Fruit Fly Brain

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်မှာ Odyssey က ယင်ကောင်တစ်ကောင်ကို Virtual World ထဲမှာ ပျံသန်းခိုင်းထားတဲ့ Video တစ်ခု တင်ခဲ့တယ်။ ဒါပေမယ့် အဲဒီယင်ကောင်က တကယ့် ယင်ကောင်အစစ် မဟုတ်ပါဘူး။

ဒီအကြောင်းကို နားလည်ဖို့ Fruit Fly Brain Mapping အကြောင်းကနေ စပြောရမယ်။

၂၀၂၄ ခုနှစ်မှာ FlyWire လို့ခေါ်တဲ့ သုတေသနအဖွဲ့က Fruit Fly အမတစ်ကောင်ရဲ့ Brain ထဲမှာ ရှိတဲ့ Neuron ၁၃၉,၂၅၅ ခုနဲ့ Synapse ၅၄.၅ သန်းကို အသေးစိတ် မှတ်တမ်းတင်နိုင်ခဲ့တယ်။

Neuron ဆိုတာ အာရုံကြောဆဲလ်တွေ ဖြစ်ပြီး Synapse ဆိုတာက အဲဒီဆဲလ်တွေ အချင်းချင်း ဆက်သွယ်တဲ့ နေရာတွေပါ။

ဒီလို Neuron တွေ ဘယ်လိုချိတ်ဆက်ထားတယ်ဆိုတဲ့ အချက်အလက်တွေကို Connectome လို့ ခေါ်တယ်။ တစ်နည်းပြောရရင် ဦးနှောက်တစ်ခုလုံးရဲ့ Wiring Diagram ပဲ။

ဒါပေမယ့် Brain Mapping ရသွားတာနဲ့ Brain က အလုပ်လုပ်သွားတာတော့ မဟုတ်ဘူး။ Neuron တွေ ဘယ်လို Signal ပို့တယ်၊ ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို သင်္ချာ Model တွေနဲ့ Simulation လုပ်ပေးဖို့ လိုသေးတယ်။

https://www.nature.com/articles/s41586-024-07558-y

၂၀၂၆ ခုနှစ် မတ်လမှာ Eon Systems က အဲဒီ Fruit Fly Brain Mapping ကို အခြေခံထားတဲ့ Brain Simulation ကို Virtual Body နဲ့ ချိတ်ဆက်ပြီး လမ်းလျှောက်တာ၊ အစာရှာတာ၊ အစာစားတာ၊ ကိုယ့်ကိုယ်ကို သန့်ရှင်းရေးလုပ်တာ စတဲ့ လှုပ်ရှားမှုတွေကို ပြသခဲ့တယ်။

သူတို့အသုံးပြုခဲ့တဲ့ NeuroMechFly ဆိုတဲ့ Virtual Body မှာ လှုပ်ရှားနိုင်တဲ့ Joint ၈၇ ခု ပါဝင်တယ်။

အဲဒီ Virtual Body ကို MuJoCo လို့ခေါ်တဲ့ Physics Engine ထဲမှာ ထည့်သွင်းထားတယ်။

ဥပမာ Virtual World ထဲမှာ အစားအစာ ရှိတယ်ဆိုပါစို့။

အဲဒီအစားအစာနဲ့ သက်ဆိုင်တဲ့ အနံ့၊ အရသာ စတဲ့ အာရုံခံ Signal တွေကို Brain Simulation ဆီ ပို့ပေးတယ်။

Brain Model က Neuron တွေရဲ့ တုံ့ပြန်မှုကို တွက်ချက်တယ်။ ထွက်လာတဲ့ Signal အချို့ကို Virtual Body ရဲ့ လှုပ်ရှားမှုထိန်းချုပ်စနစ်ဆီ ပို့ပေးတယ်။

အဲဒီကနေ Virtual Body က လှုပ်ရှားတယ်။ လှုပ်ရှားလိုက်တဲ့အတွက် ပတ်ဝန်းကျင်က အချက်အလက်အသစ်တွေ ပြန်ရလာတယ်။ အဲဒီ Signal တွေကို Brain Simulation ဆီ ပြန်ပို့ပေးတယ်။

ဒီလိုနဲ့ Brain နဲ့ Body ကြားမှာ Input နဲ့ Output တွေ အပြန်အလှန် အလုပ်လုပ်နေတဲ့ စနစ်တစ်ခု ဖြစ်လာတယ်။

ဒါပေမယ့် အပြည့်အဝတော့ မဟုတ်သေးဘူး။ လမ်းလျှောက်တာလို လှုပ်ရှားမှုတွေအတွက် သီးခြား Training လုပ်ထားတဲ့ Controller တွေကို အသုံးပြုထားရသေးတယ်။

တစ်နည်းပြောရရင် ယင်ကောင်အစစ်ရဲ့ Brain နဲ့ Body ကို ၁၀၀ ရာခိုင်နှုန်း ပြန်ဖန်တီးနိုင်ပြီလို့ ဆိုလိုတာ မဟုတ်ဘူး။

https://eon.systems/updates/embodied-brain-emulation

၂၀၂၆ ခုနှစ် စက်တင်ဘာလမှာတော့ Google Research နဲ့ သုတေသနအဖွဲ့တွေက Fruit Fly အထီးတစ်ကောင်ရဲ့ Brain နဲ့ Central Nervous System ကိုပါ Mapping လုပ်နိုင်ခဲ့တယ်။

ဒီတစ်ခါ Neuron ၁၆၆,၀၀၀ ကျော်နဲ့ Synaptic Connections ၁၂၅ သန်း ပါဝင်လာတယ်။

အရင်က Brain ကို အဓိက Mapping လုပ်ခဲ့တာကနေ အခုဆို Brain နဲ့ Body ကြားမှာရှိတဲ့ အာရုံကြောစနစ်တွေကိုပါ ပိုပြီး အသေးစိတ် လေ့လာနိုင်လာတဲ့ သဘောပဲ။

https://research.google/blog/a-connectomics-milestone-mapping-the-complete-male-fruit-fly-brain

ဒီလို Brain Mapping Data တွေ ထွက်လာပြီးနောက်မှာတော့ Developer တွေက Virtual ယင်ကောင်ကို Minecraft ထဲထည့်တာ၊ Doom ဆော့ခိုင်းတာ၊ Beat Saber ဆော့ခိုင်းတာ၊ Rubik’s Cube ဖြေခိုင်းတာတွေပါ စမ်းသပ်လာကြတယ်။

Nick Walton ဆိုသူကလည်း ယင်ကောင်ရဲ့ Brain Model ကို Rubik’s Cube ဖြေရှင်းဖို့ Training လုပ်ထားတယ်ဆိုပြီး Video တစ်ခု တင်ခဲ့တယ်။

ဒါပေမယ့် ဒီနေရာမှာ သတိထားရမှာက Brain Simulation က Signal တွေ ထုတ်ပေးနိုင်တာနဲ့ Rubik’s Cube ကို ကိုယ်တိုင်နားလည်ပြီး ဖြေရှင်းနိုင်တာ မတူဘူး။

တချို့ Demo တွေမှာ Brain Simulation က ထွက်လာတဲ့ Signal တွေကို Game Controller နဲ့ ချိတ်ဆက်ပေးထားတာမျိုးလည်း ရှိတယ်။

https://eon.systems/updates/more-flies-are-getting-uploaded

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ChessFly ဆိုတဲ့ Project ပဲ။ ဒီ Project မှာတော့ ၂၀၂၄ ခုနှစ်က ရရှိခဲ့တဲ့ Fruit Fly အမရဲ့ Brain Mapping ကို အသုံးပြုပြီး Chess ကစားတတ်အောင် Training လုပ်ထားတယ်။

ဒီ Project မှာတော့ Fruit Fly Brain Mapping ကို Neural Network တစ်ခုရဲ့ Structure အဖြစ် အသုံးပြုပြီး Chess ကစားတတ်အောင် Training လုပ်ထားတယ်။

Neuron ၁၃၈,၆၃၉ ခုနဲ့ Neuron အချင်းချင်း ချိတ်ဆက်မှု ၁၅.၁ သန်းခန့်ကို အသုံးပြုထားတယ်။

မူရင်း Neuron တွေရဲ့ ချိတ်ဆက်ပုံကို ထိန်းထားပြီး ချိတ်ဆက်မှုတွေရဲ့ အားကောင်းမှု၊ Input နဲ့ Output တွေကို Training လုပ်ထားတာ။

Chess Position ၄.၄ သန်းခန့်ကို Stockfish ရဲ့ အကဲဖြတ်ချက်တွေနဲ့ Training လုပ်ပြီးနောက် Stockfish ရဲ့ အကောင်းဆုံး Move ကို ၃၀.၄ ရာခိုင်နှုန်းခန့် မှန်အောင် ရွေးနိုင်ခဲ့တယ်လို့ ဆိုတယ်။

ဒါတောင် Demo မှာ Chess ကစားဖို့ Search Algorithm ကို ထပ်ပေါင်းသုံးထားသေးတယ်။

တစ်နည်းပြောရင် ယင်ကောင်အစစ်ရဲ့ Brain က Chess တတ်သွားတာ မဟုတ်ဘူး။ သူ့ Brain ရဲ့ ချိတ်ဆက်ပုံကို အခြေခံထားတဲ့ AI Model က Chess ကစားဖို့ သင်ယူထားတာပဲ။

စိတ်ဝင်စားရင် ChessFly ကို ကိုယ်တိုင် ဝင်ကစားကြည့်လို့ရတယ်။

https://huggingface.co/spaces/mlabonne/chessfly

Odyssey-3 ကတော့ Fruit Fly Brain Model တစ်ခုကို သူတို့ရဲ့ AI World Model နဲ့ ပေါင်းစပ်ပြီး Virtual World ထဲမှာ ပျံသန်းနေတဲ့ Demo ကို ပြသလာတယ်။

Odyssey-3 ဆိုတာ AI နဲ့ Virtual World တွေကို ဖန်တီးပေးနိုင်တဲ့ World Model တစ်ခု ဖြစ်တယ်။ World ထဲမှာ လှုပ်ရှားမှုတွေ ဖြစ်လာရင် ပတ်ဝန်းကျင်က ဘယ်လိုပြောင်းလဲမလဲဆိုတာကိုပါ Generate လုပ်ပေးနိုင်တယ်။

အောက်တိုဘာ ၁၇ ရက်မှာ Odyssey က Fruit Fly Brain ကို Odyssey-3 ထဲ ထည့်သွင်းပြီး Virtual World ထဲမှာ ပျံသန်းနေတဲ့ Video ကို ပြသခဲ့တယ်။

သဘောတရားအရဆိုရင် Virtual World က အချက်အလက်တွေကို Brain Simulation ဆီ Signal အဖြစ် ပို့ပေးပြီး Brain က ထွက်လာတဲ့ Response တွေကို Virtual World ထဲက လှုပ်ရှားမှုတွေအဖြစ် ပြန်ပြောင်းပေးတဲ့ စနစ်မျိုးပေါ့။

ဒါပေမယ့် Odyssey က ဘယ် Brain Model ကို သုံးထားတယ်၊ Signal တွေကို ဘယ်လို ချိတ်ဆက်ထားတယ်ဆိုတဲ့ နည်းပညာပိုင်း အသေးစိတ်ကို မထုတ်ပြန်သေးဘူး။

ဒါကြောင့် အဲဒီ Video တစ်ခုတည်းကြည့်ပြီး ယင်ကောင်က ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး ပျံသန်းနေတယ်လို့တော့ အတိအကျ မပြောနိုင်သေးဘူး။

Comment တွေထဲမှာလည်း ယင်ကောင်က အစားအစာပေါ်မှာ မနားဘဲ ပျံသန်းနေတယ်ဆိုပြီး ဝေဖန်ကြတာတွေ ရှိတယ်။

တကယ့် ယင်ကောင်အစစ်ရဲ့ Brain ကို Mapping လုပ်ပြီး အဲဒီအချက်အလက်တွေကို အခြေခံထားတဲ့ Digital Brain Model တစ်ခု ဖန်တီးနိုင်လာတယ်။

အဲဒီ Brain Model ကို Input Signal ပေးလိုက်ရင် Neuron တွေက အချက်အလက်တွေကို Process လုပ်ပြီး Output ပြန်ပေးနိုင်တယ်။

လက်ရှိမှာတော့ ဒီလို Brain Simulation တွေမှာ ကိုယ်ပိုင်အသိစိတ် (Consciousness) ရှိနေတယ်ဆိုတဲ့ သက်သေ မရှိသေးဘူး။ အခု ပြသနိုင်တာက Brain Model ကို Input Signal ပေးလိုက်ရင် Neuron တွေရဲ့ တုံ့ပြန်မှုကို တွက်ချက်ပြီး Output ပြန်ထုတ်ပေးနိုင်တာပဲ။

အခုအချိန်မှာတော့ Fruit Fly Brain Mapping ကနေ ငါးတွေရဲ့ Brain Mapping အထိ သုတေသနတွေ ဆက်လုပ်နေကြပြီ။ Larval Zebrafish ရဲ့ Brain တစ်ခုလုံးအတွက် Dataset တွေလည်း ရရှိလာနေပြီ။

နောက်တစ်ချိန်မှာတော့ ငါးတွေရဲ့ Digital Brain Model တွေကိုပါ Virtual World ထဲမှာ တကယ် အသက်ရှင်နေသလို လှုပ်ရှားတုံ့ပြန်နေတာတွေ မြင်ကောင်းမြင်ရပါလိမ့်မယ်။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading