Google Search and Myanmar Unicode

ဒီနေ့ 7day website မှာ သတင်းဖတ်ရင်းနဲ့ သတင်း အဟောင်းတွေကို Google မှာ ရှာကြည့်မယ်ဆိုပြီးတော့ ရှာကြည့်လိုက်တော့ ဘာ ရလဒ်မှ မထွက်လာတော့ တော်တော် အံဩသွားတယ်။ ဒါနဲ့ unicode နဲ့ ရှာကြည့်လိုက်တော့ ရှာချင်တဲ့ ရလဒ်က ချက်ခြင်း ထွက်လာတယ်။ ပထမတော့ 7day ကများ ဇော်ဂျီကနေ unicode ကို site တစ်ခုလုံး ပြောင်းလိုက်တာလား ဆိုပြီး စစ်ကြည့်လိုက်တော့ 7day က ဇော်ဂျီပဲ သုံးထားတယ် တွေ့ရတယ်။

zawgyiunicode

ဒါနဲ့ မသင်္ကာတာနဲ့ Eleven News ကို ရှာကြည့်တော့လည်း စာတွေ အကုန်လုံးကို ဇော်ဂျီကနေ unicode ပြောင်းသိမ်းထားပြီးတော့ Unicode နဲ့ ရှာမှသာ အလုပ်လုပ်တော့တာ တွေ့ရတယ်။ မကျေနပ်သေးတာနဲ့ The Voice ကို ရှာကြည့်တော့လည်း ဇော်ဂျီ နဲ့ ရေးထားတာတွေကို Unicode နဲ့ ပြပြီး Unicode နဲ့သာ ရှာလို့ ရတော့တာ တွေ့ရတယ်။ ဒါတောင် မကျေနပ်သေးတော့ CarDB မြန်မာ site ကို ရှာကြည့်ပြန်တော့လည်း Unicode နဲ့သာ ရှာလို့ ရတာကို တွေ့ ရပြန်တယ်။

မြန်မာ website တွေ အကုန်လုံး မဟုတ်သေးပေမယ့် အတော်များများကိုတော့ ဇော်ဂျီနဲ့ ရှာလို့ မရတော့ပဲ Unicode အသုံးပြုပြီး ရှာမှသာ တွေ့ရတော့တယ်။ အဓိက ပြဿနာကတော့ Google မှာ ဇော်ဂျီနဲ့ ရှာရင် မှန်ကန်တဲ့ ရလဒ် မထွက်လာတော့ဘူး။ Unicode နဲ့ ရှာမှသာ ဖြစ်တော့တယ်။ ဇော်ဂျီ နဲ့ website တော်တော်များများကို ရှာလို့ ရပေမယ့် နောက်ပိုင်းမှာ Unicode နဲ့ သာ ရှာမှသာ ရလို့ ရမယ့် အနေအထား ဖြစ်လာတယ်။

ဒါကြောင့် ဇော်ဂျီ နဲ့ ရှာမယ်ဆိုရင် Google အစား အခြား search engine ဖြစ်တဲ့ DuckDuckGo မှာ ပြောင်းရှာမှ ဖြစ်တော့မယ့် အနေအထားဖြစ်လာရပါတယ်။ Google ကတော့ Unicode ကို မဖြစ်မနေ သုံးဖို့ အတွက် တွန်းအား တစ်ခု စပေးနေပြီ လို့ ထင်ပါတယ်။ ဒါမှမဟုတ်ပဲ အသုံးပြုသူတွေ အနေနဲ့ အခြား search engine ပြောင်းသုံးကြမလား ဆိုတာကတော့ အသုံးပြုသူတွေရဲ့ ရွေးချယ်မှု တစ်ခုပါပဲ။

10 Comments

  1. mgthantzin says:

    Bro, I wonder if there is any plan to terminate this project of yours by one date in the future? Say, end of June or by end of 2016?

    http://www.mysteryzillion.org/project/webtext/

    I think it’s good to make all possible means of ZG input unavailable. :)

    Just a thought. But, I do appreciate what you’ve done for Burmese community. Hope you understand my point, too.

    Thanks, bro. All the best.

    1. saturngod says:

      Hmm… is there ppl using web text editor ? I already forget that one :D

      1. mgthantzin says:

        ဇော်ဂျီ input သွင်းလို့မရတဲ့ စက်တွေမှာ အရင်တုန်းက သုံးလေ့ရှိခဲ့ဖူးလို့။ :D
        ဒီ tool လေးကို Unicode အနေနဲ့ ပြောင်းလိုက်ပါလား.. ဘရို.. ဖြစ်နိုင်ရင် :D

        1. saturngod says:

          will try , but cannot promise because unicode need to put a lot of rule and not simple like zawgyi

  2. madyjune says:

    I have noticed this change because I have been searching in unicode on Google and I saw news articles in unicode in the search results. But when I click on the links, they turned out to be written in Zawgyi.

  3. MyoWin says:

    အဲဒီလိုပြောင်းသိမ်းထားတာ တော်တော်ကြာပြီ။ အထူးသဖြင့် လူသုံးများတဲ့ဆိုက်တွေကို ပြောင်းသိမ်းထားတာတွေ့ရတယ်။ Duck Duck Go က Google လောက် Algorithm မကောင်းတော့ သူ့ search result က user တွေအတွက် အကောင်းဆုံး မဖြစ်နိုင်ဘူး။ Google ကတော့ ပြိုင်စံရှား search engine ပဲဖြစ်နေဦးမှာပဲ။ ကြားထဲမှာတော့ မြန်မာလိုရှာတဲ့သူတွေအတွက် ဘာရှာရှာမထွက်လို့ တော်တော်လေးဂွကျတဲ့အချိန်ရှိလာဦးမယ်ထင်တယ်။

  4. cheifyarmoe says:

    ဘရို ကျနော် ရှာတာ ရတယ် နော် … ဘာလွဲနေလို့ လဲ ဗျ…

    1. saturngod says:

      really ? Can you try to search like

      [some zawgyi text] site:http://7daydaily.com

      in google

  5. Khon says:

    ကောင်းတာပေါ့ဗျာ

  6. Sai Kyaw says:

    ဂိုဂယ်ကမှ ကိုယ့်ဘက် ပါသေး
    :-)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.