just thinking when read a book

မနေ့က Ten Deadly Marketing Sins ဆိုတဲ့ စာအုပ်လေးဖတ်ဖြစ်တယ်။ Getting Real ကတော့ တစ်ဝက်ကြိုးနေပြီ။ အဲဒါလေးကိုလည်း ပြီးအောင် ဖတ်ရမယ်။ Ten Deadly Marketing Sins ဆိုတဲ့စာအုပ်ကလည်း ပါးပါးလေးမို့ ပြီးအောင် ဖတ်ဖြစ်လိုက်တယ်။ စာအုပ်က မဆိုးဘူးရယ်လို့ ဆိုရမယ်။ အကောင်းကြီးရယ်တော့ မဟုတ်ဘူး။ အဲ.. Ten Deadly Marketing Sins ဆိုပြီး english လိုမထင်လိုက်နဲ့အုံးနော်။ မြန်မာပြန်ဖတ်တာ။ ဒါကြောင့် မြန်တာ။ Getting Real ကတော့ iPodTouch လေးထဲမှာ ရုံးသွားရုံးပြန်လောက်ပဲ ဖတ်ဖြစ်တယ်။ လူက စာအုပ်ဖတ်ရင် လိုက်လိုက် စဉ်းစားတတ်တယ်။ Getting Real ဆိုတဲ့ စာအုပ်ကတော့ တကယ်ကောင်းတာအမှန်ပဲ။ Projects တစ်ခုလုံးအတွက် Development ပိုင်းဆိုင်ရာတွေကော Management ပိုင်းဆိုင်ရာ တော်တော်လေး idea ပွင့်သွားတယ်ဗျ။ Sean Lin ကို ကျေးဇူးတင်ရမယ်။ သူက 37Singals စာအုပ်တွေကို recommend ပေးတာနဲ့ ဖတ်ဖြစ်သွားတာ။

ပြောရင်းနဲ့တောင် အဓိကပြောမယ့် Ten Deadly Marketing Sins ဆိုတဲ့ စာအုပ်ဆီ မရောက်တော့ဘူး။ အဲဒီ စာအုပ်ကို ဒီအတိုင်းဖတ်လိုက်ရင်တော့ သိပ်ပြီးတော့ရယ် မထူးခြားဘူး။ Getting Real နဲ့ ယှဉ်ဖတ်ကြည့်လိုက်ပြီး ချိန်ဆလိုက်ရင် တော်တော်လေးကို အသစ်အသစ် idea တွေ ပွင့်ထွက်လာတာပဲ။ နောက်ပြီး လက်ရှိ မြန်မာနိုင်ငံက အခြေအနေအချို့ကိုလည်း မီးမောင်း ထိုးပြလိုက်သလိုပဲ။ စာအုပ်ထဲကဟာတွေကတော့ UCSY Thrid Year တုန်းက သင်ခဲ့ရတဲ့ဟာတွေပါပဲ။ အသစ်တွေရယ်လို့ ထူးထူးခြားခြားမပါလှဘူး။ Thrid Year တုန်းက သင်ခဲ့တဲ့ဟာတွေထဲကမှ နည်းနည်းထပ်ချဲ့ထားတာရယ် နောက်ပြီး IBM လိုမျိုး Computer ကြီးတွေ လုပ်ဆောင်နေပုံရယ် ထပ်ဖြည့်ထားတာလောက်ပဲ ရှိတယ်။ နောက်ပြီးတော့ စာရေးစရာ ရေးထားတဲ့ အချို့စာလုံးတွေက ကပ်သီးကပ်ဖဲ့နိုင်နေတာလေးတွေ ရှိတယ်။ UCSY ကိုအဲမှာ ကျေးဇူးတင်မိတယ်။ အဲတုန်းက သင်ခဲ့ဘူးတဲ့စာကြောင့် အချို့ ဘာသာပြန်တာ လွဲနေတာလေးတွေ ကိုယ့်ဘာသာ ကိုယ်ဖြည့်ပြီး နားလည်လိုက်လို့ရသွားတယ်ဗျ။ ဘာသာပြန်ဆိုတာက ဒီလိုပါပဲ။ မြန်မာမှုပြုတဲ့အခါ နောက်ပြီး ကိုယ့် field မဟုတ်တဲ့အခါမှာ အချို့စာလုံးလေးတွေက အဓိပ္ပာယ်တွေ ကွဲထွက်သွားတာလေးတွေ ရှိတယ်။ ကိစ္စတော့ မရှိပါ။ ကိုယ့်ဘာသာကိုယ် ဖြည့်နားလို့ရပါတယ်။

