အခုတလော အားတာနှင့် စာအုပ် ကိုသာ ဖိရေးဖြစ်တယ်။ အခုတော့ အခန်း ၈ ပြီးသွားပြီ။ အခက်အခဲဆုံး ၃ ပိုင်းဖြစ်သည့် ၈ ၊ ၉ ၊ ၁၀ ထဲက အခန်း ၈ ပြီးသွားတော့ နည်းနည်းလေး စိတ်သက်သာသွားတယ်။ အခန်း ၉ မှာ binary tree အကြောင်းပါမယ်။ ဒီအပိုင်းကို နားလည်အောင် ပြောဖို့ က နည်းနည်း ခက်တယ်။ ကြိုးစားပြီးတာ့ နားလည်အောင်တော့ ရေးပါမယ်။ အခု အခန်း ၈ မှာ array searching , sorting တွေပါတယ်။ လုပ်ငန်းခွင်ဝင်နေပေမယ့် array sorting ကို built in function မသုံးပဲ စီတတ် သလား ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်ကြည့်ပါ။ အကယ်၍ မစီ တတ်ဘူး ဆိုရင်တော့ အခု ရေးထားသည့် chapter 8 ကို ဖတ်သင့်တယ်။ Array Sorting တွေ ဖြစ်သည့်

  • Bubble Sort
  • Selection Sort
  • Insertion Sort
  • Shell Sort
  • Merge Sort
  • Quick Sort

စတာတွေ ကို မကြားဘူးရင် ဖတ်သင့်တယ်။ programmer လုပ်နေရင်တော့ ဒါတွေက ဘဝမှာ တစ်ချိန် ချိန် အသုံးဝင်လာပါလိမ့်မယ်။ ဒီ အခန်းကို စာဖတ်တာထက် ကိုယ်တိုင် လိုက်တွေး ရေးနိုင်မှ ရမယ်။ စာဖတ်ရုံပဲဆိုရင်တော့ သိသလို မသိသလို နဲ့ပဲ ပြီးသွားပါလိမ့်မယ်။

5 responses to “Chapter 8 Done”

  1. I guess something wrong with this statement “4 က array အခန်းထဲမှာ မရှိလို့ပါ။” @ http://books.saturngod.net/programming_basic/CH8/searching.html

  2. လေးစားတယ် ညီလေးရေ။ ညီလေးဆီကနေ တဆင့် အများျကြီး သင်ယူခဲ့ရပါတယ်။

  3. ညီလေး စာအုပ်ကို အရမ်းတန်ဖိုးထားပါတယ်ဗျာ

    1. ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading