Nginx with wordpress

သောကြာနေ့ ည က blog ကို rackspace server ပြောင်းလိုက်တယ်။ VPS ကို ပြောင်းလိုက်တယ်ဆိုတာကလည်း Node.js ကို စမ်းချင်တာရယ် နောက်ပြီးတော့ MZ hosting က ရက်ပြည့်တော့မှာ ဆိုတော့ လက်ရှိ hosting ကိုလည်း သဘောမကျတာကြောင့် ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ။ ဘယ် host ကို ပြောင်းမလဲစဉ်းစားတော့ Rackspace ကိုပဲ ခေါင်းထဲ ပြေးမြင်တယ်။ တကယ်တန်း ပြောင်းချင်တာကတော့ AWS ပေါ့။ သို့ပေမယ့် ပိုက်ဆံ က အဲလောက် မတတ်နိုင်။ ဒါကြောင့် rackspace ကိုပဲ ပြောင်းဖြစ်တော့တယ်။

ဟိုးအရင်ကတည်းက ကျွန်တော် Nginx အကြောင်းပြောဖူးပါတယ်။ သို့ပေမယ့် အခုလို နဖူးတွေ့ ဒူးတွေ ကြုံရတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ .php ကိုတော့ run ပါပြီတဲ့ wordpress ကတော့ run မရ။ .htaccess အစား config တွေကို သွားပြင်ရတာဆိုတော့ ပြဿနာက ကြုံကော။ wordpress အတွက် အမျိုးမျိုး စမ်းပေမယ့် မရ။ နောက်ဆုံးတော့ http://codex.wordpress.org/Nginx နဲ့ ရသွားတယ်။

Nginx နဲ့ php ကို သွင်းဖို့ အတွက်ကတော့ အစက fastcgi သွားသုံးတော့ တချက်တချက် ပြုတ်ပြုတ်ကျသွားတယ်။ ဒါနဲ့ fastcgi ကို သွားပြန် run နေရတယ်။ နောက်တော့ မဟုတ်သေးပါဘူးဆိုပြီး ရှာကြည့်တော့ phpfpm နဲ့ install လုပ်ပုံကို ဒီမှာ ရေးထားတာကိုတွေ့တယ်။ ဒါနဲ့ မပြီးသေးဘူး။ site ကြီးက နှေးနေပြန်ကော။ တချက်တချက် မတက်လာ။ ဒါနဲ့ super cache ကို ခံ။ nginx config ကို ပြန်ပြင်။ ဒါလည်း မထူးသေးဘူး။ နောက်မှ config တွေကို ကြည့်မိတော့

upstream backend {
server 127.0.0.1:9000;
}

ဆိုတာ ကျန်ခဲ့တယ်။ ဒါကြောင့် ဖြစ်မယ်ဆိုပြီး စမ်းကြည့်တော့ ချောချောမောမောနဲ့ ရသွားပါလေရောဗျာ။ ကျွန်တော့် အတွက်ကတော့ Apache နဲ့ လုပ်လိုက်ရင် ၁ ရက်တောင် မကြာပေမယ့် nginx ကတော့ ၂ ည လောက် အိပ်ရေးပျက်သွားရတယ်။ အခုတော့လည်း nginx config လေး မဆိုသလောက် သိလာရတာပေါ့။ လက်ရှိ blog က video.saturngod.net ကို ပြောင်းဖို့ လုပ်ရမယ်။ ပြောင်းတာက ကိစ္စ မရှိဘူး။ အခု rackspace က video streaming ဆိုရင် bandwidth တော်တော်ကုန်မှာ။ ဒါကြောင့် rackspace cloud file ကို သုံးရမယ့် ပုံစံ ဖြစ်နေတယ်။ ဒါကို တချက်ကြည့်ရအုံးမယ်။ အဲဒါပြီးမှ ပြောင်းဖို့ စဉ်းစားရမယ်။ ဒီညတော့ ornagai ပြောင်းမယ်။ နောက်အပတ် MZ ပြောင်းမယ်။ ပြောင်းတဲ့ အခါမှာတော့ ဘာပြဿနာတွေ ထပ်ကြုံနေအုံးမယ်ဆိုတော့ မသိနိုင်သေးပါဘူးဗျာ။

5 Comments

  1. MZ ပြောင်းတဲ့အခါမှာအဆင်ပြေပါစေဗျာ။

  2. m0rRis says:

    local မှာရော nginx စမ်းလို့ရလားမသိဘူးဗျ။ Linux environment မှာဖြစ်ဖြစ်လေ ၊ offline package အလိုက်ရမယ်ဆိုရင်တော့ node.js ပါစမ်းချင်တယ်ဗျ

    1. saturngod says:

      ရတယ်။ http://nginx.org/ မှာ download ချပြီး linux မှာ ကိုယ့်ဘာသာ ကိုယ် compile လုပ်ပြီး သုံးရင်ရတယ်။ ဒါမှမဟုတ် apt-get install nginx ဆိုပြီး သွင်းလိုက်ရင်လည်းရတယ်။ node.js က ဘာ server မှ မလိုပဲ *inx ဆိုရင် ရပြီ။

  3. K says:

    Theme ပြန်ပြောင်းအုံးမှာလား? လောလောဆည် Plugins တွေပြန်ထည့်ပါအုံး။ Facebook Like လုပ်လို့မရလို့။ ^^

    ဒါနဲ့ Morris မေးတာကို ဆက်မေးရအုံးမယ် အစ်ကို။ nginx သွင်းပြီးတာတော့ဟုတ်ပါပြီအစ်ကို။ ဒါပေမယ့် နောက်ပိုင်းဆက်လုပ်တဲ့အခါမှာ Internet Connection လိုအုံးမလား? Ubuntu မှာဆိုရင် Internet Connection ရှိဖို့လိုမယ်ထင်တယ်?

    1. saturngod says:

      Nginx is same like apache. No need internet connection after installed.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.