အဲဒီစာအုပ်ကို ဖတ်ပြီးချိန် ဘာကိုသွားစဉ်းစားမိလဲဆိုတော့ MICT Park နဲ့ ရတနာပုံကိုပဲ။ ငယ်ငယ်တုန်းက မှတ်မိသလောက် MICT Park ကြီးစဆောက်တုန်းကတော့ မကြာခင်မှာပဲ Software Development တွေ တိုးတက်လာတော့မယ့်အလား ကြေငြာခဲ့ဘူးပါတယ်။ အစတုန်းက သင်တန်းလည်း ဖွင့်ခွင့်မရှိပါ။ Software Development ကိုသာ လက်ခံခဲ့ပေမယ့် အခုဆိုရင် သင်တန်းကျောင်းကြီးရယ်လို့ ဖြစ်နေပြီ။ နောက်ပြီး မြန်မာနိုင်ငံ Hollywood လို့တောင် ဆိုရမလိုပဲ။ ဘယ်အချိန်ကြည့်ကြည့် ရိုက်ကူးရေးတွေက ရှိနေတာပဲ။ အဲ.. အဲဒါက ကျွန်တော် သင်တန်းတက်ခဲ့တုန်းကပါ။ အခုတော့ မသိ။ ရတနာပုံကတော့ ဘယ်လိုလာမလဲတော့ မသိ။ တစ်ခေါက်ပဲ ရောက်ဘူးတယ်။ အဆောက်အဦးတွေကတော့ တော်တော်ကောင်းတာပဲ။

စာအုပ်ကိုဖတ်မိပြီး စဉ်းစားမိတာက မြန်မာနိုင်ငံမှာ အင်တာနက် connection တွေ ကောင်းသွားပါစေအုံးတော့ MICT Park သို့မဟုတ် ရတနာပုံဟာ စီလီကွန် လိုမဖြစ်လာဘူးဆိုတာက သေချာတယ်။ အဓိက ပြဿနာက အင်တာနက် connection ဆိုတာထက် Human Resource နဲ့ Investment ပဲ။ အဆောက်အဦးတွေ ကောင်းလာပေမယ့် လူတွေကလည်း အဆောက်အဦးနဲ့ အညီ ကောင်းမွန်တိုးတက်လာရင်တော့ ကောင်းတာပေါ့။ ရန်ကုန်က MICT Park ထဲမှာတော့ Company အသစ်အသစ်တွေ ဖွင့်လာပါတယ်။ သို့သော် သင်တန်းတွေကြီးပဲ ဆိုတာဖြစ်နေပြီ။ တနည်းပြောရင် ဒါတွေသင်။ ပြီးရင် နိုင်ငံခြားထွက် အလုပ်လုပ် ဆိုတဲ့ ပုံပေါက်နေသလိုပဲ။ နောက်တချက်က လက်ရှိ မြန်မာ နိုင်ငံက Company တွေ တော်တော်များများက အခြားသူများတွေရဲ့ Website တွေ product တွေကို ရေးဆွဲပေးရတာပါ။ ကိုယ်ပိုင် Company product အနေနဲ့ မရှိဘူး။ ရှိတာကလည်း POS လောက်ပဲ ရှိမယ်ထင်တယ်။ အဲဒီအခါမှာ ဂျာအေး သူ့အမေ့ရိုက် ဇာတ်လမ်းက ပြန်စတာပဲ။ အခွေထုတ်တော့ ခိုးကူးတယ်။ အရှုံးပေါ်တယ်ဆိုတဲ့ ကိစ္စ။ ဒါကတော့ Ethics နဲ့ ဆိုင်တယ်။ ခိုးကူးတွေနဲ့ ရင်းနှီးလာတဲ့ ရန်ကုန်မှာ ခိုးကူးတာကတော့ မဆန်းဘူးလို့ ဆိုရမလိုပဲ။ နောက်ပိုင်းမှာ ပြည်တွင်း company တော်တော်များများက Product ထုတ်ရောင်းလာတာ တော်တော်ရှားသွားပြီ။Art-House က font အခွေထုတ်ရောင်းတာတောင် အလကားလိုချင်တဲ့ သူတွေ ရှိသေးပါတကော။ ဒါက မဖြစ်သင့်ပါ။ လိုချင်ရင် ဝယ်သင့်ပါတယ်။ ပြည်တွင်းဖြစ်က ဈေးကြီးတယ်လို့ ဆိုပြန်ရင်တော့ ဈေးကြီးတယ်ထင်ရင် မဝယ်နဲ့ပေါ့။ သူများ ဖန်တီးထားတာကို အလကားလိုချင်တဲ့ စိတ်ကို ဖျောက်ထားသင့်တယ်။

အဲ.. ပြောရင်းနဲ့ လွဲကုန်အုံးမယ်။ ကိုယ်ပိုင် product မရှိတဲ့ အခါမှာ သူများ အပ်ထည်တွေပဲ အဓိက ရေးရတယ်။ သူများအပ်ထည်တွေပဲ ရေးရတော့ သူများ idea တွေကို ကိုယ်က အကောင်ထည်ဖော်ပေးရတာ ဖြစ်ကုန်တယ်။ အဲဒီအခါမှာ ကိုယ့် idea တွေ ပြသ ခွင့်မရတော့ဘူး။ MIT က ကိုထွန်း နဲ့ကော inforithm-maze က ကိုသောင်းစုငြိမ်းနဲ့ကော အပြင်မှာ တွေ့ဘူး စကားပြောဘူးတယ်။ သူတို့တွေက တကယ်တော်ပြီး လေးစားရတဲ့ သူတွေပါ။ သူတို့မှာ idea ကောင်းတွေရှိတယ်။ သူတို့ဟာ လူငယ်တွေကို လုပ်စေချင်တယ်။ အခွင့်အလမ်းတွေ ဖွင့်ပေးစေချင်တယ်ဆိုတာ သူတို့နဲ့ စကားပြောရင် သိသာတယ်။ သို့ပေမယ့်လည်း အချို့ကိစ္စတွေက ရွှေသမင် တာ ဘယ်က ထွက် ဆိုသလိုပဲဗျ။ သူတို့ကလည်း လက်ရှိ သူတို့ရဲ့ business ကြီးလည်ပတ်ဖို့ အားထုတ်နေရတော့ သူတို့ရဲ့ idea တွေက ထုတ်ပြခွင့်မရဘူး။ planet.com.mm လိုမျိုးလေး ဟိုးအရင်ကတည်းက ရှိခဲ့တာပဲ မဆိုးလှဘူးဆိုရမယ်။ planet ကနေလည်း ထင်သလောက် ဝင်ငွေပြန်မရဘူးဆိုတာက ကိုသောင်းစုငြိမ်း e-commerce ပွဲတုန်းက ပြောဘူးတာ မှတ်မိသေးတယ်။

တနည်းပြောရင် လက်ရှိ business လောကမှာ အကုန်လုံးက ကိုယ့် စီးပွားရေးလည်ပတ်ဖို့ အဓိက ဦးစားပေးထားလို့ သူတို့ရဲ့ idea တွေ ထုတ်ခွင့်မရဘူးဆိုရမလိုပဲ။ အဲ.. Alpha က ကိုရဲမြတ်သူကတော့ သူ့ရဲ့ idea နဲ့ တိပိဋက ကို ထုတ်ခဲ့တာကို လေးစားတယ်။ တိပိဋက ကို လုပ်ခဲ့တာ တော်တော်ကြာနေပြီ ဆိုရမယ်။ DVD အခွေတောင် ၂ ခွေ လားမသိ ထွက်လိုက်သေးတယ်။ ကြားထဲမှာ version ဘယ်နှစ်ခုတောင် ထွက်လိုက်လဲတော့ မသိ။ DVD ခွေတွေ အဓိက အကုန်လုံးက လှုတာ များတယ်။ နောက်ဆုံး Device ကိုမှ ထုတ်ပြီး ရောင်းစားခဲ့တာ။ အဲလိုမျိုး ကိုယ်ပိုင် Product တွေ မြန်မာနိုင်ငံမှာ ထွက်တာ အတော်ရှားနေတယ်။

ကိုယ်ပိုင် Product ထုတ်တာ မရှိတော့ ရုံးက ဝန်ထမ်းတွေ အားလုံးဟာ စက်ရုပ်လို ဖြစ်ကုန်တယ်။ တနည်းပြောရင် ဒါလာ ဒါလုပ်။ ဒါခိုင်း ဒါလုပ်။ ဒီအချိန်လာ ဒီအချိန်ပြန် သို့မဟုတ် ဒါတွေပြီးရင် ပြန် စသည်ဖြင့် စက်ရုပ်တွေလို ဖြစ်ကုန်တယ်။ စက်ရုပ်နဲ့ လူနဲ့ ကွာခြားချက်က စက်ရုပ်က ကိုယ်ပိုင် idea အသစ်တွေ မဖန်တီးနိုင်သေးဘူး။ အသစ်အသစ်တွေ မလေ့လာနိုင်သေးဘူးဗျ။ (နောက်ဆိုရင်တော့ ရလာမှာပေါ့။ အခုတောင် Learning တွေလုပ်လို့ရနေပြီလို့တော့ ကြားမိသား ) အဲဒါကြောင့် Human Resource က သိသိသာသာ မတိုးတက်လာဘူးလို့ ဆိုရမလားပဲ။ သင်တန်းတွေ များများပေါ်လာတာ Human Resource တိုးတက်လာပြီလို့ ပြဆိုလို့မရဘူး။ ကဲ.. ထားပါလေ.. စာအုပ်ကို ပြန်သွားရအောင်။ စာအုပ်ထဲမှာ ဝန်ထမ်းတွေ ပျော်မပျော် ဆိုတာကို ရုံးမှာ ဝန်ထမ်းတွေ အလုပ်ထွက်နှုန်းကို ကြည့်ပြီး မှန်းစနိုင်တယ်လို့ ဆိုထားတယ်။ အဲ.. ဒါဆိုရင် ရန်ကုန်မှာ အလုပ်ထွက်ပြီး စလုံးကို မြန်မာတွေ အများကြီးထွက်ကြတာ ဘယ်လိုလုပ်မလဲ လို့ စဉ်းစားစရာ ရယ်လို့ ဖြစ်လာပြီဗျ။ ဝန်ထမ်းတွေ မပျော်လို့လား ???

ဝန်ထမ်းတွေ ဘာလို့ မပျော်တာလဲဆိုတာတွေက အများကြီးရှိပါတယ်။ အဲဒီ စာအုပ်ထဲမှာလည်း ရေးထားပါတယ်။ နောက်တချက်က ဝန်ထမ်းတွေက ကိုယ်ပိုင် idea ချပြခွင့်ရတဲ့အခါမှာ အလုပ်လုပ်ရတာ ပိုပျော်တယ်။ နောက်ပြီး computer တွေက idea က ရတဲ့ အကျိုးအမြတ်ကို အဲဒီ ဝန်ထမ်းကို ပြန်လည်ချီးမြှင့်တာတွေ ရှိတယ်ဆိုတာလည်း ဖတ်လိုက်ရတယ်။ ဒါဟာ လုပ်သင့်တဲ့ အရာတွေလို့ပဲ မြင်တယ်။ idea တွေကို လက်ခံတဲ့ ဌာန တစ်ခုထားပြီး idea ကောင်းတစ်ခုကို ရွေးထုတ်ပြီး ဝန်ထမ်းတွေ ကြားမှာ ပြန်သုံးသပ်ခိုင်းတာလည်း တော်တော်ကောင်းမွန်တာပဲဗျ။ တနည်းပြောရင် idea ရွေးခံရတဲ့ ဝန်ထမ်းက Proud ဖြစ်တာပေါ့။ idea ကြောင့် အောင်မြင်တဲ့ အခါမှာ အကျိုးအမြတ်လည်း ခံစားရအုံးမယ်ဆိုတော့ မိုက်တာပေါ့။ အဲဒါ ဖတ်ကြည့်တော့ ဘာစဉ်းစားမိလဲဆိုတော့ Google ကို သွား စဉ်းစားမိတယ်။ Google မှာ လက်ရှိ product ထက် အခြား လုပ်နေတဲ့ projects လေးတွေက အများကြီးရယ်။ ဝန်ထမ်းတွေကလည်း idea ကို တင်ပြလို့ရတယ် ပြီးရယ် အဲဒီ idea နဲ့ projects ကို ဖန်တီးလို့ရတယ်လို့တော့ ဟိုးအရင်တုန်းက ဖတ်ဘူးတယ်။ အဲဒါကြောင့် Google က အခုလို အလျင်အမြန် အောင်မြင်နေတာ ဖြစ်မယ်လို့ စဉ်းစားမိသေးတယ်။ Google က အဓိက Search Engines Ads သာမက အခြား projects တွေ အမျာကြီးထွက်ပေါ်လာတာပဲ။ ChromeOS,Chrome Browser, Android, Google Earth, Google Map အပြင် အများကြီးရှိတယ်။ စာအုပ်ထဲမှာ ညွှန်းထားတဲ့အတိုင်း စီလီကွန်ဟာ ကိုယ့် idea ချပြခွင့်ရှိသလို အဲဒီ idea အတွက် develop လုပ်ပေးမဲ့ investor တွေ ရှိတယ်။ တနည်းပြောရင် MICT Park နဲ့ ရတနာပုံဟာ Idea ချပြဖို့ နေရာမရှိသလို အဲဒီ idea ကို invest လုပ်ပေးမယ့် သူတွေလည်း ရှားတယ်ဗျ။

