After trying Larvel 7 months

PHP ကို မလုပ်ဖြစ်တာ အတော့်ကို ကြာခဲ့ပြီ။ PHP ပြန်လုပ်မယ့် ဆိုမှ ဘယ် framework တွေ ရှိလဲ မြန်မာနိုင်ငံမှာ ဘယ် framework အားကောင်းလဲဆိုတာ လေ့လာကြည့်တော့ Laravel ပဲ။ ကျွန်တော် PHP framework တွေ စထွက်တုန်းက CodeIgniter , Symfony, Cake စတာတွေက အတော်ကို ခေတ်စားသည့် အချိန်။ အဲဒီအချိန်တုန်းကတော့ အတော်ကို ရွေးရခက်တာ။ CodeIgniter က လေ့လာရတာ အလွယ်ဆုံးဖြစ်ပြီး share hosting တွေမှာ တင်လို့ ရတော့ အသုံးပြုခဲ့တယ်။ အဲဒီ အချိန်တွေက Digital Ocean လိုမျိုး $10 လောက်နဲ့ VPS ကောင်းကောင်းရဖို့ မလွယ်ဘူး။ အခုအချိန်မှာတော့ Digital Ocean, Linode စတာတွေမှာ VPS ကို ဈေးသက်သက်သာသာ နဲ့ ရနိုင်ပါတယ်။

Larvel က သဘောအကျဆုံးကတော့ documentation ပဲ။ CodeIgniter ကို လေ့လာဖြစ်တာလည်း documentation ကောင်းတာကြောင့်။ နောက်ပြီး Offline documentation ရတာကြောင့်လည်း ပါတယ်။ Laravel documentation ကို အတော်လေး ပြည့်ပြည့်စုံစုံ ဖန်တီးထားတာ သူ့ရဲ့ အားသာချက် ဆိုရမယ်။ နောက်ပြီးတော့ Laravel ကို စလေ့လာမယ်ဆိုရင် သူ့ရဲ့ documentation ကနေ ဖတ်ပြီး လေ့လာလိုက်တာနဲ့ အခြေခံ အဆင့်ကို ကောင်းကောင်း သိသွားနိုင်ပါတယ်။

တနေ့က Log ထည့်မယ်ဆိုပြီး စဉ်းစားလိုက်တာ laravel မှာ log အတွက် Facades ပါထားပြီးသား ဖြစ်နေတာ တွေ့တော့ developer တွေ အတွက် သေချာ ဖန်တီးထားသည့် framework ဆိုတာကို သိနိုင်တယ်။

ပုံမှန် အားဖြင့် ကျွန်တော် ORM ကို သဘောမကျဘူး။ နှေးတယ်။ မလွတ်လပ်ဘူး လို့ ထင်ခဲ့ပေမယ့် Eloquent ကို တော့ တော်တော် သဘောကျတယ်။ Query Builder နဲ့ တွဲထားပြီး ဖန်တီးထားပြီး relationship ပိုင်းတွေမှာ development အပိုင်းတွေ တော်တော်လေးကို သက်သာသွားတယ်။ သို့ပေမယ့် raw query လောက်တော့ powerful မဖြစ်ပေမယ့် development နဲ့ ရေရှည် maintaince အပိုင်းအတွက Eloquent ကို ပိုသဘောကျမိတယ်။

နောက်ပြီး laravel က အရမ်းလွတ်လပ်တယ်။ Eloquent သုံးလည်း ဖြစ်တယ်။ မသုံးလည်းဖြစ်တယ်။ Laravel Mix ကို သုံးလည်း ဖြစ်တယ်။ မသုံးလည်းဖြစ်တယ်။ Laravel အတွက် Package တွေ ဖန်တီးလို့ရ သလို အခြားသူဖန်တီးထားသည့် package တွေကိုလည်း ယူသုံးလို့ ရတာကတော့ အတော်လေးကို သဘောကျတယ်။ Laravel မှာ tinker က တကယ့်ကို powerful ဖြစ်ပါတယ်။ Tinker ကတော့ Laravel REPL framework ပါ။

Laravel က အရမ်းကို powerful ဖြစ်တော့ ပြဿနာကတော့ PHP ကို သေသေချာချာ မလေ့လာပဲ laravel နဲ့ စသည့် ပြဿနာပဲ။ PHP ကို မလေ့လာဘူးပဲနဲ့ laravel ကို စပြီးလေ့လာဖို့တော့ အားမပေးချင်ဘူး။ Ruby ကို မလေ့လာပဲ Rails ကို စလုပ်သလို ဖြစ်နေလိမ့်မယ်။ အခုမှ စလေ့လာမယ့် သူတွေကို ချက်ခြင်း framework တွေကို မလေ့လာစေချင်ဘူး။ အရင်ဆုံး PHP basic ပိုင်းတွေ syntax တွေ logical thinking တွေကို လေ့လာစေချင်တယ်။ framework ကို စလေ့လာမယ်ဆိုရင် framework ပေါ်မှာ အရမ်းအားကိုးပြီးတော့ အချို့ ပိုင်းတွေ စဉ်းစားတတ်မှာ မဟုတ်ဘူး။ ဥပမာ SQL query ကောင်းကောင်း မရေးတတ်တော့ဘူး။ Log အတွက် ကိုယ့်ဘာသာကိုယ် ဘယ်လို တည်ဆောက်ရမလဲ တည်ဆောက်သင့် သလဲတွေ မစဉ်းစားဖြစ်တော့ဘူး။ laravel မှာ package ရှာမတွေ့သည့် အခါ မှာ ကိုယ်ပိုင် package တစ်ခု ရေးဖို့ လန့်နေလိမ့်မယ်။ နောက်ပြီးတော့ အခြား language ကို ပြောင်းဖို့ အခက်အခဲ ဖြစ်လိမ့်မယ်။ ပြောင်းမယ်ဆိုရင်လည်း အဲဒီလိုမျိုး framework ရှိလား ဆိုပြီး ရှာတာကနေ စရှာ ဖြစ် လိမ့်မယ်။ ဒါကြောင့် စလေ့လာမယ့် သူတွေကိုတော့ laravel ထက် စာရင် vanilla php နဲ့ project တွေ ရေးကြည့်စေချင်တယ်။ ဒါမှသာ ပိုပြီး စဉ်းစားတတ်လာလိမ့်မယ်။ လုပ်ငန်းခွင်ထဲမှာ ဆိုရင်တော့ pure php နဲ့ project ရေးတာထက် laravel နဲ့ စလိုက်ရင်တော့ အတော့်ကို မြန်တာ အမှန်ပါပဲ။ ကျွန်တော် ထင်ထားတာထက် development ပိုင်းက laravel နဲ့ဆို တော်တော်လေးမြန်သွားပါတယ်။

3 Comments

  1. typo in your title bro

    1. saturngod says:

      Auto correct :( no idea , my mac always try to change e to a for laravel ?

  2. Phone says:

    Thanks bro

Leave a Reply to Kelvin Morris Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.