Mongodb University

Mongodb University ကို သိတာကတော့ တော်တော်ကြာပြီ။ စသိကာစက အဓိက Mongodb for DBAs ဖြစ်တာကြောင့် မတက်ဖြစ်လိုက်ဘူး။ ပြီးခဲ့တဲ့ မတ်လမှ mongodb for node.js ကို တွေ့တာနဲ့ တက်ဖြစ်လိုက်တယ်။ မတ် လ ၂၄ ရက်ကနေ စပြီးတော့ မေလ ၁၃ ရက်နေ့ အထိ ကြာတယ်။ တစ်ပတ်ကို အခန်း ၁ ခန်းနဲ့ စုစုပေါင်း Final exam အပါအဝင် ၇ ပတ် ရှိတယ်။ ပထမ အပတ်ကတော့ လွယ်တယ်။ နောက်ပိုင်းတွေမှာတော့ ရုံးက အလုပ်နဲ့ ဆိုတော့ သောကြာနေ့ည ဒါမှမဟုတ် စနေ တနင်္ဂနွေမှ သာ စာလုပ်ဖြစ်တော့တယ်။ သင်တာတွေကတော့

Units Topics
Week 1: Introduction Overview, Design Goals, the Mongo Shell, Introduction to JSON, Installing Tools, Overview of Blog Project and Introduction to Swig, Express and Node Packaged Modules (npm)
Week 2: CRUD Mongo Shell, Query Operators, Update Operators and a Few Commands
Week 3: Schema Design Patterns, Case Studies & Tradeoffs
Week 4: Performance Using Indexes, Monitoring And Understanding Performance. Performance In Sharded Environments
Week 5: Aggregation Framework Goals, The Use Of The Pipeline, Comparison With SQL Facilities
Week 6: Application Engineering Drivers, Impact Of Replication And Sharding On Design And Development.
Week 7: Mongoose Introduction to Mongoose
Final Exam Final Exam

Home work (50%) + Final Exam (50%) မှာ 65% ရရင် certificate ရပါပြီ။

Mongodb university မတက်ခင်တုန်းက Aggregation ကို ကောင်းကောင်း မသိဘူး။ Index နဲ့ ပတ်သက်ပြီး သေသေချာချာ အသုံးမချတတ်ဘူး။ Mongodb University တက်ပြီးမှ အရင်တုန်းက မရဘူးထင်တာတွေက လုပ်လို့ရမှန်း သိလာတယ်။ အခမဲ့ ဖြစ်ပြီး online course ဖြစ်တာကြောင့် ကိုယ် အားတဲ့ အချိန်မှာ letcure တွေကို လိုက်လုပ်ရုံပါပဲ။ တကယ်လို့ mongodb ကို လေ့လာနေတယ် ဆိုရင်တော့ ကိုယ် ရေးနေတဲ့ language ပေါ်မှာ မူတည်ပြီးတော့ တက်နိုင်ပါတယ်။ သင်တာတွေကတော့ Java , Python , Node.js တို့ပါ။ ဒါမှမဟုတ် DBA ဆိုရင်လည်း DBA အတွက် course ရှိပါတယ်။ Homework တွေကတော့ သင်ထားတာတွေကို သေချာ နားလည်ရင် ဖြေရတာ လွယ်တယ်။ သို့ပေမယ့် အချို့ homework တွေက အကြာကြီး ရေးရတာတွေ ရှိတယ်။ နည်းနည်း စိတ်ရှည်ရတယ်။ Final Exam က ထင်သလောက် မခက်ခဲပါဘူး။ သင်ထားတာတွေ ကို သေချာ မှတ်ထားရင် ဖြေလို့ရပါလိမ့်မယ်။

2 Comments

  1. အခု M102 (DBA) က ပြီးသွားပြီ။ M101 (MongoDB with Python) တက်နေတာ။ DBA က Replication နဲ့ Sharding ကို အသားပေးထားတယ်။ Aggregation အကြောင်းပါပေမယ့် သိပ် အသေးမစိတ်ဘူး။ M101 ကတော့ Aggregation ကို အသေးစိတ်သင်တာ။ Replication နဲ့ Sharding ကိုကြတော့ တစ်ပတ်ထဲ ပေါင်းသင်လိုက်တယ်။ ကိုစေတန်တက်တဲ့ M101J ကတော့ မတက်ကြည့်ရသေးဘူး။ တက်ဖို့တော့ စိတ်ကူးရှိတယ်။။

    1. saturngod says:

      Aggregation ကို ၁ ပတ် , Replication ကို ၁ ပတ် , Sharding ကို ၁ ပတ်ပဲ သင်တယ်။ node.js အကြောင်း နည်းနည်းသင်တယ်။ final exam ထိ node.js ထက် command line က mongodb နဲ့ပဲ ဖြေသွားတာ များတယ် :D Sharding နဲ့ Replication က တစ်ခါမှ မသုံးဖူးသလို သုံးဖို့ လည်း မလိုသေးတာကြောင့် သိပ်ပြီး သဘောမပေါက်ဘူး

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.