဲမှာ ထည့်သုံးရတယ်။ Windows မှာ ဘာလို့ အခုထက်ထိ default ssh client မထည့်လည်းဆိုတာတော့ မသိရေးချာ မသိပါ။ Instances ဆိုတာကတော့ နားလည်အောင်ပေါ်ရင် virtual server ပဲပေါ့။ ဒါကြောင့် တင်ရတာက အရမ်းမြန်တယ်။ နာရီဝက်တောင် မကြာဘူး server တစ်လုံးရရော။ အဲ.. လိုချင်တာက Ubuntu ၊ amazon ထဲမှာက Ubuntu မပါလာ။ fedora ကြီးပဲ။ ဒါနဲ့ AIM ရှာရပြန်ကော။ community ထဲက ဟာတွေက သုံးလို့ရတယ် ssh က ဝင်မရ။ ssh ဝင်ရရင်လည်း web server က တင်မရနဲ့တော်တော်လေးကို တိုင်ပတ်တာ။ အချို့ AIM ကလည်း anitvirus ထည့်ထားတော့ php က run မရ။ ဘာတွေမှန်းမသိ။ သူတို့ server အတွက် အဆင်ပြေအောင် ပြင်ထားပေမယ့် ကိုယ့် ဆီမှာကတော့ အဆင်မပြေဘူးလေ။ လိုချင်တာက ဘာမှ မထိရသေးတဲ့ အစစ်။ official aim ပေါ့ဗျာ။ နောက်ဆုံးတော့ Ubuntu က official ထုတ်ပေးထားတာလေးတွေ့ပြီးမှပဲ အဆင်ပြေတော့တယ်။

နောက်ပြီး Elastic IPs က ထည့်ပြီးရင် ssh က ဝင်မရတော့ တော်တော်တိုင်ပတ်သွားတယ်။ ဒါနဲ့ Elastic IPs ကို ပြန်ဖျက်လိုက်ကော။ အဲ.. ဖျက်လည်း ဖျက်လိုက်ရော public DNS ပါ ပျောက်ပါလေရော။ အဲဒါနဲ့ server ကို အစကနေ ပြန်တင်။ ပြန်သွင်း။ တော်သေးတာပေါ့။ Ubuntu မှာ

$ sudo tasksel

ဆိုတဲ့ စာတစ်ကြောင်းတည်းတဲ့ LAMP တင်လို့ရလို့။ နောက်မို့ဆို အလုပ်က ရှုပ်အုံးမှာ။ တကယ်တန်းက .ssh/know_host ထဲမှာ အရင် ec2 နဲ့ domain ကြီးရှိနေတော့ ပြဿနာ ဖြစ်နေတာ။ အဲဒါကို ဒီမှာ ပြောထားတယ်။ အဲ… စလုပ်ကာစက Instances တွေ စမ်းတဲ့အနေနဲ့ ဆောက်ပြီး ပြန်ဖျက်တာ မတွေ့တော့ တော်တော်လန့်သွားတယ်။ terminate တော့ လုပ်ထားတယ်။ ဒါပေမယ့် Instances က ချက်ခြင်းမပျက်သွားဘူး။ ဒါနဲ့ http://serverfault.com/ မှာမေးရတာပဲ။ တော်သေးတယ်။ အဖြေက ချက်ခြင်းပြန်ရလို့။ terminate လုပ်ရင်ရပြီ။ ကြာရင် သူ့ဘာသာသူ အလိုလို ပျက်သွားလိမ့်မယ်ဆိုတော့မှပဲ စိတ်အေးတော့တယ်။ နောက်ဆုံးတော့လည်း Ubuntu 9.10 server edition နဲ့ တင်။ latest upgrade လုပ်။ LAMP သွင်း။ Instances ကို Elastic IPs မပေးရဲတာကြောင့် CNAME သုံး။ CNAME သုံးတော့ www မပါရင် site က မသွားတော့ဘူး။ ဒါနဲ့ URL forward လုပ်။ 301 ဖြစ်ရင် forward လုပ်ဆိုပြီး လုပ်လိုက်တော့ www ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကောင်းကောင်းမွန်မွန်လိုရာရောက်သွားပါလေရော။ Apache မှာ domain ထည့်ရတာက အရင်နေ့က VPS လုပ်ထားတော့ ကောင်းကောင်းသိနေပြီဆိုတော့ မခက်ခဲပဲ အေးအေးဆေးဆေးနဲ့ပြီးသွားပါတယ်။ စာတော့ တော်တော်ဖတ်လိုက်ရတယ်။ အခုကိုယ်ရေးထားတဲ့ စာလိုမျိုးလေး ရှိရင်တော့ အချိန်အခုလောက် ကုန်သွားမယ်မထင်။ အတွေ့အကြုံ သစ်ပေါ့ဗျာ။ ကိုယ့်မှာ လုပ်စရာ project မရှိလို့သာ EC2 ကြီးကို မဝယ်တာ။ ( ဝယ်လည်းမဝယ်နိုင်ပါ။ ဈေးကကြီးပါ့ :P ) ကောင်းတာကတော့ တော်တော်ကောင်းတာအမှန်ပဲ။ အရာအားလုံး ကိုယ့်စိတ်ကြိုက်ပဲ။ ဆော့လို့ကလည်း ကောင်းပါ့။ အောက်မှာ အသုံးဝင်တဲ့ Link အချို့ ဖော်ပြပေးထားပါတယ်။

For Mac OSX

http://www.robertsosinski.com/2008/01/26/starting-amazon-ec2-with-mac-os-x/
http://paulstamatiou.com/how-to-getting-started-with-amazon-ec2

Video Tutorial

http://media.amazonwebservices.com/console/AwsConsole.html
http://aws.amazon.com/console/?wrequestlength=33&awsrequesttfa=true&awssecuresig=NfrNW/FdU1%2BdqusmcDFU/VK3hD0=&awsstatus=Success

Ubuntu AIM

http://uec-images.ubuntu.com/releases/9.10/release/

Ubuntu AIM with Amazon EC2 starter Guide

https://help.ubuntu.com/community/EC2StartersGuide

2 Comments

  1. Vista says:

    ကျေးဇူးပါ .. ဒါမျိုးက အဖိုးတန်တယ်

  2. yenaing says:

    ကျေးဇူးတင် ပါတယ် အကို ရာ

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.