HTML5 video ကိုတော့ မနေ့တုန်းက video.saturngod.net အတွက် စမ်းဖြစ်လိုက်တယ်။ ပုံမှန် သမာရိုးကျကတော့

<video width="100%" height="422" controls="controls" preload="none" tabindex="0" style="background-color:#111111" poster="http://video.saturngod.net/video/2019MS_Health.jpg"" >
<source type="video/mp4" src="http://video.saturngod.net/video/2019MS_Health.mp4"></source>
<source type="video/ogg" src="http://video.saturngod.net/video/2019MS_Health.ogg"></source>
</video>

အဲဒါလေးပဲ။ mp4 က safari နဲ့ chrome တို့အတွက်ပေါ့။ webkit က mp4 မှ အလုပ်လုပ်တယ်။ ogg နဲ့ogv ကတော့ firefox , opera တို့အတွက်ပေါ့။ တကယ်လို့ video.saturngod.net မှာလို ဖြစ်ချင်ရင်တော့

<script type="text/javascript"  src="http://html5.kaltura.org/js"  > </script>

ဆိုတာလေး ထည့်ပေးလိုက်ရုံပဲ။ နောက်ပြီး video tag မှာ class=”kskin” လို့ ထည့်ပေးလိုက်ရင်ရပါတယ်။ မူရင်းကတော့ jquery UI skin ကို သုံးထားတာပါ။ အဲဒီ skin ထက် kskin ကို ပိုသဘောကျတယ်။ button နည်းပြီး ရှင်းလို့ပါ။

HTML5 က ogg က flv ထက်စာရင် size သေးပြီး loading က ပိုမြန်တဲ့အတွက် ကျွန်တော်ကတော့ flv ထက်စာရင် html5  video ကို သဘောကျတာ အမှန်ပဲ။ HTML5 video က android 2.0 မှာတော့ မရသေးဘူး။ iPhone , iPodTouch တွေမှာတော့ ကောင်းကောင်း အလုပ်လုပ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.