အခုတလော hostmonster သုံးရတာ တော်တော်စိတ်ပျက်တယ်.. ကျွန်တော်ကတော့ hostmonster မှာ မဝယ်စေချင်ဘူး.. အခုတင်ထားတဲ့ ကြော်ငြာလည်း ဒီ post ပြီးရင် ဖြုတ်တော့မယ်.. တော်တော်လေးကို မကောင်းတာပါ… အဓိကတော့ copyright တွေအရမ်းလိုက်တယ်… နောက်ပြီး customer care အဲလောက်မကောင်းတဲ့ အပြင် server က တခါတလေ CPU က limit execess ဆိုပြီး ဖြစ်ဖြစ်သွားတတ်တယ်… အထူးသဖြင့် copyright ညှိတဲ့ post တွေ မိသွားခဲ့ရင် ပြဿနာရှာတတ်ပါတယ်… သူက နာမည်ကြီးဆိုတော့ copyright ထိန်းသိမ်းလို့နဲ့ တူပါတယ်.. ML ကတော့ Hostmonster ပြဿနာလုပ်တာနဲ့ ၂ ခါရှိပြီ.. စာအုပ်တွေ ဖျက်ချခံထိတာ… စိတ်တောင် ကုန်သွားပြီ.. hostmonster ဝယ်မယ်အစား.. တခြား hosting ပြောင်းဝယ်မလို့… အဲ… ဒီဘက်ကဟာတွေကို အကုန်ပြောင်းလို့ရမယ်ဆိုရင်တော့ ပြောင်းမယ်လို့ စဉ်းစားထားတယ်… ခက်တာက Hostmonster မှာ ၂နှစ်မှ ဈေးသက်သာတယ်ဆိုပြီး ၂ နှစ်စာဝယ်ထားမိတယ်.. IP လည်းဝယ်ထားမိတော့ ပြဿနာပဲ… ML ကလည်း ကျွန်တော်တို့အတွက် အရေးကြီးတယ်ဗျ… ebook တွေကို တင်နိုင်မှ ဖြစ်မယ်လေ… နောက်တစ်နည်းတော့ ကြံရတော့မယ်… ဒီအတိုင်းဆိုရင်တော့ မဖြစ်ဘူး… တခြားနည်းတမျိုး ပြောင်းရမယ်… ၁ နှစ်ကျော်တော့ သည်းခံရအုံးမယ်ဗျာ…

copyright ညှိတာကို တင်တာ ကျွန်တော်တို့အမှားဆိုပေမယ့်… ကျွန်တော်တို့ ML ကို စတင်တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်ကိုက လေ့လာသူတွေ လွယ်လွယ download ချလို့ရအောင်လေ… အခုတော့ နောက်တစ်နည်းပဲ စဉ်းစားရတော့မှာပေါ့ဗျာ….

ခက်၏..ခက်၏….

3 responses to “hostmonster Recommend မလုပ်ပါ”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading