Chrome နဲ့ Youtube ကို ကြည့်တာ မြန်တယ်ဆိုလို့ ဒီနေ့ youtube ကို chrome နဲ့ ဖွင့်ကြည့်ပါသေးတယ်။ ဒါပေမယ့် We,soory ဆိုတာပဲ တက်တက်လာတယ်။ ဘယ်တစ်ခုမှ ဖွင့်လို့မရဘူး။ ဒါနဲ့ တစ်ခုခုတော့ တစ်ခုခုပဲ။ သူများတွေ ဖွင့်လို့ရတယ်။ ငါတော့ ဖွင့်လို့မရဘူး။ ဒီတော့ ဟိုကလိ ဒီကလိ လုပ်လိုက်တော့ တွေ့ပါပြီဗျာ။

ထုံးစံအတိုင်း Kaspersky ပဲပေါ့။ ကျွန်တော် kaspersky ကြောင့် ဖြစ်တယ်ထင်ပြီး kaspersky ရဲ့ trust zone မှာ chrome.exe ကိုထည့်လိုက်တော့ အဆင်ပြေသွားတယ်။ chrome.exe ကို ဘယ်နားမှာ ထားမှန်းမသိရင် chorme ကိုဖွင့်ထား။ ပြီးရင်

Kaspersky -> Settings -> Thread & exculsion -> Trust Zone -> Add -> Browse -> Application မှာ google chrome ကို ရွေးပေးလိုက်။ ပြီးရင် checkbox အကုန်လုံးကို check လုပ်လိုက်။ ဒါဆိုရင်တော့ chrome နဲ့ youtube ကြည့်လို့ရပါပြီဗျာ။

One response to “Chrome & Youtube”

  1. ကျွန်တော်တော့ ရုပ်ရှင် ကြည့်ရင် Opera နဲ့ကြည့်တယ့် သူကပေါ့ပြီး မြန်လို့ ဒါပေမယ့် ဒေါင်းချင်တာတွေ ကျတော့ ဖိုင်းယားဖောက်စ် နဲ့မှ အဆင်ပြေတယ် တစ်ခုကောင်း တစ်ခု မကောင်းတွေ ချည်းပါပဲ ပြီးပြည့်စုံတယ် ဆိုတာ အတော်ရှားတယ်.။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading