Cryptocurrency ဝယ်သင့်လား

အခုတလော မြန်မာငွေတွေ မတည်ငြိမ်တာကြောင့် Crypto လုပ်ဖို့ စဥ်းစားနေသည့် သူတွေ နောက်ပြီး Doge ကြောင့် Crypto ကို စိတ်ဝင်စားမိသည့် သူတွေ အနေနဲ့ Crypto currency ဝယ်သင့်သလား စသည်ဖြစ် တွေဝေ နေကြတယ်။

အခုအချိန်မှာ Crypto က စျေးကွက်ပျက်နေချိန်မှာ တောင့်ခံထားသည့် အချိန်ဖြစ်နေတယ်။ USD ဝယ်ရတာ ခက်လို့ ဆိုရင်တော့ ​USD နဲ့ စျေးတူသည့် USDT ကိုတော့ ဝယ်ထားနိုင်ပါတယ်။ P2P ဘယ်လို အလုပ်လုပ်လဲ ဆိုတာတော့ မရေးတော့ပါဘူး။ Binance မှာ ဝင်ပြီး register လုပ်။ Passport နဲ့ KYC တင်ပြီးရင် ဝယ်ရောင်း စလုပ်လို့ရပါပြီ။ အခြား exchange တွေကတော့ fee rate တွေ များပါတယ်။ နောက်ပြီး မြန်မာ နိုင်ငံ အနေနဲ့ အဆင်မပြေပါဘူး။

Crypto က ဝယ်ရောင်းပါပဲ။ ဝယ်ပြီး စုထား စျေးတက်ရင် ပြန်ရောင်းပေါ့။​ Currency တွေက အမျိုးမျိုး ရှိပါတယ်။ Bitcoin, Ethereum, XRP, Cardano , Litecoin စသည်ဖြစ် coin အမျိုးမျိုး ရှိပါတယ်။

Coin တွေကို မဝယ်ခင်မှာ coin က ဘယ်လို အလုပ်လုပ်လဲ။ ဘာကြောင့် လူတွေက ဝယ်သင့်သလဲ။ ဝယ်ပြီး ဘယ်လို နေရာတွေမှာ အသုံးချကျလဲ စတာတွေကို အရင် လေ့လာသင့်ပါတယ်။ ဒါကတော့ အကြာကြီး ကိုင်ပြီး စျေးများမှ ပြန်ရောင်းမယ့် သူတွေပေါ့။

ဒါမှမဟုတ် short အနေနဲ့ ဝယ်ရောင်းလုပ်မယ်ဆိုရင်တော့ အတက်အကျ ကြည့်ပြီး ဝယ်ရောင်းလုပ်ရုံပါပဲ။

Crypto ဝယ်မယ်ဆိုရင် ရှုံးမယ် လို့ မှတ်ပြီး ဝယ်ပါ။ ကိုယ့်အတွက် ၁ လ ၂ လ အတွင်း ပြန်ရှာလို့ ရသည့် ပိုက်ဆံ လောက်ပဲ သုံးပါ။ စီးပွားရေးလို အများကြီး ရင်း လိုက်ဖို့ က မလွယ်ပါဘူး။ Market က မတည်ငြိမ် သလို အရင်းများမှ အတိုးများပါတယ်။ ဥပမာ

ETH က 1 ETH = $2359.28 မှာ ဝယ်ရင်

$100/2359.28 = 0.04238581262 ETH
$1000/2359.28 = 0.4238581262 ETH

ETH က ပုံမှန် 1 ETH = $3000 ပါ။ $3000 ထိ တက်သွားရင်

0.04238581262 * 3000 = 127.15743786 USD
0.4238581262 * 3000 = 1271.5743786 USD

$100 ရင်းထားသည့်သူက $27 ပဲ မြတ်ပြီး $1000 ရင်းထားသည့် သူကတော့ $271 မှတ်ပါလိမ့်မယ်။ အဲလိုပဲ ရှုံးရင်လည်း များများ ရင်းထားသည့် သူက ပိုရှုံးပါလိမ့်မယ်။ ရှုံးရင် ဘယ်လောက် ထိ hold ထားနိုင်မလဲက အရေးပါလာပြန်ကော။ FIL လိုမျိုး $150 ကနေ ကျသွားလို့ hold ထားရင်း အခု အချိန်မှာ $70 ပဲ ရှိတော့သည့် အခါ ၂ ဆ ရှုံးပါလိမ့်မယ်။ နောက်ပြီး နှစ်ပေါင်း ဘယ်လောက် ထိ hold ထားနိုင်မလဲ ဆိုတာ အရေးပါပါတယ်။ Bitcoin လွန်ခဲ့သည့် ၅ နှစ်က ဘယ်လောက် အခု ဘယ်လောက် ဆိုပြီး ပြောနေသူတွေ အနေနဲ့ လွန်ခဲ့သည့် ၅ နှစ်က ဝယ်ပြီး ၅ နှစ်ကြာအောင် bitcoin ကို hold ထားနိုင်သလား ဆိုတာ အဓိက မေးခွန်းပါပဲ။ အချို့ coin တွေက တက်ပြီး တောက်လျောက်ကျ ပြီး ပြန်မတက်တော့တာတွေ ရှိပါတယ်။

Crypto မှာ များများ ရင်းပြီး များများမြတ်နိုင်သလို ခွေးလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ ကျတယ် ဝယ်ထား ဝယ်ထားနဲ့ Doge coin လို ပိုက်ဘော မိ နေသည့် ပြဿနာတွေ လည်း ရှိပါသေးတယ်။ အခုတော့ အချိန်မရ လို့ နောက်နေ့မှ scam တွေ အကြောင်း wallet တွေ အကြောင်း ရေးပါအုံးမယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.