redirect mywebfonts.appspot.com

http://mywebfont.appspot.com/ ကို 301 redirect နဲ့ http://mmwebfont.comquas.com ကို ပြောင်းလိုက်ပါတယ်။ mywebfont ကို သုံးတဲ့ လူ ဘယ်လောက်များလဲတော့ မသိပါ။ mmwebfont ကို redirect လုပ်လိုက်တဲ့ အခါမှာ out of quota ပြဿနာ ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ mywebfont ကိုပဲ သုံးသုံး mmwebfont ကိုပဲ သုံးသုံး အတူတူပါပဲ။

mywebfont မှာ google analytics ထည့်သွင်းထားပါတယ်။ ဘာလို့ ထည့်သွင်းထားလဲဆိုတာကတော့ သုံးစွဲသူဘယ်လောက်ရှိလဲဆိုတာကို သိချင်လို့ပါ။ redirect ပြောင်းပြီးနောက်ပိုင်းမှာတော့ request က ၂ သောင်း ၄ ထောင် ကျော်သွားပါတယ်။

email ကနေ uni mon နဲ့ imon ကို support လုပ်ဖို့ ပြောထားတဲ့အတွက် ထည့်ပေးထားပါတယ်။ သို့ပေမယ့် iMon နဲ့ Uni Mon ကို ဘယ်သူဖန်တီးထားလဲဆိုတာ မသိပါဘူး။ သိသူများ comment မှာ ဖန်တီးသူရဲ့ နာမည် နဲ့ website လေး တချက်လောက် ပေးစေချင်ပါတယ်။ ကျွန်တော့် အနေနဲ့ iMon နဲ့ Uni Mon ကို mmwebfonts မှာ ထည့်သွင်းဖို့ ခွင့်တောင်းချင်ပါတယ်။

ကျွန်တော့် အနေနဲ့ကတော့ Yunghkio မှာ တိုင်းရင်းသား ဘာသာစကားတွေ အကုန်ပါဝင်တဲ့ အတွက် တိုင်းရင်းသား ဘာသာစကားတွေကို Unicode နဲ့ သာ အသုံးပြုစေချင်ပါတယ်။

Update:
– removed iMon font

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading