Bitcoin လိုတိုရှင်း By Ko Ei Maung

Book4u ကနေပဲ ကိုအိမောင် ရဲ့ စာအုပ်ကို ဝယ်ဖတ်ဖြစ်တယ်။ ၁ ရက်ထဲနဲ့ ဖတ်လို့ပြီးသွားတယ်။ ပါးပါးလေးနဲ့ နာမည်နဲ့ လိုက်အောင် လိုတိုရှင်းပဲ။ နည်းပညာ သမား အနေနဲ့ Bitcoin ကို စိတ်မဝင်ရင်တောင် block chain နဲ့ distributed ledger တွေကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Cryto ဆိုရင် hashing , encrypting စတာတွေကို သိဖို့ လိုလာပါပြီ။ hashing ဆိုတာ ဘာ encrypting ဆိုတာဘာ စတာတွေကိုလည်း ရှင်းပြထားသည့် အတွက် junior developer တွေ အနေနဲ့ ဖတ်ထားသင့်တယ်။ နောက်ပိုင်းမှာ လိုအပ်လာလိမ့်မယ်။ Bitcoin လိုတိုရှင်း ကတော့ bitcoin ဆိုတာဘာလဲ…More

Cryptocurrency ဝယ်သင့်လား

အခုတလော မြန်မာငွေတွေ မတည်ငြိမ်တာကြောင့် Crypto လုပ်ဖို့ စဥ်းစားနေသည့် သူတွေ နောက်ပြီး Doge ကြောင့် Crypto ကို စိတ်ဝင်စားမိသည့် သူတွေ အနေနဲ့ Crypto currency ဝယ်သင့်သလား စသည်ဖြစ် တွေဝေ နေကြတယ်။ အခုအချိန်မှာ Crypto က စျေးကွက်ပျက်နေချိန်မှာ တောင့်ခံထားသည့် အချိန်ဖြစ်နေတယ်။ USD ဝယ်ရတာ ခက်လို့ ဆိုရင်တော့ ​USD နဲ့ စျေးတူသည့် USDT ကိုတော့ ဝယ်ထားနိုင်ပါတယ်။ P2P ဘယ်လို အလုပ်လုပ်လဲ ဆိုတာတော့ မရေးတော့ပါဘူး။ Binance မှာ ဝင်ပြီး register လုပ်။ Passport နဲ့ KYC တင်ပြီးရင် ဝယ်ရောင်း စလုပ်လို့ရပါပြီ။ အခြား exchange…More