အခုနောက်ပိုင်း မြန်မာ လို စာအုပ်တွေ ထွက်လာတော့ အခုအချိန်မှာ နည်းပညာလောက စ လေ့လာမယ့် သူတွေ အတွက် အတော်ကို အဆင်ပြေတယ်။ ကျွန်တော်တို့ တုန်းကတော့ british council library မှာ စာအုပ်တွေ သွားငှားပြီး ဖတ်။ နောက်ပြီး ebook တွေကို CD ခွေ တွေ နဲ့ ဝယ်ပြီး ဖတ်ခဲ့ရတယ်။ Visual Baic Sample Project 100 လိုမျိုး CD ခွေ တွေကနေ တဆင့် သူများ ရေးထားသည့် code တွေကို လေ့လာခဲ့ရတာ။ အင်တာနက် မရှိတာလည်း ပါတာပေါ့။ မြန်မာစာအုပ်ဆိုရင်လည်း ဘာသာပြန်တွေ မှားပြီး တကယ့်လက်တွေ့ အတွေ့အကြုံတွေ ပါတာ နည်းတယ်။ အခုနောက်ပိုင်း မြန်မာ စာအုပ်တွေက online မှာ ဖတ်လို့ရသလို တကယ့် အတွေ့အကြုံတွေ ရှိသည့် သူတွေ ပဲ ရေးထားတာတွေဖြစ်တော့ ပိုအဆင်ပြေမှာပါ။
အခုမှ နည်းပညာလောက ထဲ စိတ်ဝင်စားလို့ လေ့လာချင်သူတွေ အတွက် စာအုပ် စာရင်း ကို အစီအစဥ်လိုက်ဖတ်လို့ရ အောင် စုပေးလိုက်ပါတယ်။
HTML & CSS – Beginner to Super Beginner

Lwin Moe Paing ရေးထားသည့် စာအုပ်ကို https://github.com/lwinmoepaing/html-and-css-beginner-to-super-beginner-ebook မှာ ရနိုင်ပါတယ်။
ဘာမှ မစ ရေသးခင် HTML , CSS ကိုတော့ မဖြစ်မနေ စပြီး လေ့လာထားသင့်ပါတယ်။ HTML နဲ့ CSS က အားလုံးရဲ့ အခြေခံပါပဲ။
JavaScript လို – တို – ရှင်း

ဆရာအိမောင် ရဲ့ Javascript လိုတိုရှင်း ကို ဖတ်ပြီး ပထမဆုံး အဆင့် programming ဆိုတာ ဘာလဲ ဆိုတာ မြည်းစမ်းကြည့်ပါ။ ကြိုက်မှ programmer စ လုပ်ပါ။ မကြိုက်ရင် ဆက်မလုပ်နဲ့တော့။ စာအုပ်ကို https://eimaung.com/jsbook မှာ ရှိနိုင်ပါတယ်။
Programming Basic

Programming ကို စိတ်ဝင်စားမှု ရှိလာပြီ ဆိုရင် Programming Basic ကို စဖတ်လို့ရပါပြီ။ https://books.saturngod.net/programming_basic/ မှာ ဖတ်နိုင်ပါတယ်။ ဒီစာအုပ် ဖတ်နေရင်း programming ကို လက်လျော့ ချင်ရင် အချိန်မှီပါသေးတယ်။
Database

Programming ပြီးသွားရင် မဖြစ်မနေ သိသင့်တာကတော့ Database ပါ။ ကျွန်တော် ရေးထားသည့် အခြေခံ အဆင့် စာအုပ်ကို အရင် ဖတ်ကြည့်ပါ။ စာအုပ်ကို https://dbbasic.saturngod.net/ မှာ ဖတ်နိုင်ပါတယ်။

