တချို့အရာတွေ အရင်က နားမလည်ခဲ့ပေမယ့်
အခုအချိန်မှာ နားလည်ခဲ့တယ်။

တချို့အရာတွေ အရင်က နားလည်ခဲ့ပေမယ့်
ထင်ထားတာတွေ မှားနေခဲ့တယ်။

တချို့ အတ္တနဲ့ မာနတွေက
တလွဲတွေမှန်း အချိန်က သင်ပြပေးခဲ့တယ်။

တချို့ အရာတွေက ခက်ခဲတယ်ထင်ပေမယ့်
လွယ်လွယ်လေးပါဆိုတာ အချိန်က သင်ပြပေးခဲ့တယ်။

အချိန်ဆိုတာ ရပ်တန့်မနေပေမယ့်
အတွေ့အကြုံတွန်းအားနဲ့ အမြင်တွေ ပြောင်းလဲခဲ့တယ်။

ဘာရယ်မဟုတ် Ruby စာအုပ်ဖတ်ရင်း
တချိန်က ဘာလို့ Ruby ကို ကောင်းကောင်းနားမလည်တာကို စဉ်းစားမရဘူး။

အခုအချိန်မှာ Ruby စာအုပ်ကောက်ဖတ်လိုက်တာနဲ့
သဘောကျဖို့ ကောင်းပြီး ရှင်းရှင်းလင်းလင်း နားလည်လာတယ်။

သဘောပေါက်မိလိုက်တာက
ငါ အခု အချိန်မှာ ခက်ခဲတယ်လို့ ထင်နေတာတွေ
နောက်တချိန်မှာ လွယ်လွယ်ကူကူ ဖြစ်သွားလေမလား ?

အခုအချိန်မှာ အရင်က ရေးခဲ့တဲ့ စာတွေကို ပြန်ဖတ်မိတယ်။
တချို့အရာတွေ ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတယ်။
အချို့အရာတွေကတော့ ခက်ခဲတယ်ထင်ခဲ့တယ်။
တခါတစ်လေ ဘာမဟုတ်တာလေးတွေကို ကြီးကျယ်တယ်လို့ ထင်ခဲ့မိတယ်။

အချိန်။
အတွေ့အကြုံ။
ဘဝအမြင် အချို့ကို ပြောင်းလဲလို့ပေါ့။

သို့ပေမယ့် ….
ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ကြိုးစားရအုံးမယ်။
တခြားသူတွေကိုတော့ မပြောင်းလဲနိုင်ဘူး။
ကိုယ့်အမြင်တွေကိုတော့ ပြောင်းလဲလို့ ရပါတယ်ဆိုတာကို
အချိန်က သင်ပေးခဲ့တယ်။

4 responses to “Time”

  1. သဘောတူမိပါတယ် ကိုစေတန် ခင်ဗျား …. ။ အချိန်က အတော်များများကို ပြောင်းလဲစေနိူင်ပါတယ် …။ ကျွန်တော်တို့တွေ .. တစ်နှစ် နဲ့ တစ်နှစ် တွေးခေါ်ပုံ ၊ ယူဆပုံတွေ ပြောင်းလဲလာတယ် လို့ ခံစားမိပါတယ် …

  2. အကိုတစ်ခုလောက် အကူအညီတောင်းချင်လို့ပါ..။ ကျွန့်တော့်ကို iTunes Gift အနေနဲ့ Apps ကို သူငယ်ချင်းက ဘန်ကောက်လှမ်းပို့လိုက်တယ်..။ အဲ့တာ ကို ဒေါင်းတော့ ကွန်ပျူတာ iTunes က error 11222 ပြပြီး ipad မှာကျ Code တခုပေါ်လာတယ်
    ပြီးတော့ This Code is only valid for customers in Thailand လို့ပဲပြတယ်..။ အဲ့တာဘယ်လိုလုပ်ရမလဲ..။ ပြီးတော့ iTunes မှာအရင်က ဒေါင်းထားတဲ့ app တွေကို ipa ဖိုင်အနေနဲ့ပြန် ပြောင်းလို့ရမလား..ကူညီပါဦး..။

    1. Thai က ဝယ်ထားတဲ့ Gift card ကို Thai account နဲ့ပဲ သုံးလို့ရတယ်။

      This Code is only valid for customers in Thailand

      ဆိုတာက ဝယ်ထားတဲ့ Gift Card coupon ကို Thai user account နဲ့သာ ရတယ်လို့ ဆိုလိုတာပါ။

      ဒါကြောင့် Thai App store account တစ်ခုကို သူငယ်ချင်းကို ဖန်တီးထားခိုင်းလိုက်ပါ။ ပြီးရင် gift card ကို အဲဒီ thai account နဲ့ သုံးပါ။

      1. ကိုစေတန်ရဲ့အဘောထားလေးတွေကိုရှဲချင်ပါတယ်နော်ကျနော့်ကို ကိုစေတန်ရဲ နာမည်တပ်ပြီးရှဲခွင့်ပေးပါခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading