Why Flash won’t die ?

မနေ့တုန်းကတော့ Flash Future ဆိုပြီး ကျွန်တော် ရေးပြီးပါပြီ။ Flash ဟာ အနာဂတ်မှာ ပျောက်ဆုံးသွားမှာလားဆိုတဲ့ မေးခွန်း တစ်ခုကို ဖြေရမယ်ဆိုရတော့ မပျောက်ဆုံးပါ။ မသေဆုံးနိုင်ပါ။ Adobe ဟာလည်း flash ကို သေဆုံးခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ပြီး blog post တွေ တော်တော်များများမှာ Flash နဲ့ HTML 5, jquery ဟာ ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာပြီ လို့ ရေးလာကြပါတယ်။ တကယ်တန်းစဉ်းစားကြည့်မယ်ဆို ဟုတ်သလိုလိုနဲ့ မဟုတ်ပြန်ဘူး။ ဘာဖြစ်လို့ Flash က မသေဆုံးနိုင်တာလဲ။

Flash ပိုင်ဆိုင်ထားတဲ့ နယ်မြေဟာ web တစ်ခုတည်းမဟုတ်ပါဘူး။ HTML5 က web တစ်ခုတည်းပါ။ ဒီမှာတင် အဖြေက ရှင်းပါတယ်။ တနည်းပြောရင် HTML5 နဲ့ flash ဟာ ယှဉ်ပြိုင်စရာ ပြိုင်ဘက်တွေမဟုတ်သလို ပြိုင်စရာအကြောင်းလည်း မရှိဘူးလို့ ဆိုရင်တောင် ရတယ်။ Flash ကို Micromedia က 1996 မှာ စတင်ထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာဆိုရင် ၁၄ နှစ်တောင် ရှိနေပြီ။ Flash ကို အခုအချိန်မှာ Adobe Comapny က ပြိုင်ဆိုင်ထားပြီး Flash Developer တွေဟာလည်း မြောက်မြားစွာရှိပါတယ်။ Actionscript 3 မှာ အခြား feature တွေ မြောက်မြားစွာ ပါဝင်လာခဲ့တဲ့အတွက် Flash Developer တွေ စိတ်ကြိုက်တွေ့စေခဲ့တယ်။

Flash ရဲ့နေရာများ
လက်ရှိ Flash ဟာ Web လောက တစ်ခုတည်းမှာတင် flash website, flash game, flash video , flash music play စတာတွေကို အသုံးပြုနေကြပါတယ်။ Flash သုံးထားတဲ့ Website က အခုချိန်မှာတော့ iPhone, iPad, iPodTouch တွေမှာတော့ ကြည့်လို့ မရတော့ပေမယ့် Android 2.2 မှာ စတင် support လုပ်လာပါပြီ။ နောက်တချက်က Blakberry ကလည်း Flash ကို support လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း သဲ့သဲ့ကြားနေရတာ flash အနာဂတ်အတွက် အားတက်စရာပါပဲ။ နောက်ပြီး Flash ဟာ PHP , XML တွေနဲ့ ကောင်းကောင်းမွန်မွန်တွဲသုံးနိုင်တဲ့အတွက် dynamic flash website တွေကို လွယ်လွယ်ကူကူ ဖန်တီးလာနိုင်ပါတယ်။ website ဆိုတဲ့နေရာမှာ online တင်မှ website တစ်ခုဖြစ်တာမဟုတ်ပါဘူး။ Local Network သို့မဟုတ် WAN တွေမှာ အလုပ်လုပ်နေတာတွေလည်း web base တွေပါပဲ။ နောက်ပြီး Flex ကိုလည်း မေ့ထားလို့ မရပါ။ Flex က XML တွေနဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး Graph တွေ ဖန်တီးရာမှာ အရမ်းလွယ်ကူပါတယ်။ စီးပွားရေး website တွေမှာ Graph တွေကို ပြသဖို့အတွက် Flex ကို အသုံးပြုလာကြတယ်။ သို့ပေမယ့်လည်း အခုအချိန်မှာ jquery နဲ့ graph လှလှတွေ ဖန်တီးလာနိုင်ပါပြီ။

Flash game တွေကတော့ web ပေါ်မှာ နေရာယူထားနိုင်တယ်ဆိုပေမယ့် iPhone App store မှာလည်း game ပေါင်းမြောက်မြားစွာရှိတယ်။ Flash game တွေက multitouch, sensitivity တွေ မပါတာကတော့ iPhone game တွေထက်စာရင် စွဲမက်စရာ မရှိဘူးပေါ့။ Android မှာရှိတဲ့ Game တွေထက်စာရင် Flash game လေးတွေက ပိုကောင်းနေသလိုပဲ။ နောက်တချက်က facebook က Game တွေမှာ flash ကို သုံးလာပါတယ်။ ကိစ္စမရှိပါ။ iPhone, iPad တို့မှာ flash support မလုပ်ရင် game company တွေက iPhone, iPad အတွက် ပြန်ရေးရုံပဲပေါ့။ ဘာလို့လည်းဆိုတော့ flash ကို animation အတွက်သာ အသုံးပြုထားပြီး data တွေအားလုံးဟာ database ထဲမှာ ရှိပါတယ်။ နောက်ပြီး Flash နဲ့ image တွေဆွဲပြီးသားဖြစ်တဲ့အတွက် iPhone, iPad game ပြောင်းတဲ့အခါမှာ objective C ပြန်ရေးရတဲ့အပိုင်းပဲ ရှိတော့မှာပါ။

Video နဲ့ Audio ပိုင်းမှာတော့ အခုအချိန်ထိ Video က kaltura player ကြောင့် အဆင်ပြေသေးပေမယ့် Audio အပိုင်းကတော့ javascript နဲ့ ပြန်ရေးရမှ playlist တွေ လုပ်လို့ရမှာ ဆိုတော့ သိပ်အဆင်ပြေကြီးမဟုတ်ဘူး။ ဒါပေမယ့်လည်း ရေးရတာ မခက်ခဲလှပါဘူး။ နောက်တချက်က လက်ရှိ Flv တွေ အကုန်လုံးကို Theora, H.264 ကို မပြောင်းနိုင်သေးပါဘူး။ VIMEO , Youtube တို့က HTML5 ရပြီဆိုပေမယ့် flash ကိုတော့ အခုချိန်ထိ စွန့်လွှတ်နိုင်မှာ မဟုတ်သေးပေမယ့် တဖြည်းဖြည်းနဲ့ ပြောင်းသွားလိမ့်မယ်လို့ ထင်ပါတယ်။

jQuery ဟာ တော်တော်များများ ဖန်တီးလာနိုင်ပေမယ့် များပြားလှတဲ့ animation တွေကို flash လို လွယ်လွယ်မဖန်တီးနိုင်ဘူး။ video နဲ့ sound တွေ မြောက်မြားစွာ သုံးပြီး website တစ်ခု မဖန်တီးပေးနိုင်ဘူး။ jQuery ဘယ်လောက်ကောင်းကောင်း code တွေနဲ့ ရေးနေရတာပါ။ flash ကတော့ GUI level မှာ အလုပ်လုပ်ပါတယ်။ နောက်တချက်က flash က 3D ဖန်တီးနိုင်တယ်။ web ပေါ်မှာ 3D ပြချင်တဲ့အခါမှာ Flash က အဆင်ပြေတယ်လို့ ဆိုလို့ရမယ်။ Apple ကတော့ iPad 3D ကို PNG ပေါင်းမြောက်မြားစွာနဲ့ jquery သုံးပြီး သူ့ website မှာ တင်ထားပါတယ်။ 3D animation အသေးလေး တွေ နောက်ပြီး product ကို 3D ပြချင်တဲ့အခါမှာ flash က အဆင်ပြေတယ်။

Flash က web သာမကဘူး application exe တွေ ထုတ်ပေးလို့ရတယ်။ ဒါဟာ .NET နဲ့ application ရေးရတာထက် အများကြီး လွယ်ကူပြီး လှပတဲ့ windows application တွေကို ဖန်တီးနိုင်တယ်လေ။ နောက်ပြီးတော့ .NET , java တို့လိုမျိုး runtime မလိုဘူး။ exe ထုတ်ပြီးတာနဲ့ ကြိုက်တဲ့ PC ပေါ်မှာ run လို့ရပြီ။  နောက်ပြီး CD/DVD ခွေတွေဝေတဲ့အခါမှာ company profile ဖြစ်ဖြစ် documentation ဖြစ်ဖြစ် ထည့်ပေးချင်တဲ့အခါမှာ HTML + CSS နဲ့ ရေးထားတာထက် Flash နဲ့လုပ်ထားတဲ့ဟာတွေက ပိုပြီး ဆွဲဆောင် မှုရှိစေတယ်။ နောက်တချက်က movie အသေးစားလေးတွေ video တွေကို flash နဲ့ လုပ်ရတာ ပိုလွယ်ပါတယ်။

နောက်တချက်က Flash Development ပဲ။ Flash နဲ့ ကျွန်တော် thrid year , hons ၂ နှစ်လောက်ထိ တောက်လျှောက် သုံးခဲ့ဘူးတဲ့အတွက် flash development လုပ်ရတာကို သိတယ်။ Flash မှာ module တွေ addon တွေ အများကြီးထည့်လို့ရတယ်။ နောက်ပြီး action scirpt နဲ့ flash ရဲ့ frames တွေနဲ့ ပေါင်းပြီး မြောက်မြားစွာသော animation တွေ လုပ်နိုင်တယ်။ နောက်ပြီး XML , PHP တို့နဲ့ လွယ်လွယ်ကူကူ သုံးလို့ရတဲ့အတွက် front end design အနေနဲ့ flash ကို သုံးရတာ အဆင်ပြေတယ်။ တကယ်လို့ iPhone, iPad တို့မှာ flash ကို support လုပ်ပြီဆိုတာနဲ့ လက်ရှိရေးထားတာတွေကို ထွေထွေထူးထူး ပြင်စရာမလိုပဲ လွယ်လွယ်ကူကူပြောင်းလို့ရမယ့် addon တွေ ထွက်လာအုံးမှာပဲ။ Flash , Flex developer တွေဟာ လက်ရှိ လုပ်ငန်းခွင်တွေထဲမှာ အများကြီးရှိပါတယ်။ တစ်ခါတစ်လေ Flex ယှဉ်ပြီး Web Design ပြိုင်တဲ့အခါမှာ Client က Flex နဲ့ လုပ်ထားတာတွေကို သဘောကျမှာ အမှန်ပဲ။ Flex နဲ့ လုပ်ထားတဲ့ Graph တွေ animation တွေကို မိန်းမောမိမှာ သေချာတယ်။ client တွေကတော့ flash နဲ့ ရေးထားရင် mobile support လုပ်လား မလုပ်လားဆိုတာကို သိချင်မှ သိပါမယ်။ အများအားဖြင့် သာမာန် PC နဲ့ ကြည့်မယ့် user တွေကိုပဲ အားထားကျတာ များတယ်။ Flash CS5 မှာ iPhone app တွေရေးလို့ရလာပါပြီ။ အဲဒီအကြောင်းကို မနေ့က ပြောဘူးပါတယ်။

HTML5 နဲ့ jQuery ပိုင်ဆိုင်ရာ

jQuery , HTML 5 အဲဒီ နှစ်ခုက အပေါ်မှာ ပြောသွားတဲ့အချက်တွေ ကို မဖန်တီးနိုင်ဘူး။ HTML5 နဲ့ jquery တို့ဟာ web ပိုင်းတစ်ခုအတွက်ပဲ စွမ်းဆောင်ပေးနိုင်တယ်။ HTML 5 နဲ့ movie လုပ်လို့မရဘူး။ application ဖန်တီးလို့မရဘူး။ တနည်းပြောရင် နယ်မြေမတူဘူး။ တနည်းပြောရင် စစ်ဖြစ်စရာမလိုပါဘူး။ Adobe နဲ့ Apple ပြဿနာဟာ web content ပိုင်းတစ်ခုတည်းမှာပါ။ Application, Presentation , Movie စတာတွေမှာ HTML5, jquery က ဝင်ရောက်နေရာ ယူနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သေချာတယ်။ Flash က မသေနိုင်ဘူး။

Flash ကို သုံးရင် ကောင်းတာတွေက

  • လိုအပ်တဲ့ addon တွေ module တွေ အများကြီးရှိတယ်။
  • 3D လိုချင်ရင် ဆွဲလို့ရမယ်
  • Website တွေ ဖန်တီးလို့ရမယ်
  • Animation တွေ ဖန်တီးလို့ရမယ်
  • Video အသေးလေးတွေ ဖန်တီးလို့ရမယ်
  • Built in UI နဲ့ အခြား feature တွေပါမယ်
  • Font embed လုပ်လို့ရမယ်
  • Vector ပုံတွေ ဆွဲလို့ရတယ်

မကောင်းတာတွေကတော့

  • ဈေးကြီးတယ်
  • iPhone, Ipad နဲ့ mobile deveice တွေမှာ support လုပ်ဘူး
  • version အဟောင်းအနဲ့ အသစ် ပြဿနာ တွေ ကြုံရတတ်တယ်
  • ထွက်လာတဲ့ file size အရမ်းကြီးမယ်
  • Flash Player security issue ရှိတတ်တယ်
  • Flash မှာရှိတဲ့ element တွေ UI တွေက limit ရှိတယ်

Flash က ဘယ်တော့မှ မသေဘူး။ web ပေါ်မှာ ဝေစု နည်းရင် နည်းသွားမယ်။ ဒါပေမယ့် အခြား နယ်မြေတွေမှာ အင်အားကြီးမားလာအုံးမှာပဲ။ Flash Developer တွေဟာလည်း Flash , Flex စတာတွေနဲ့ အလုပ်တွေ ဆက်လုပ်နေရအုံးမှာပဲဗျာ။

Reference

  • http://www.smashingmagazine.com/2010/05/18/html5-and-flash-why-its-not-a-war-and-why-flash-wont-die/
  • http://www.search-this.com/website-design/why-flash-will-never-die/
  • http://logicpool.com/archives/30

4 Comments

  1. minko says:

    ကိုစေတန်ရဲ့ macforus က english လိုနဲ့ myanmar လို change တဲ့ plugin လေးကိုဘယ်မှာ
    download လုပ်လို့ရနိုင်ပါသလဲ။ ပြီးတော့ ကိုစေတန်ရဲ့ facebook share plugin ကိုရောဘယ်မှာရနိုင်ပါသလဲ။

  2. myintkt says:

    >> မကောင်းတာတွေကတော့…
    >> ထွက်လာတဲ့ file size အရမ်းကြီးမယ်

    ကျန်တာတွေတော့ ဟုတ်တယ်။ အဲဒါဟုတ်ဖူး။ လက်တွေ့လုပ်ကြည့်တဲ့အခါ Flash က PNG သုံးတာထက်ကို compress ဖြစ်နေတာ အံ့အောစွာဘဲ တွေ့ရတယ်။ ဘာကြောင့်ဆိုတာ ကျွန်တော့် tutorial မှာရေးထားပါတယ်။

    http://www.mysteryzillion.org/forums/showthread.php/7428-Flash-game-development-tutorial?p=71783#post71783

    Vector graphic တွေကတော့ file size နဲနဲကြီးတယ်။ ဒါကလဲ အဲလောက်တော့ ကြီးမှာဘဲ၊ တခြား vector format တွေလဲကြီးတာဘဲ။

    1. saturngod says:

      ဟုတ်။ ကျေးဇူးပါ။ vector ဖြစ်တဲ့အတွက်ကြောင့် သာမာန် size ထက်တော့ ကြီးမှာပဲ။ vector format တွေ အကုန်လုံးက file size ကြီးပါတယ်။ jquery နဲ့ ယှဉ်ရင် ကြီးတယ်လို့ပြောတာပါ။ flash slideshow က လုပ်ရတာ အရမ်းလွယ်ပြီး ကောင်းပေမယ့် jquery slideshow ထက်ယှဉ်ရင် loading ပိုကြာတာကို ပြောတာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.