Getting Real ကို ဖတ်နေရင်း နဲ့ Ten Deadly Marketing Sins ကို ဖတ်ကြည့်လိုက်တာ တော်တော် အကျိုးရှိသွားတယ်။ အခုအချိန်မှာ ကိုယ်ရောက်နေတဲ့ နေရာက အဲဒီစာအုပ်ထဲမှာ ပြောထားတဲ့ နေရာတွေ တစ်ခုမှ မဟုတ်သေးပေမယ့် အတွေးအသစ်လေးတွေ ပေါ်ထွက်လာတယ်။ အဲဒီ စာအုပ် ၂ အုပ်ကို ဖတ်ပြီးအောင် MZ 2.0 အတွက် အကြံဉာဏ် အသစ်လေးတွေလည်း ထွက်လာတယ်။ MZ 2.0 ဟာ beta အဆင့်မကြာခင်ရောက်တော့မယ်။ အခု Answer ဖြေတဲ့အပိုင်းနဲ့ voting လုပ်တဲ့ အပိုင်း ကျန်နေသေးတယ်။ အခုလက်ရှိတော့ Question Edit လုပ်တဲ့ အပိုင်းရောက်နေပြီ။ ကျွန်တော်လည်း အမြန် အချောသတ်ချင်နေပြီ။ ခက်တာက လူကလည်း ဘာတွေ ရှုပ်မှန်း မသိ။ အဲ… မေးချင်တာလေးတွေ ရှိလာအုံးမယ်။ ဘာလို့ ရေးနေတာလဲ။ Python နဲ့ ရေးထားတဲ့ Question & Answer System တွေ ယူသုံးပြီးတော့ လုပ်လိုက်ပါလားဆိုပြီးတော့။ CMS ရေးနေမယ့်အစား wordpress သုံးပါလားဆိုပြီး စောဒက တက်လာစရာလေးတွေ ရှိအုံးမယ်။ ဟုတ်။ အဲလို လုပ်လို့ရပါတယ်။ သို့ပေမယ့်လည်း ဟဲဟဲ….လို့ ပဲ ပြန်ဖြေရမှာပဲ။ အဲဒီ အကြောင်းတွေကို MZ 2.0 ထွက်မှပဲ ရှင်းပြတော့မယ်။ ဘာလို့ လုပ်ရလဲဆိုတော့ အချို့ အကြောင်းတွေကို ကိုသက်ထွေးနဲ့ စကားစမြည် post ထဲမှာ ပါထားပါတယ်။

အင်း.. နောက်ဆုံး သေချာစဉ်းစားကြည့်ရင်တော့ လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့သူတွေက တော်ပါတယ်။ တော်လို့ပဲ boss ဖြစ်နေတာပေါ့။ ဟုတ်ဘူးလား။ အခုကိုယ်တောင် boss မဖြစ်သေးဘူးဗျ။ အသက်လည်း တဖြည်းဖြည်း ကြီးလာပြီ။ အခုထက်ထိ လခစား ဖြစ်နေတုန်းပဲ။ ဒါကြောင့် သင်တန်းကြောင်း ပိုင်ရှင်တွေလည်း တော်ကြပါတယ်။ သူတို့မှာလည်း အကြောင်းပြချက်တွေ ရှိနေမှာပဲ။ အဲဒီ အကြောင်းကို ဆွေးနွေးရင်တော့ ရွှေသမင် တာ ဘယ်က ထွက် ဆိုပြီး ဖြစ်အုံးမယ်။

2 Comments

  1. everlearner says:

    ကောင်းတယ်ဗျာ…

    စာအုပ်လေးရောပေးဖတ်လို့ မရဘူးလား :)

    1. saturngod says:

      အဲ… ebook ဟုတ်ဘူး.. S$7.5 တော့ ပေးလိုက်ရတယ်.. myanmarbookshop.com ကနေ ဝယ်လိုက်တာ.. :D

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.