ဒီစာအုပ် ဖတ်ပြီးသွားရင် ဂျပန်မှာ အလုပ်လုပ်နေသည့် လှိုင်တင်ထွန်း ရေးထားသည့် sql101 ကို ဆက်ပြီး ဖတ်သင့်ပါတယ်။ Database Basic ပြီးသွားရင် sql101 ကို ပေါ့ပေါ့ပါးပါး ဖတ်ပြီး လုပ်လို့ရပါတယ်။ စာအုပ်ကို https://sql101.aprogrammer.blog/ မှာ ဖတ်နိုင်ပါတယ်။
Professional Web Developer

Full Stack Developer လုပ်မလား Mobile App Developer လုပ်မလား မသဲကွဲသေးသည့် အချိန်မှာ ဆရာ အိမောင်ရဲ့ Professional Web Developer စာအုပ် ကို ဖတ်သင့်ချိန် ရောက်ပါပြီ။ ဖတ်ကြည့်လို့ တအုပ်လုံး ပြီးသွားလို့ စိတ်ဝင်စားတယ်ဆိုရင် Full stack လမ်းကြောင်းကို သွားလို့ရပါပြီ။ မကြိုက်ရင်တော့ ဗဟုသုတ ရအောင် အနည်းဆုံးတော့ ဖတ်ကြည့်သင့်ပါတယ်။ https://eimaung.com/pwd2023/ မှာ သွားဖတ်နိုင်ပါတယ်။
Rockstar Developer

Professional Web Developer စာအုပ်ဖတ်ပြီးသွားလို့ React ကို စိတ်ဝင်စားသွားရင်တော့ Rockstar Developer စာအုပ်ကို ဖတ်နိုင်ပါတယ်။ https://eimaung.com/rsd2025/ မှာ သွားဖတ်နိုင်ပါတယ်။ React ကို မကြိုက်ဘူး iOS , Android , Flutter တို့ လုပ်ချင်တာ ဆိုရင်တော့ အခုလောလောဆယ် Youtube မှာပဲ ရှာပြီး လေ့လာလို့ရပါတယ်။
Developer Intern

အခု အလုပ် စဝင်နေပြီ။ ဘာတွေ လေ့လာထားရမှန်း သေချာ မသိ။ လေ့လာစရာများနေတာတွေကို ပြန်စုစည်းထားပေးသည့် Developer Intern စာအုပ်ကို https://devint.saturngod.net/ မှာ သွားဖတ်နိုင်ပါတယ်။ အလုပ် အတွက် အထောက် အကူပြုပါလိမ့်မယ်။
Design Pattern

Developer Intern စာအုပ်လည်း ဖတ်ပြီးပြီ။ SOLID Principle တွေလည်း ရပြီ။ ဒါဆိုရင်တော့ Design Pattern စာအုပ်ကို စဖတ်သင့်ပါပြီ။ https://designpatterns.saturngod.net/ မှာ ဖတ်နိုင်ပါတယ်။ တစ်ခါတည်း UML ပါတွဲလေ့လာလိုက်ပါ။

Design Pattern မှာ အသုံးများသည့် Pattern တွေပဲ ထည့်ထားပေးပါတယ်။ ဖတ်ရတာ အားမရဘူး။ ဒီထက် ပိုသိချင်တယ် ဆိုရင် ကိုသက်ခိုင်ရဲ့ OOP & Design Pattern စာအုပ်ကို ဖတ်နိုင်ပါတယ်။ https://github.com/mrthetkhine/designpattern မှာ စာအုပ်ကို download ချနိုင်ပါတယ်။
စာရေးသူတစ်ယောက် နဲ့ တစ်ယောက် ရေးဟန် နဲ့ အာဖော်တွေ ကတော့ တူ ကြမှာ မဟုတ်သည့် အတွက် စာအုပ် တိုင်း က ကိုယ့်အတွက် သင့်တော်ချင်မှ သင့်တော်မှာပါ။ ဖတ်လို့ အဆင်မပြေရင် နောက်တစ်အုပ် ပြောင်းဖတ်ကြည့် သည့် ပုံစံ နဲ့ အဆင်တိုင်း ဖတ်သွားကြည့်လို့ရပါတယ်။