HTML 5 Online Ebook

ဧပြီလ ၂၀၁၃ မှာ စပြီးရေးခဲ့တဲ့ HTML 5 စာအုပ်ဟာ ဒီနေ့မှာ ပြီးသွားခဲ့ပါပြီ။ ရေးလိုက် နားလိုက်နဲ့ ၁ နှစ် နဲ့ ၂ လ လောက် ကြာသွားခဲ့တယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ တနှစ်တောင် ပြည့်သွားပြီ စာအုပ်ပြီးအောင် ရေးမယ်။ မပြီးမချင်း တခြား project မလုပ်ဘူးဆိုပြီး တောက်လျှောက်ရေးဖြစ်ခဲ့တယ်။ စာအုပ်မှာ အခန်း ၁၂ ခန်းပါဝင်ပါတယ်။ HTML အပြင် CSS , JavaScript အခြေခံ တွေ ပါထည့်သွင်းရေးထားပါတယ်။ သို့ပေမယ့် JavaScript နဲ့ အဓိက သုံးရတဲ့ Gelocation , Drag/Drop , Web Storage စတာတွေတော့ မပါဝင်လာပါဘူး။ စာအုပ်က စတင်လေ့လာသူတွေကို အဓိက ထားပြီး ရေးသားထားပါတယ်။ အခုမှ HTML စ တင်လေ့လာမယ့် သူတွေ အတွက် အထောက် အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Online Ebook အနေနဲ့ ပဲတည်ရှိပြီးတော့ Offline အတွက် iOS , Android App ထုတ်ပေးဖို့ စဉ်းစားထားပါတယ်။ နားမလည်တာတွေကို MYSTERY ZILLION မှာ မေးမြန်းနိုင်ပါတယ်။ မှားတာတွေ လိုအပ်တာတွေ ရှိရင်လည်း ထောက်ပြနိုင်ပါတယ်။

6 responses to “HTML 5 Online Ebook”

  1. HTML 5 Ebook ကို offline version pdf format နဲ့လည်းထုတ်ပေးပါဦး ko satan

    1. no plan for offline pdf format. I will release app only for HTML5 book.

  2. Bro android အတွက်လေး အဆင်ပြေမယ်ဆိုရင် ထုတ်ပေးပါအုံးဗျာ …

    with best wishes xD

    Kiddo

  3. နောက်အပိုင်းတွေ ထပ်ရေးပေးပါဦး ညီလေးရေ။ အရမ်းကို အကျိုးများပါတယ် ကွာ

    1. အခုလို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading