Tech Changes in Feb and March 2021

အခု တလော နည်းပညာ နဲ့ ကျွန်တော် အပါအဝင် တော်တော်များများ အဆက်ပြတ်နေကြပါတယ်။ အဲဒီအတွက် ဒီ ၂ လ အတွင်း နိုင်ငံတကာမှာ ပြောင်းလဲ နေသည့် နည်းပညာ အကြောင်းကို ပြန်လည် ဖော်ပြထားပါတယ်။

  • Flutter 2
  • PHP 8
  • Penpot.app
  • New iPad
  • New Apple M1X on Mac mini

Flutter 2

Flutter 2 မှာတော့ web အတွက်ကော desktop အတွက်ပါ ready ဖြစ်လာပါပြီ။ တခါတည်း ရေးပြီး အကုန်လုံးကို export လုပ်သည့် ပုံစံ ဖြစ်လာပါပြီ။​ ပြဿနာကတော့ library တွေ အကုန်လုံးက ready မဖြစ်သေးတာပါ။ တဖြည်းဖြည်း နဲ့ update ဖြစ်လာပါပြီ။​ နောက် ၂လ ၃ လ လောက် ဆိုရင် ready ဖြစ်ပြီး သုံးလို့ ရလောက်ပါပြီ။

သို့ပေမယ့် app အဟောင်းတွေကတော့ upgrade လုပ်ဖို့ ခက်ပါလိမ့်မယ်။ fvm လိုမျိုး version manager နဲ့ အရင်က project တွေကို သုံးရမယ့် ပုံပါပဲ။

PHP 8

PHP 8 ထွက်တော့မှာ သိပေမယ့် အခုတော့ ထွက်ပါပြီ။ PHP 8 မှာ JIT ပါလာပါပြီ။ Just In Time compiler ပါ။​ ပုံမှန် pure php နဲ့ ရေးထားရင် ၃ ဆ လောက်မှန်ပြီ wordpress ကို 3% လောက် မြန်လာစေပါတယ်။​ Laravel လိုမျိုး framework အတွက်တော့ ထူးထူးခြားခြား မရှိပါဘူး။

နောက်ပြီး nullsafe operator ပါလာပါပြီ။

$dateAsString = $booking->getStartDate()?->asDateTimeString();

အရင်ကလို null ဟုတ်မဟုတ် စစ်ပြီး process မလုပ်ပဲ​ null ဖြစ်ခဲ့ရင် asDateTimeString ကို မသွားတော့ဘူး။ $dateAsString မှာ null ဝင်သွားပါလိမ့်မယ်။ တခြား feature တွေ အများကြီး ရှိပါသေးတယ်။

Penpot.app

Adobe XD လည်းမသုံးချင်ဘူး sketch လည်း မဝယ်နိုင်ဘူး ဆိုသည့် သူတွေ အတွက် UI/UX design အတွက် Penpot.app ထွက်လာပါတယ်။​ စမ်းကြည့်သလောက်တော့ မိုက်ပါတယ်။ တကယ် project တစ်ခုမှာ စမ်းကြည့် ရပါမယ်။

New iPad

ဒီလမှာ iPad အသစ်ထွက် M1 လို performance ကောင်းသည့် process အသစ် ဖြစ်မယ်လို့ ခန့်မှန်း ကြတယ်။​ ဘာအသစ်ထူးမလဲ​ စောင့်ကြည့်ရပါအုံးမယ်။

New Apple M1X on Mac mini

M1X benchmark တွေ တက်လာတယ်။ https://www.cpu-monkey.com/en/cpu-apple_m1x-1898 မှာ ကြည့်နိုင်တယ်။ M1 ထက်တော့ မြန်လာတယ်။ GPU performance က metal အတွက် သိသိသာသာ တိုးတက်လာတာ တော့ မရှိဘူး။​ ဒါပေမယ့် app တွေ နဲ့ Xcode compile result တွေ က အများကြီး တိုးတက်လာမယ် ထင်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading