Tech Changes in Feb and March 2021

အခု တလော နည်းပညာ နဲ့ ကျွန်တော် အပါအဝင် တော်တော်များများ အဆက်ပြတ်နေကြပါတယ်။ အဲဒီအတွက် ဒီ ၂ လ အတွင်း နိုင်ငံတကာမှာ ပြောင်းလဲ နေသည့် နည်းပညာ အကြောင်းကို ပြန်လည် ဖော်ပြထားပါတယ်။

  • Flutter 2
  • PHP 8
  • Penpot.app
  • New iPad
  • New Apple M1X on Mac mini

Flutter 2

Flutter 2 မှာတော့ web အတွက်ကော desktop အတွက်ပါ ready ဖြစ်လာပါပြီ။ တခါတည်း ရေးပြီး အကုန်လုံးကို export လုပ်သည့် ပုံစံ ဖြစ်လာပါပြီ။​ ပြဿနာကတော့ library တွေ အကုန်လုံးက ready မဖြစ်သေးတာပါ။ တဖြည်းဖြည်း နဲ့ update ဖြစ်လာပါပြီ။​ နောက် ၂လ ၃ လ လောက် ဆိုရင် ready ဖြစ်ပြီး သုံးလို့ ရလောက်ပါပြီ။

သို့ပေမယ့် app အဟောင်းတွေကတော့ upgrade လုပ်ဖို့ ခက်ပါလိမ့်မယ်။ fvm လိုမျိုး version manager နဲ့ အရင်က project တွေကို သုံးရမယ့် ပုံပါပဲ။

PHP 8

PHP 8 ထွက်တော့မှာ သိပေမယ့် အခုတော့ ထွက်ပါပြီ။ PHP 8 မှာ JIT ပါလာပါပြီ။ Just In Time compiler ပါ။​ ပုံမှန် pure php နဲ့ ရေးထားရင် ၃ ဆ လောက်မှန်ပြီ wordpress ကို 3% လောက် မြန်လာစေပါတယ်။​ Laravel လိုမျိုး framework အတွက်တော့ ထူးထူးခြားခြား မရှိပါဘူး။

နောက်ပြီး nullsafe operator ပါလာပါပြီ။

$dateAsString = $booking->getStartDate()?->asDateTimeString();

အရင်ကလို null ဟုတ်မဟုတ် စစ်ပြီး process မလုပ်ပဲ​ null ဖြစ်ခဲ့ရင် asDateTimeString ကို မသွားတော့ဘူး။ $dateAsString မှာ null ဝင်သွားပါလိမ့်မယ်။ တခြား feature တွေ အများကြီး ရှိပါသေးတယ်။

Penpot.app

Adobe XD လည်းမသုံးချင်ဘူး sketch လည်း မဝယ်နိုင်ဘူး ဆိုသည့် သူတွေ အတွက် UI/UX design အတွက် Penpot.app ထွက်လာပါတယ်။​ စမ်းကြည့်သလောက်တော့ မိုက်ပါတယ်။ တကယ် project တစ်ခုမှာ စမ်းကြည့် ရပါမယ်။

New iPad

ဒီလမှာ iPad အသစ်ထွက် M1 လို performance ကောင်းသည့် process အသစ် ဖြစ်မယ်လို့ ခန့်မှန်း ကြတယ်။​ ဘာအသစ်ထူးမလဲ​ စောင့်ကြည့်ရပါအုံးမယ်။

New Apple M1X on Mac mini

M1X benchmark တွေ တက်လာတယ်။ https://www.cpu-monkey.com/en/cpu-apple_m1x-1898 မှာ ကြည့်နိုင်တယ်။ M1 ထက်တော့ မြန်လာတယ်။ GPU performance က metal အတွက် သိသိသာသာ တိုးတက်လာတာ တော့ မရှိဘူး။​ ဒါပေမယ့် app တွေ နဲ့ Xcode compile result တွေ က အများကြီး တိုးတက်လာမယ် ထင်တယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.