Ygn may do like UCSY ?

အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို သွားလိုသွားတွေ ဖြစ်ကုန်တာပဲ။ ဆရာမကြီး အနေနဲ့ သမီးရည်းစား သူတို့ဘာသာသူတို့ လက်တွဲသွားလည်း သူ့မျက်စိထဲမှာ အမြင်တော်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ သတ်မှတ်ပုံပေါ်တယ်။ အဲလိုပဲ အတူတူထိုင်စကားပြောတာလည်း အမြင်တော်တဲ့ ကိစ္စမဟုတ်ဘူးလို့ ယူဆထားပုံရတယ်။

အဓိကက အမြင်မတော်တာ ဘာလဲ။ အမြင်မတော်တာဘာလဲပေါ့။ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုတာ ဘာကိုပြောတာလဲ ဆိုတာကလည်း စဉ်းစားစရာလို့ထင်တာပဲ။ တနည်းပြောရင် ခုခေတ် မြန်မာ အမြင်နဲ့ ကြည့်ရင် အင်းဝခေတ်တို့ ပုဂံခေတ်တို့ ဝတ်စားထားတာတွေက အမြင်မတော်စရာလို့ သတ်မှတ်ရမှာလား။ နောက်ပြီး ပညာပေးတာတွေကို အဓိက မစ ပဲနဲ့ ဘာလို့ by force ကနေ စရတာလဲဆိုတာလည်း မစဉ်းစားတတ်ဘူး။ ဒေါ်နီလာသိန်းလည်း စကာင်္ပူကနေ phd ယူလာတာလို့ ပြောတာပဲ။ ဒါပေမယ့် သူစဉ်းစားနေပုံကိုတော့ မစဉ်းစားတတ်အောင်ပဲ။ by force နဲ့ တင်းကျပ်တော့ အချို့ကိစ္စတွေက ပိုဆိုးကုန်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် သိပ္ပံမောင်ဝ ရေးသားတဲ့ စာအချို့ကို ဖတ်ကြည့်သင့်တယ်။ သူရေးထားတာတွေ အရမ်းကောင်းတယ်။ knowledge ကို တဆင့်ခြင်း မြှင့်တင်ပေးတယ်။ ဘာတွေကတော့ မကောင်းဘူး။ ဘာတွေကတော့ မလုပ်သင့်ဘူး ဆိုတာကို ကိုယ့်ဘာသာ ကိုယ် ဝေဖန်ပိုင်းခြားတတ်အောင် သင်ပေးသွားတယ်။ သူ့စာအုပ်မှာ အတင်းအကျပ်နဲ့ လုပ်ခိုင်းထားတာမဟုတ်သလို အဲဒီ အကြောင်းတွေကိုလည်း အကျယ်တဝင့်ပြောသွားတာမဟုတ်ဘူး။ သာမာန် ဝတ္ထုတိုလေး စာလေးတွေပဲ။ ဖတ်ရင်းဖတ်ရင်း နဲ့ ဗဟုသုတ တိုးသွားအောင် ဖန်တီးပေးတာ။

အမှန်တိုင်းဆိုလည်း အချို့ အမြင်မသင့်တော်တာတွေ ရှိပါတယ်။ အချို့တွေ ကြည့်မကောင်းအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတွေလည်း ရှိကောင်းရှိမှာပါ။ ဒါဟာ သူတို့ရဲ့  ဉာဏ်ရည်နိမ့်ကျလို့လည်း ဖြစ်နိုင်သလို အများပြည်သူနေရာမှာ ဒီလို မလုပ်သင့်ဘူးဆိုတဲ့ အသိမရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်တဲ့ အချိန်ကတည်းက ပညာပေးတဲ့သဘောမျိုးတွေ သင်ကြားပေးတာ မရှိသလို လူငယ်တော်တော်များများကလည်း စာအုပ်တွေ ဖတ်ရမှာပျင်းတာရယ် ဝတ္ထုဆိုတာလောက် ဖတ်တာရယ်ကြောင့် အချို့အသိတွေ ရှိချင်မှရှိလိမ့်မယ်။

ဂျာနယ်ထဲမှာ

”ပိတ်ရက်တွေဆိုရင် ကလေး တွေကို ပန်းခြံတွေမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ လိုက်ပို့ပေးတဲ့အခါ တချို့စုံတွဲတွေရဲ့အမြင်မတော်တဲ့ အပြုအမူအနေအထိုင်တွေကြောင့် ပန်းခြံသွားဖြစ်တဲ့အခါမှာ အဲဒီလို အတွဲတွေနဲ့ မဆုံရအောင်ရှောင်ပြီး ကလေးတွေကို ကစားခိုင်းရတာမျိုး တွေရှိပါတယ်။ အများပြည်သူအပန်းဖြေတဲ့ ပန်းခြံလိုနေရာမျိုးမှာ အဲဒီလိုပုံစံမျိုးတွေတော့ မရှိသင့်ပါဘူး”ဟု မိခင်တစ်ဦးကပြောကြားခဲ့ပါသည်။

အဲဒီလို စာသားကြောင့် ပန်းခြံဆိုတာ အတွဲတွေ အတွက် နေရာမဟုတ်ဘူးလို့ ဆိုလိုက်သလို ဖြစ်မလားမသိဖြစ်သွားတယ်။ နောက်ပြီး အမြင်မတော်တဲ့ အပြုအမူအနေအထိုင်ဆိုတာကို ဘာကိုပြောတာလဲဆိုတာ စဉ်းစားစရာ တချက်ဖြစ်သွားတယ်။ ဒေါ်နီလာသိန်း အနေနဲ့ အမြင်မတော်တာကတော့ ကျောင်းသားဘဝမှာ ရည်းစားထားတာဖြစ်ဖြစ် Master ပြီးလို့ ဆရာမငယ်ငယ်လေး ဘဝမှာ ရည်းစားထားတာပဲ ဖြစ်ဖြစ် သူ့အနေနဲ့ အမြင်မတော်ဘူးလို့ သတ်မှတ်ထားပုံရတယ်။ နောက်ပြီး ကလေးတွေ လွတ်လွတ်လပ်လပ် ပန်းခြံဆိုတာ ဘယ်ပန်းခြံကို ပြောတာလဲဆိုတာလည်း စဉ်းစားစရာပဲ။ ကန်တော်ကြီးဆိုလည်း အကျယ်ကြီးပါ။ စုံတွဲတွေလည်း ရှိပါတယ်။ ဒါပေမယ့် စုံတွဲတွေ ရှိတဲ့နေရာနဲ့ မိသားစုတွေ ရှိတဲ့နေရာ မတူပါဘူး။ ဘယ်သူမှလည်း ပေါ်ပေါ်တင်တင်ကြီး နမ်းတာတို့တော့ မလုပ်ရဲကြပါဘူး။ ပေါင်ပေါ်မှာ အိပ်တာတို့ ဖက်ထားတာတို့တော့ ရှိမှာပေါ့။ အဲ… မိဘတွေ အနေနဲ့ ကြည့်မယ်ဆိုရင် ကန်တော်ကြီးမှာ စုံတွဲ နှစ်ယောက် ဖက်ထားတယ်ဆိုလည်း အမြင်မတော်တာပဲလို့ သတ်မှတ်လိမ့်မယ်။ ဒါမဖြစ်သင့်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် အမြင်မတော်တာဆိုတဲ့ စာလုံးကြီးရဲ့ အဓိပ္ပာယ်က နက်နဲလွန်းတော့ ကျွန်တော်လည်း မစဉ်းစားတတ်အောင်ပဲ။

နောက်ပြီး ဒီလိုရေးထားတာ ဖတ်လိုက်ရသေးတယ်။

အမြင်မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူမေးမြန်း၍ သက်ဆိုင်ရာမိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အချို့ အတွဲတွေဆို ငယ်သေးတယ်။ အချို့တွေကတော့လည်း အလုပ်အကိုင်အဆင်မပြေသေးတာကြောင့် အိမ်ထောင်မပြုချင်သေးတာလည်း ပါသေးတယ်။ အချို့တွေကလည်း ဘွဲ့မရသေး ကျောင်းတက်နေတုန်း လူငယ်တွေ ရှိမှာပဲ။ အဲဒီ စာသားမြင်တော့ ဒေါ်နီလာသိန်း ဟိုဘက် မိဘ ဒီဘက် မိဘ ခေါ်ပြီး နားဖောက်ပေးတာကိုတောင် သွားပြီးသတိရသေးပါ့။ လူငယ်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုစေချင်လို့လားဆိုတဲ့ မေးခွန်းလို ဖြစ်လာပြီ။ မိဘတွေဆီပို့ရင် မိဘတွေက တမျိုးထင်ကုန်မယ်။ နောက်ပြီး သက်ဆိုင်ရာ မိဘဆီလို့ ပြောထားတော့ သူတို့ မိဘတွေကို ဘယ်လို သိမလဲဆိုတာကလည်း စဉ်းစားစရာပဲ။ စာကြီးက နည်းနည်း ကြောင်တောင်တောင် ဆန်နေသလိုပဲ။ ကင်မရာရိုက်ပြီး photo ကို scan လုပ်ပြီး history ရှာတဲ့ စက်များရှိနေလားတော့ မပြောတတ်ဘူး။ အဲ.. အဲလို ဖြစ်မှာကြောက်ပြီး တော်တော်များများ တည်းခိုခန်းကိုပဲ သွားကြကုန်ပြန်ရင်လည်း ရန်ကုန်က အရင်ကထက် အခြေအနေဆိုးဖို့ပဲ ရှိတော့တယ်။

နောက်ပြီး ညဘက်တွေ မီးရောင်ပြည့်ပြည့်ဝဝ မပေးနိုင်တော့ မှောင်ရိပ်ခိုလို့ရတာတွေကိုတော့ ထည့်ပြောထားတာတော့ မတွေ့ရဘူး။ မလုပ်သင့်ဘူးရယ်လို့တော့ မဟုတ်ပါဘူး။ သေသေချာချာ အထက်တန်းကတည်းမှာကတည်းက ပညာပေးပြီး knowledge ကို upgrade လုပ်ပေးထားသင့်တာပါ။ ကျွန်တော့်အမြင်မှာတော့ လူမြင်ကွင်းမှာ နမ်းတာ ကတော့ အမြင်မတော်ဘူးလို့ သတ်မှတ်လို့ရပေမယ့် စလုံးမှာက အတွဲတွေတော်တော်များများ MRT အထွက် လမ်းခွဲရင် နမ်းကြတာပဲဗျ။ MRT ပေါ်မှာလည်း အတင်းပွေ့ဖက်ထားတာတွေ ရှိနေတာပဲ။ ဒါတွေက ကျွန်တော့်အမြင်မှာ အမြင်မတော်ဖြစ်နေပေမယ့် ဒီကလူတွေမှာကတော့ ဒါဟာ အမြင်မတော်တာလို့ သတ်မှတ်တဲ့ ပုံမပေါ်ဘူး။

ကိုယ်ပိုင် အသိဉာဏ်ကို တိုးမြှင့်အောင် ငယ်ငယ်ကတည်းက ဖန်တီး မပေးပဲ ပြီးမှ အတင်း by force ဆိုတာကြီးကတော့ သိပ်တော့ သဘောမတွေ့လှဘူး။ ကျွန်တော်တို့ သူငယ်တန်းကနေ ဆယ်တန်းထိ အလွတ်ကျက်ဖြေလာပြီး တက္ကသိုလ်ရောက်မှ နင်တို့တွေ ကိုယ့်အားကိုယ်ကိုးပြီး စာဖတ်ပါလားလို့ ပြောသလိုဖြစ်နေပြီ။ ငှက်ပျော်သီး အခွံ့နွှာကျွေးလာတာ ၁၀ နှစ်လောက်ရှိပြီးမှ ကိုယ့်ဘာသာကိုယ် အခွံ့မနွှာတတ်ဘူးလားလို့ ပိတ်ဟောက်သလို ဖြစ်နေသလိုပဲ။

update:: အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ လွှတ်ပေးရင် တစ်ဈေး ၊ ဖမ်းရင် တစ်ဈေးများ ဖြစ်လေမလား။ အလုပ်လက်မဲ့တွေ အတွဲဖမ်းတဲ့ အလုပ်ကိုလုပ်ပြီး ဝင်ငွေတိုးပွားနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းအသစ်ဆိုလည်း မှားမယ်မထင်။

ဖတ်မိ။ ထင်မိတာလေး ရေးမိတာပါ။ ဘာကိုမှ မရည်ရွယ်မိပါဘူး။

30 Comments

  1. ဆရာမက အပျိုကြီး မဟုတ်လား?? :D

    1. saturngod says:

      မဟုတ်ပါဘူး။ ကလေးလည်း ရှိပါတယ်။

  2. အော်.. သိပါဘူး။ အပျိုကြီးဆိုရင် သူ့ကိုရန်စတယ်ထင်လို့နေမှာလို့ ပြောမလို့…. :D

  3. အင်းလျားပဲဖြစ်ဖြစ် ဘုရားပေါ်ဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ် ကျုံးဘေးမပါမချင်း ကျုပ်နဲ့ မဆိုင်သေးဘူး :P

  4. ငပွား says:

    ကျွန်တော်နည်းနည်းဝင်ပွားမယ်နော်…… အဲဒါ ကြည့်တဲ့သူအပေါ်မှာ ကြည့်တဲ့သူရဲ့ စိတ်အခံပေါ်မှာမူတည်တယ်……
    ဥပမာဆိုကြပါစို့ဗျာ ကောင်မလေးတယောက် ဘာအဝတ်တထည်မှ မပါတာကိုကြည့်မယ်ဆိုပါ…. စိတ်ကမရိုးမသားမရှိတဲ့သူအတွက် အော် ဒါကောင်မလေးတယောက်ရဲ့ ခန်နာတခုဆိုတာထက် မပိုပါဘူး လှတယ်လို့ ထင်ခြင်ထင်မယ် ကြည့်ကောင်းတယ်လို့ ထင်ခြင်ထင်မယ်…..
    အဲ စိတ်ကမရိုးသားတဲ့သူအတွက်တော့ အဲဒါက အပြာဓာတ်ပုံ အပြာမယ် ဖြစ်သွားတာပါပဲ……
    နမ်းတယ်ဆိုတာ အချစ်ကိုပြတဲ့ သကေ်တပါ.. လူကြီးက ကလေးကိုချစ်တော့လည်းနမ်းတယ် ဒီလိုပဲ ချစ်သူချင်းချစ်တော့လည်း နမ်းတယ်…. ဒါပါပဲ
    လူတွေက ကိုယ်မရိုးသားလို့ ပုံကြီးချဲ့တာပါ……

  5. ညမီးအိမ် says:

    စေတန့်အဆိုကို ၁၀၀% ထောက်ခံပါ၏ ။

    “အဲ.. အဲလို ဖြစ်မှာကြောက်ပြီး တော်တော်များများ တည်းခိုခန်းကိုပဲ သွားကြကုန်ပြန်ရင်လည်း ရန်ကုန်က အရင်ကထက် အခြေအနေဆိုးဖို့ပဲ ရှိတော့တယ်။”

    အဲဒီစကားအရမ်းမှန်တယ်။ သူတို့အဲလိုလုပ်ရင် စုံတွဲတော်တော်များများ တည်းခိုးခန်းရောက်သွားနိုင်တယ်။

    1. ရွာသား says:

      မြန်မာနိုင်ငံမှာ ဘယ်နေရာမှာများ နှစ်သိမ့်ပညာပေးဆွေးနွေးပြီး လမ်းညွှန်လုပ်တာ မတွေ့ဘူးပါ၊ နေရာတကာ by force နေတာ ကြာလှပေါ့ ကိုစေတန်ရ၊ ဒီလိုမျိုး အကြံဉာဏ်တွေ ဥပဒေသတွေဆိုတာ တစ်စုံတစ်ယောက်၊ ပုဂ္ဂိုလ်တစ်ဦးဦးက စိတ်ပေါက်ပေါက်နဲ့ တွေ့ကရာပြောရင်း ဖြစ်ချင်ဖြစ်လာတတ်တာလေ၊ ဘာမှသေသေချာချာသိလို့ လေ့လာထားပြီးလို့ အချက်အလက်တွေ စုဆောင်းထားပြီးလို့ မဟုတ်ပါ၊ဥပမာ အကိုတို့ ဆရာမကြီးပေါ့။ ဒီတော့ အဲဒီလို အဲဒီလို ပေါက်ကရာ ဥပဒေ(သို့)ညွန်ကြားချက်များစွာကို ပေါက်ကရလူတွေက အသုံးချပြီး ပေါက်ကရမြို့ကြီးဖြစ်အောင် ဖန်တီးလိမ့်မယ်၊ မြို့ပြီးရင် နယ်၊ နယ်ပြီးရင် ဆက်လို့.ဆက်လို့…..တစ်နိုင်ငံလုံး..ပေါ့

  6. kom says:

    ကျုံးနဲ့ လူပျိုကြီးနဲ့ဘယ်လိုပက်သက်သလဲသိပရစေ။

  7. kom says:

    ဟိုဘက်လှည့်နေလိုက်ရုံ ..မမြင်ချင်ရင်..
    ဒါပေမဲ့မိန်းကလေးတွေ အတွက်တော့ရင်လေးမိသည်။

    1. saturngod says:

      မိန်းကလေးတွေက ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ဘူး အသိဉာဏ်လိုတယ်… ခက်တာက ကျောင်းသင်ခန်းစာတွေမှာ မပါသလို မိဘတွေ အနေနဲ့လည်း မဖြစ်သင့်တာ မဖြစ်ရအောင် အသိဉာဏ်ရှိအောင် သင်ပြထားသင့်တာပါ။ သို့သော်…

    2. မန်းစလေးသားလေ အင်းလျားနဲ့ ဘာမှမပါတ်သက်ဘူး :P
      မန်းစလေးမှာ စုံတွဲတွေက ကျုံးဘေးမှာထိုင်ပြီး စကားပြောတတ်တယ် :D

  8. တောသား says:

    ဒေါ်နီလာသိန်း အကြောင်းတော့ မပြောချင်ပါဘူး အစ်ကိုရယ်
    သူရန်ကုန်မှာ ပါချုပ်မဖြစ်ခင် မော်လမြိုင်မှာ ကျောင်းအုပ်လုပ်ကတည်းက သူ့စိတ်ဓာတ်ကို သိတာ
    သူ သိတာလည်း ဘာမှ မရှိဘူး ဆရာကြီးလုပ်တာလဲ သူပဲရှိတယ်
    ဆရာမတွေ ဆိုတာ မျက်ရည်နဲ့ မျက်ခွက်
    သူလိုရင်တစ်မျိုး မလိုရင်တစ်မျိုး
    ကျောင်းသူကျောင်းသားတွေအပေါ်မှာလည်းအဲ့လိုပဲ
    ပြီးတော့ သူက သူများ personal တွေအရမ်း ဝင်ပါချင်တာ

    စုံတွဲတွေမပြောနဲ့ အိမ်ထောင်ပြုပြီးသား ဆရာမတွေတောင် တွေတောင် သူရှေ့မှာ အတူထိုင်လို့မရဘူးဗျာ

    တော်ပြီဗျာ အရမ်းရှည်သွားလိုက်မယ်
    Mawlamyine GCC မှာ သူ့ကြောင့်ဆရာမတိုင်း ငိုခဲ့ရဘူးတဲ့ အဖြစ်တစ်ခုရှိဘူးတယ်
    final exam တစ်ခုမှာ
    အစ်ကို သိချင်ရင် ကျွန်တော်မေးလ်ပို့လိုက်မယ်
    အစ်ကို့မေးလ်လိပ်စာတော့ ကျွန်တော်မသိဘူးဗျ
    နောက် သူ့ Thesis အကြောင်းပြောရမယ်လုပ် တုန်းက အရမ်းရီဖို့ကောင်းတဲ့ ကြောင်းလည်းရှိသေးတယ်ဗျ

    သြော် နောက်သူခုရတဲ့ ရာထူးတွေက ဝန်ကြီးနဲ့အရမ်းပိုင်လို့ဗျ
    သူ့အရည်အချင်းနဲ့တော့ မဟုတ်ဘူး … :)
    နောက် ညည ဆို သူဘာလုပ်တတ်လဲ ဆိုတာ ပြောပြမယ်

    1. moeyake says:

      ကိုကြီးစေတန်ရေးထားတာပဲကောင်းလို့လားမသိဘူး။ ကျွန်တော်
      ဆရာမ ဒေါ်နီလာသိန်း ကာရိုက်တာကို စိတ်ဝင်စားတယ်။
      ကျွန်တော့်ကို မေးလ်ပို့ပေးပါလား….
      mr.moeyake[at]gmail[dot]com

  9. dawn1o9 says:

    ဓာတ်ပုံရိုက်ပြီး အိမ်ကို ပို့မယ်ဆိုတာ သဘာဝမကျဘူး။ အာဏာရှင် သိပ်ဆန်တာပဲ။

  10. Tinzaw says:

    By force မလုပ်ပဲ ပညာပေးတာကနေ စသင့်တယ်ဆိုတာကို လုံး၀ လက်ခံပါတယ်။

    မြန်မာနိုင်ငံမှာက နေရာ class ခွဲထားတာ မရှိသလောက်ပါပဲ။ ကလေးအတွက်၊ လူငယ်အတွက်၊ လူကြီးအတွက်။(ရုပ်ရှင်တွေရောပဲ) ပန်းခြံထဲမှာ ကလေး ကစားကွင်းနဲ့ မိသားစု နေထိုင် အပန်းဖြေဖို့ သီးသန့်ရှိတယ်ဆိုရင် ကျန်တဲ့ ‘အမြင်မတော်’ တာတွေကို သူတို့ မြင်စရာ မရှိတော့ဘူးပေါ့။ ပြီးတော့ အမြင်မတော်တာတွေ လုပ်လို့မရအောင် ခြုံတွေ မရှိအောင်လဲ လုပ်ပေးထားလိုက်ပေါ့။

    Great Post Saturn!
    Tin Zaw

  11. တိုင်း says:

    ကိုစေတန်ရေ
    အကိုပြောတာ ကျွန်တော်လဲ ထောက်ခံတယ်။ ကိုယ့်ရီးစားလက် ကိုယ်ကိုင်တာတော့ အမြင်မတော်တာ မဖြစ်သင့်ပါဘူး။ ထိုင်းမှာဆို ရှော့ပင်းမောထဲမှာ ပေါ်တင်ကြီး ကစ်စင်ပေးတာတောင် ဘာမှ မဖြစ်ကြဘူး။ ကျွန်တော်တို့ မြန်မာမျက်စိနဲ့ဆိုရင်တော့ ဒါကြီးက အရမ်းကြီးဆိုးနေတယ်လေ။ ဒါပေမယ့် ရန်ကုန်က ပန်းခြံတွေကလဲ လာတဲ့လူနည်းတော့ မမြင်ကွယ်ရာလို ဖြစ်နေပြီလေ။ ကျွန်တော်တို့ နိုင်ငံက ပန်းခြံတွေက မိသားစု အပန်းဖြေစရာမကောင်းဘူး။ နိုင်ငံခြားမှာဆို သတ်သတ်ရပ်ရပ်လေးနဲ့ တစ်နေရာကနေကြည့်ရင် အားလုံးမြင်ရတယ်။ လှလည်းလှတယ်။ လာလည်တဲ့လူလည်းများတယ်။ ဒီမှာက ပန်းခြုံတွေ ဖြစ်နေပြီလေ။ ချုံပုတ်တွေ သစ်ပင်တွေကွယ်ပြီး မကောင်းဘူး။ ဆော့စရာလဲ ဘာမှသိပ်မရှိဘူး။
    UCSYက ဂေါ်ဇီလာကိုတော့ ခွင့်လွတ်လိုက်ပါဗျာ။ သူက အစိုးရိမ်ကြီးတတ်လို့ပါ :)

  12. သိင်္ဂါ says:

    ပန်းခြံထဲက အတွဲတွေ ကိစ္စတော့ ဘာမှ မပြောချင်ပါဘူး။ ဒါကိုတော့ လွတ်လပ်ခွင့် ပေးသင့်တာ နားလည်ပါတယ်။ မဟုတ်ရင် ဘယ်နေရာ သွားကြမလဲ…။

    ဒါပေမယ့် U.C.S.Y ကိစ္စကို အပြစ်ပြောချင်သလို ရေးထားကိုတော့ မကြိုက်ဘူး။ ကော်ရစ်တာ ထောင့်တွေမှာ၊ လှေကားပေါ်မှာ၊ စသဖြင့်.. တွဲထိုင်နေရုံတင် မဟုတ်ပဲ မရှက်မကြောက် နေနေကြတာကို မတင်းကျပ်ရဘူး ဆိုရင် ဒီကျောင်းကြီးဟာ ဘယ်လိုဖြစ်သွားမလဲ။ အနေအထိုင်တွေ ဆိုးဝါးကြလွန်းလို့ အတန်းဝင်ဖို့ သွားမယ့် ဆရာမတွေက မမြင်ဝံ့လို့ မျက်စိလွှဲပြီး သွားကြရပါတယ်။
    U.C.S.Y ဆိုတာ အရင်ကတော့ လိမ္မာတဲ့ တော်တဲ့ ကျောင်းသား/သူ တွေ တက်ခဲ့တဲ့ ကျောင်းကြီးပါ။ အတွဲတွေ ရှိပေမယ့် အမြင်ရိုင်းအောင် ဘယ်တော့မှ မနေခဲ့ကြပါဘူး။ ခုခေတ်မှသာ ဒီလို ဖြစ်သွားတာ ဖြစ်တဲ့အတွက် ကျောင်းရဲ့ သိက္ခာကို ထိန်းရအောင် ပါချုပ်က လုပ်တာ လုပ်သင့်ပါတယ်။
    ကျောင်းပေါ်မှာ မနေရလို့ ကားထဲ၊ ရထားထဲ ရောက်သွားတာ မဟုတ်ပါဘူး။ သွားချင်လို့ကို သွားနေကြတာပါ။ တစ်ခြားနေရာမှာ လုပ်ချင်တာ လုပ်ကြပါ၊ ဘယ်ကျောင်းပဲ ဖြစ်ဖြစ် ကျောင်းနဲ့ ပတ်ဝန်းကျင်မှာတော့ ဒီလို အပြုအမူမျိုးကို တင်းတင်းကျပ်ကျပ် အရေးယူပေးမှ ဖြစ်မှာပါ။
    ဒါက မြန်မာနိုင်ငံပါ။

  13. Law Shay says:

    ပါချုပ်မကလို့ မိုးပေါ်က သိကြားမင်းတောင် မလုပ်သင့်ဘူးဗျာ။

    သူနဲ့မှ မဆိုင်တာပဲ။ သိကြားမင်းက သြင်္ကန်တွင်းဆိုရင်တောင် ခွေးသားရေပိုဒ်ထဲပဲ တိတ်တိတ်မှတ်ပြီး တိတ်တိတ်ပြန်တာ။ ဆွဲလားရမ်းလား … ဖမ်းလား ဆီးလား လုံးလုံး မလုပ်သင့်တဲ့ သဘာဝပဲ။

    ကလေးတွေရှေ့ အမြင်တော်အောင်တော့ စုံတွဲတွေကို ပညာပေးပေါ့။ မြင်ရသလောက်က ပန်းခြံမှာ ကလေး စိတ်ဝင်စားတဲ့ အပိုင်းမျိုး (ဆော့တာ ဘာညာ) နားမှာ စုံတွဲ မရှိတတ်ပါဘူး။

    ဆရာမကြီး တော်ပါတယ်။ သူ့ကို လေးစားမိတဲ့ အပိုင်းတွေလဲ ရှိပါတယ်။ ဒါပေမဲ့ ဒီအပိုင်းကတော့ ရှုံ့ချတယ်ဗျား။

    နင့်ကို လာဖမ်းဖူးလို့လားလို့ မေးရင် မဖမ်းဖူးပါ။ ကျောင်းတက်တုန်းက အတွဲမရှိပါ။ ဒါပေမဲ့ ဒါဟာ မမှန်တဲ့ လုပ်ရပ်ပါ။

  14. တို့ဆရာမကြီးရဲ့သတင်းကလည်းမွှေးလှချည်လား။။ အင်း ပါချူပ်ဖြစ်တာနဲ့ ဘဝင်မြင့်တာလား..။ အားကိုးရှိလို့ ဘဝင်မြင့်တာလား.။ အဲလိုဆိုရင် ကျူတာဘဝကတည်းက ငါ့ဟာငါဘဝင်မြင်တာဟဲ့ ဆိုရင် မောင်မိုး ပက်လက်လန်မှာ မြင်ယောင်သေး….အဟေးးဟေးး

    ဆရာမရယ်…အဲလိုမကျော်ဇောပါနဲ့ဗျ။

  15. စိုးစိုး says:

    ယိုသူမရှက်၊မြင်သူရှက် ဆိုတဲ့စကားကို ခင်ဗျားမခံစားဖူးသေးတဲ့ ပုံစံပါပဲ။ဘယ်ခံစားဘူးမလဲ။ ခင်ဗျားက ယောက်ျားလေးမဟုတ်လား။ ဒါမျိုးတွေကို အမြင်ရှက်စရာလို့ ခင်ဗျားခံယူမိမှာ မဟုတ်ပါဘူး။
    အမြင်မတော် ဆိုတာထက် အမြင်ရှက်စရာပါ။ စလုံးမှာ၊ထိုင်းမှာ ဘာဘာညာညာတွေ မပြောပါနဲ့။
    ကြည့်တဲ့မျက်စိတွေကလဲ ကွာသေးတယ်။တဏှာကြည့်လား၊ရိုးရိုးကြည့်လား ဒါမျိုးလေးတွေလဲ ကွာသေးတယ်။

    By force လုပ်တာကို အစိုးရကထာဝစဉ်မကောင်းခဲ့တာ တာတခုထဲနဲ့ မလုပ်သင့်ဘူးပြောလို့မရပါ။ ခင်ဗျားတင်ပြခဲ့သလိုပဲ အသိဉာဏ်နဲ လို့၊စာဖတ်နည်းလို့၊ခင်ဗျားပြောသလို (ဝတ္ထုတွေပဲဖတ်ပြီး။ခင်ဗျားညွှန်းတဲ့ တက်ကျမ်းတွေမဖတ်လို့) လူတွေကို ဆုပေး၊ဒဏ်ပေး စနစ်နဲ့စတာ အကောင်းဆုံးပါပဲ။Counselling တွေဘာတွေလုပ်နေရအောင်လဲ ထမင်းနပ်မှန်အောင် မနည်းရှာစားနေရတဲ့ခေတ်မှာ ခင်ဗျားလဲမလုပ်နိုင်ဘူး။ကျုပ်လဲမလုပ်နိုင်ဘူး။

    ဒါမယ့် ဒီအစီအစဉ်က အစိုးရကပြောတာဖြစ်တဲ့အတွက် အကောင်ထည်ဖော်မဖော် …. မဖော်ဖို့များပါတယ်။လူကြားကောင်းအောင် လုပ်တာကို ဂျာနယ်က သတင်းလုပ်တာနေပါလိမ့်မယ်။

  16. လင်းထက် says:

    ကျွန်တော်ကတော့ ဒီကိစ္စကို လုံးဝကို မထောက်ခံပါဘူး။ ရိုင်းရိုင်းပြောရရင် ဒီကိစ္စမရှိရင် ကျွန်တော်တို့ခင်ဗျား တို့ လူတောင်မဖြစ်လာဘူး။ ကျွန်တော်တင်းလွန်းလို့ပါ။ ရိုင်းသွားရင်ခွင်လွတ်ပါ။

  17. ဧကန် says:

    ရေးတဲ့သူနဲ့ ဖတ်တဲ့သူ… လုပ်တဲ့သူနဲ့ မြင်တဲ့သူ… အင်း… တစ်ယောက်နဲ့တစ်ယောက်… ဘယ်လိုမှ အခြေအနေချင်း… အမြင်အတွေးချင်းမတူနိုင်ဘူးလေ… စိတ်လျှော့ကြပါ… :)

  18. pyaepxyoaung MZ says:

    “အဲ.. အဲလို ဖြစ်မှာကြောက်ပြီး တော်တော်များများ တည်းခိုခန်းကိုပဲ သွားကြကုန်ပြန်ရင်လည်း ရန်ကုန်က အရင်ကထက် အခြေအနေဆိုးဖို့ပဲ ရှိတော့တယ်။”

    အင်းဒါလဲဖြစ်နိုင်တာဘဲ။
    စိုးစိုးဆိုတဲ့ အမျိုးသမီးကို ပြောဦးမယ်။ကိုယ့်ဆော်ကို လက်ကိုင်ပီးသွားတာကို ရှက်စရာလို့ခင်ဗျားပြောချင်တာလား?’ဒါကိုခင်ဗျားကရှက်စရာလို့ထင်ရင်မှားတာပေါ့ဗျာ။ဘာဘဲပြောပြော ကျနော်ကတော့ ကိုစေတန်ရေးထားတာကို 100% ကြိုက်တယ်ဗျာ။လောကမှာ အဲဒီဆရာမလို လူမျိုးတွေသိပ်များနေရင်မကောင်းဘူးဗျ။လူငယ်တွေကိုနားလည်ပေးသင့်တယ်။ခေတ်အခြေအနေတွေကိုလဲနားလည်သင့်တယ်လို့ထင်တယ်

    1. တောသား says:

      မှန်တယ် ဗျာ
      သူတို့ကရော ဘာသားနဲ့ထုထားတာ မှတ်လို့ တုန်း

      ရှေ့တင်မှာ ဟန်ကြီးတစ်ခွဲသားနဲ့ လျှာရိုးမရှိတိုင်း ပြောနေပီး
      နောက် ကွယ်ရာ မှာ ဖြစ်ချင်တိုင်းဖြစ်နေတာ ထက်စာရင် တော်သေးတာပေါ့

      သူတို့ ကရော ဘယ်လို ထဲမှာ ပါလဲ ????
      ?????????????????????????????

  19. ကိုလင်း says:

    ကွန်မန်းပေးတာတွေ အကုန်လုံးနီးပါး မှန်ပါတယ် ရေးတဲ့သူလဲမှန်တာပဲ အမိန်ထုတ်တဲ့သူလဲမှန်တာပဲ ဆရာမကြီးလဲ မှန်တာပ။ မှက်ချက်။ ။ ကောင်းစေချင်လိုဆိုတဲ့ စိတ်နဲ့ပြောရင်ပြောတာနော်။

  20. madyjune says:

    ဂျာနယ်ထဲမှာတော့ ဖတ်လိုက်ရပေမယ့် စိတ်ထဲမှာတော့ ဘယ်လိုမှမနေခဲ့ပေမယ့် စေတန်ရေးထားတာ ဖတ်တော့လဲ ဟုတ်တော့ဟုတ်သားနော်။ ဘာကိုသွားစဉ်းစားမိလဲဆိုတော့ ဟိုးအရင်တုန်းက မဒီတို့ ပုဂံဖိုရမ်ကလူတွေ Million Coins မှာ တွေ့ဖို့ချိန်းကြတုန်းက အဲဒီ့ဆိုင်က ဗိုလ်ချူပ်ပန်းခြံထဲမှာဆိုတော့ အဖေတို့ အမေတို့က ရေရေလည်လည် ကန့်ကွက်တယ်။ သူတို့ပြောမှာပဲ ဗိုလ်ချုပ်ပန်းခြံလဲ ရစရာမရှိကို ဖြစ်သွားတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ ချိန်းတာဆိုတော့ သွားလိုက်ပါတယ်။ ကိုယ့်အမြင်မှာလဲ ဘယ်လိုမှ မနေပါဘူး။

    တစ်ခါကလည်း ကန်တော်ကြီးမှာ အွန်လိုင်းက သူငယ်ချင်းတွေချိန်းကြတော့ ဓါတ်ပုံတွေရိုက်ကြတာပေါ့။ အဲဒီ့မှာ အတွဲတစ်တွဲက ဗီစီဒီရိုက်နေလား အောက်မေ့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဖက်လို့ ။ နှစ်ယောက်စလုံးကလဲ ချောတော့ မဒီတို့လဲ ခဏတော့ ကြည့်လိုက်ကြတယ်။ ကင်မရာသမားတွေထဲက တစ်ယောက်ကတော့ ဓါတ်ပုံတောင် ရိုက်ထားတယ်။ နောက်တော့ ဝိုင်းကြည့်နေလို့ ကောင်မလေးကရှက်ပြီး နှစ်ယောက်သား ထွက်သွားကြတယ်။ အဲဒါမျိုးကို အမြင်မတော်ဘူးလို့ သတ်မှတ်ကြမလား။

  21. ကျူံးဘေးမှာလဲ ဖမ်းနေပီဗျို့
    ကိုလူပျိူကြီးကို သတိပေးတာ အဖမ်းခံနေရအုံးမယ်

  22. ကိုစေတန်ရေးထားတာတော်တော်ကောင်းပါတယ်ဗျာ ဒေါ်နီလာသိန်းသာကောင်းစေချင်လို့လုပ်တာပါဆိုရင် :P
    သူတူအရင်း ကျောင်းသားတစ်ယောက်ကို ဒါးနဲ့ထိုးဖို့လုပ်တာ
    ဘာလို့အရေးမယူလဲ ??? စဉ်းစားစရာပဲ ကောလဟာလမဟုတ်
    ပါ အဖြစ်မှန်ပါ ကျောင်းကန်တင်းမှာတင်ဖြစ်ပျက်သွားတဲ့ကိစ္စပါ

  23. ပြည့်စုံဆန်း says:

    မြန်မာပြည်မှာ (လောလောဆယ် ကျုပ် မြန်မာပြည်မှာနေပါတယ်) က
    အဖြေအရင်မပေးဘဲ အတင်းခိုင်းတတ်တယ်ဗျ။
    ဥပမာ- ဤနေရာသေးမပေါက်ရ လို့ရေးထားပြီး အနီးအနား လေးငါးပြ ပတ်ချာလည်လောက် အများသုံးအိမ်သာ ထားမပေးဘူးဗျာ။ ကျုပ်တို့က ဘယ်နေရာ သွားပေါက်ရမှာလဲ။ ဤနေရာ အတွဲမထိုင်ရဆို ဘယ်နေရာ အတွဲထိုင်ရမှာလဲ အရင် ပြော သင့်တယ်လေ။
    နောက်တစ်ချက်- မြန်မာတွေက အရိုးသားဆုံး မဝန်ခံရဲဘူး။ ကိုယ့်ကိုကိုယ် အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ လူမျိုးလိုလိုဘာလိုလိုနဲ့ဗျာ။ တစ်နိုင်ငံလုံး က လူတွေက ဒီလိုဖြစ်မနေပေမယ့် လူတစ်စု ကဖြစ်နေရင်လဲ ဝန်ခံရမယ်လေ။
    Air Bagan ရဲ့ In flight Magazine (အဲ In flight လား on flight လား မသိဘူး)
    တစ်ခုမှာ ဖတ်ဖူးတယ်။ မြန်မာပြည်မှာ လူမြင်ကွင်းတွင် နမ်းခြင်း ပြုလုပ်၍ မရ တဲ့။
    အဲ့စကားမှန်တယ် ထင်လား မိတ်ဆွေ။
    မထင်လိုက်ပါနဲ့ ကျုပ်တို့ မန်းလေး ကျုံးဘေးမှာ ညနေ ညီအစ်ကို မသိတသိ ချိန် ဆို
    အောတိုက် နေတာပဲ သွားချောင်းဖို့မလိုဘူး။ ကျုံးဘေး မှာ ဒီတိုင်းမြင်နေရတာ။
    အဲတော့ ဘာဖြစ်လဲဆိုတော့ စပိန်က အတွဲတစ်တွဲပါ။ မြင်သွားတယ် ။
    ပြီးတော့ ဘာလုပ်လဲဆိုတော့ မန်းလေးတောင်ပေါ်ဗျာ တကယ့် ဘုရားရှေ့ရောက်မှ
    နမ်းတာ နမ်းတာ။ အားရဝမ်းသာကို နမ်းနေကြတာ။ သူတို့ ထင်တာကတော့
    မြန်မာပြည်မှာလဲ တရားဝင်နမ်းလို့ရတယ် ထင်တာတဲ့ဗျာ။
    ကဲ စဉ်းစားကြည့်
    အစ ကတည်းက သာ မြန်မာပြည်တွင် ဘုရားအစပြုသော ဘာသာရေးအရ မြင့်မြတ်သောနေရာများတွင် နမ်းခွင့်မပြုလို့ ရေးထားခဲ့ရင် ဘယ်လောက်ကောင်းမလဲ။
    ခုတော့ အဲလိုမရေးဘဲ နေရာတိုင်းနမ်းလို့မရလို့ရေးတယ်။ ကို ယ့်လူမျိုးက လိုက်နာနိုင်ခြင်းမရှိတော့ နိုင်ငံခြားသားက မလိုက်နာဘူးလေ။
    ကဲ
    ဆက်ပြောရင် ပြီးမှာမဟုတ်ဘူး။ လွဲနေတာတွေလိုက်တည့်နေရရင်
    မြန်မာပြည်မှာ အချိန်မလောက်ဘူးဗျို့

  24. အားလုံးကို ဖတ်ကြည့်တော့မှ ပဲ ဘာကိုဘယ်လိုပြောရမှန်းတောင်း မသိဘူး။ အတွဲတွေလဲ နည်းနည်းလေးလောက်ရှော့။
    စည်းကမ်းထုတ်သူတွေက လဲ အပြုသဘောပဲလုပ်။ မလျော့မတင်းပဲကောင်းမယ်ထင်တယ်။ ဘာလို့လဲ ဆိုတော့ ရည်းစားဖြစ်တာ 2 ပတ်တောင်မရှိသေးတဲ့ အတွဲက အချစ်ကဲနေချိန်မှာ(လူရှေ့ကအနေအထိုင်) အတင်းပေးစားမိရင် ဘယ်သူ့အကြောင်းမှ ဘယ်သူ သေချာမသိသေးချိန်မှာ အားလုံး ဒုက္ခနဲ့ လှလှတွေ့ကုန်မှာပေါ့။ အိမ်တောင်ပြုသင့်တဲ့ အခြေအနေ (စီးပွားရေး၊လူမှုရေး၊—) မလုံလောက်သေးပဲ အဲဒီ လူကြီးတွေ အတင်းပေးစားလို့ ယူလိုက်ရင် စားဝတ်နေရေးက အစ အစစအရာရာ သူတို့တာဝန်ယူမှာလား။ စလယ်ဝင်ဖင်မမဲခင်က ကွဲရင်ရော ဘယ်သူတွေ သိက္ခာကျတာမှတ်လို့။ ပြောချင်တော့ပါဘူးဗျာ။ ဒါပေမယ့် ကိုကိုစေတန်ဂေါ့ ရေးထားတာလေးလဲ သဘောကျတယ်

    စကားမစပ်။ ပါချုပ်ရဲ့ အကြောင်း ေးမလ်းလဲ စောင့်နေသေးတယ် ဗျ ။ ဟီဟိ

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.