WordPress beyond the Blog

WordPress ကို အများစုက Blog လုပ်တဲ့ script အနေနဲ့ပဲသိကြပါတယ်။ WordPress က blog တစ်ခုထပ်ပိုပါတယ်။ ကျွန်တော်တို့တွေ wordpress ကို အသုံးပြုပြီးတော့ အများကြီး ဖန်တီးလို့ရတယ်။ WordPress မှာ မြောက်များလှတဲ့ Plugins တွေ ကောင်းမွန်လှတဲ့ supporting တွေ ရှိပါတယ်။ WordPress ကို အသုံးပြုပြီး ကျွန်တော်တို့တွေ ဘာတွေ လုပ်နိုင်လဲဆိုတော့

၁။ Social Network
၂။ Showcase ( Photo, Video, any other showcase )
၃။ Website (CMS)
၄။ e-Commerce

အပြင် အခြား အများကြီး လုပ်လို့ရပါသေးတယ်။ WordPress ကိုလည်း ကိုယ်ရေးထားတဲ့ Site နဲ့လည်း လွယ်လွယ်ကူကူ Integrate လုပ်နိုင်ပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့အချက်က Plugins တွေ ရေးလို့ရတယ်။ Theme တွေ ရေးလို့ရတယ်။ အဲဒီအတွက်ကတော့ PHP နဲ့ Web Essential ပိုင်းကိုတော့ မဖြစ်မနေ သိဖို့ လိုတယ်။

WordPress တစ်ခုလုံးမှာ တကယ်အဓိက အပိုင်းက template ပါ။ Template ပုံစံကတင် CMS လား Blog လားကို ခွဲထုတ်ပေးတာပါ။ Template ကပဲ Showcase site ပုံစံပြောင်းပေးတာပါ။ e-Commerce လိုမျိုး site ကလည်း template နဲ့ plugins ကို အသုံးပြုရပြန်ကော။ Social Network အတွက် Layer တစ်ခုဖြစ်တဲ့ buddypress ကို အသုံးပြုနိုင်တယ်။ Forum နဲ့တွဲချင်ရင်လည်း bbpress ဆိုတဲ့ forum နဲ့ လွယ်ကူစွာ တွဲသုံးလို့ရတယ်။ အခြား Forum တွေနဲ့ bridge တွေရှိတတ်ပါတယ်။ တကယ်လို့မရှိဘူးဆိုရင်လည်း ကိုယ်တိုင်ပြန်ရေးနိုင်ပြီး WordPress ရဲ့core function တွေကို ယူသုံးလို့ရပါတယ်။

Plugins တွေ ဘယ်က ရမလဲ

Plugins ပေါင်း ၈၀၀၀ နီးပါး ရှိပြီး နေ့စဉ် plugins အသစ်တွေ တင်နေတာကတော့ http://wordpress.org/extend/plugins/ မှာပါ။ Plugins တော်တော်များများက ရှိနေတတ်ပါတယ်။ ဒါကြောင့် အရင်ရှာကြည့်လိုက်ပါ။ WordPress ကိုယ်တိုင်က Plugins တစ်ခုမရေးခင် အရင်ရှာကြည့်ဖို့ request လုပ်ထားပါတယ်။ လိုအပ်တဲ့ plugins တော်တော်များများ ရှိပြီးသားပါ။

Plugins တွေက ဘာလုပ်ပေးနိုင်လဲ

Plugins က လိုအပ်တာတွေ ဖြည့်ပေးနိုင်တယ်။ ဥပမာ Gallery , Syntax Highlighting အပြင် တော်တော်များများကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ WordPress သမာရိုးကျက ရိုးရှင်းတဲ့ Blog အတွက်ပဲ ဖြစ်ပေမယ့် Plugins တွေကို အသုံးပြုပြီး သီချင်းတွေထည့်တာ Picture Gallery တွေ လုပ်တာ Video Gallery တွေလုပ်တာ စတာတွေကို ကိုယ့် Post တွေထဲမှာ ထည့်သွင်းလာနိုင်မှာပါ။ Plugins တွေကအများကြီးဖြစ်ပြီး ကိုယ်ဘာလုပ်ချင်လဲပေါ်မှာ မူတည်ပြီး ဖန်တီးယူရုံပါပ၊

Plugins ဘယ်လိုရေးမလဲ

http://codex.wordpress.org/Writing_a_Plugin မှာ သေသေချာချာ ရေးပေးထားပါတယ်။ နည်းနည်းတော့ ရှုပ်ပေမယ့် တကယ်လုပ်ရင်တော့ ရသွားမှာပါ။

Theme ဆိုတာ

Theme ဆိုတာကတော့ ကိုယ့် site ရဲ့ skins ပေါ့။ တနည်းပြောရင် Design ပေါ့။ site တစ်ခုလုံး ပုံစံကို Theme က အဓိက ပုံပေါ်ပေးတာပါ။ ဥပမာ Jquery Slideshow တွေ ထည့်တာ နောက်ပြီး macforus.com မှာလို ပုံတွေမှာ အမြဲ ဘယ်ဘက်မှာ icon လေးတွေ ပါနေတာ စတာတွေပေါ့။ Post တင်တဲ့နေရာရဲ့ အောက်မှာ Custom Fields ဆိုတာ ပါပါတယ်။ အဲဒါက Template နဲ့ တွဲသုံးဖို့အတွက်ပေါ့။ Template ဆိုတာက Archive template, Page Template, Single Template စတာတွေပေါ့။ Theme က ကိုယ့် site က ဘာ site လဲဆိုတာကို ဖန်တီးပေးသွားတာပါ။ CMS ဆိုရင် CMS Theme ကို အသုံးပြုလိုက်ရုံပါပဲ။

Theme တွေ ဘယ်ကရမလဲ

http://wordpress.org/extend/themes/ မှာရှိပေမယ့် google ကနေ ရှာလိုက်တာ ပိုသင့်တောပါတယ်။ Theme တွေအများကြီးရှိပါတယ်။

Theme တွေ ဘယ်လိုရေးမလဲ

http://codex.wordpress.org/Main_Page မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ Theme ရေးမယ်ဆိုရင် template tag တွေကို သိထားဖို့ လိုပါတယ်။

Integrate with your own PHP site

http://codex.wordpress.org/Integrating_WordPress_with_Your_Website မှာ ကြည့်လိုက်ရုံပါပဲ။ wp-blog-header.php ကိုလှမ်းခေါ်ပြီး wordpress template tag တွေ ခေါ်သုံးလို့ရပါပြီ။

WordPress ဟာ Blog တစ်ခုဆိုတာထက် ပိုပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ community နဲ့ forum ရှိပါတယ်။ http://wordpress.org/support/ မှာ WordPress နဲ့ ပတ်သက်ပြီး မသိတာတွေ မေးလို့ရပါတယ်။ WordPress မှာ အဆင်မပြေတာ တစ်ခုကတော့ User Level တွေအများကြီး မပါဝင်တာပါပဲ။ User Level တွေ Permission တွေ လိုသလို ထပ်ခွဲလို့မရတာကတော့ အချို့ ကိစ္စတွေမှာ အခက်ကြုံရတတ်ပါတယ်။

5 Comments

  1. တလက်စတည်း မေးချင်လို့ အခု သုံးထားတဲ့ တန်းပလိတ် က ပရီမီယံ လား ဟင်..

    လင့် လေး ညွှန်းပါလား…

    1. saturngod says:

      it’s free. WhiteMag Theme

  2. အခု သုံးထားတဲ့ တန်းပလိတ်လေး ကြိုက်လို့.. ပရီမီယံလား.

  3. အခု တန်းပလိတ်လေး သဘောကျလို့

    ပရီမီယံဆိုလဲ လင့်လေးညွန်းဆိုပေးပါ…

    1. saturngod says:

      WhiteMag ဆိုတာ သုံးထားတာပါ။ Google မှာ ရှာလိုက်ရင်ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.