HTML 5 Online Ebook

ဧပြီလ ၂၀၁၃ မှာ စပြီးရေးခဲ့တဲ့ HTML 5 စာအုပ်ဟာ ဒီနေ့မှာ ပြီးသွားခဲ့ပါပြီ။ ရေးလိုက် နားလိုက်နဲ့ ၁ နှစ် နဲ့ ၂ လ လောက် ကြာသွားခဲ့တယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ တနှစ်တောင် ပြည့်သွားပြီ စာအုပ်ပြီးအောင် ရေးမယ်။ မပြီးမချင်း တခြား project မလုပ်ဘူးဆိုပြီး တောက်လျှောက်ရေးဖြစ်ခဲ့တယ်။ စာအုပ်မှာ အခန်း ၁၂ ခန်းပါဝင်ပါတယ်။ HTML အပြင် CSS , JavaScript အခြေခံ တွေ ပါထည့်သွင်းရေးထားပါတယ်။ သို့ပေမယ့် JavaScript နဲ့ အဓိက သုံးရတဲ့ Gelocation , Drag/Drop , Web Storage စတာတွေတော့ မပါဝင်လာပါဘူး။ စာအုပ်က စတင်လေ့လာသူတွေကို အဓိက ထားပြီး ရေးသားထားပါတယ်။ အခုမှ HTML စ တင်လေ့လာမယ့် သူတွေ အတွက် အထောက် အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Online Ebook အနေနဲ့ ပဲတည်ရှိပြီးတော့ Offline အတွက် iOS , Android App ထုတ်ပေးဖို့ စဉ်းစားထားပါတယ်။ နားမလည်တာတွေကို MYSTERY ZILLION မှာ မေးမြန်းနိုင်ပါတယ်။ မှားတာတွေ လိုအပ်တာတွေ ရှိရင်လည်း ထောက်ပြနိုင်ပါတယ်။

6 responses to “HTML 5 Online Ebook”

  1. HTML 5 Ebook ကို offline version pdf format နဲ့လည်းထုတ်ပေးပါဦး ko satan

    1. no plan for offline pdf format. I will release app only for HTML5 book.

  2. Bro android အတွက်လေး အဆင်ပြေမယ်ဆိုရင် ထုတ်ပေးပါအုံးဗျာ …

    with best wishes xD

    Kiddo

  3. နောက်အပိုင်းတွေ ထပ်ရေးပေးပါဦး ညီလေးရေ။ အရမ်းကို အကျိုးများပါတယ် ကွာ

    1. အခုလို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.