လက်ရှိ mobile တွေမှာ ဇော်ဂျီ font default မပါလာပါဘူး။ mobile တွေကနေ ကြည့်ရင် ကိုယ့် site မှာ မြန်မာလို မမြင်ရတဲ့အတွက် အဆင်မပြေကြပါဘူး။ jailbreak မလုပ်ချင်တဲ့သူတွေ လုပ်လို့မရသေးတဲ့သူတွေအတွက်ပါ ကိုယ့် site ကို မြင်ချင်ရင် အောက်က plugin လေးကို download ချပြီး သွင်းလိုက်ရင် အဆင်ပြေပါလိမ့်မယ်။ ကျွန်တော်ကတော့ လက်ရှိ wp touch plugin ကို Mobile အတွက် သုံးထားပါတယ်။
svg font အတွက် ထူးတေဇာ ရေးဘူးတာရှိပါတယ်။ အခု plugin အတွက် svg font ကိုလည်း ထူးတေဇာ အကူအညီနဲ့ လုပ်ထားတာပါ။ အခု font မှာတော့ တေဇာ့ plugin တုန်းက လိုတာလေးတွေ ထပ်ပြင်ထားပြီး svg အတွက်သာမက အခြား browser တော်တော်များများနဲ့ အဆင်ပြေအောင် လုပ်ထားပါတယ်။ Android, iPhone , iPodTouch, iPad အပြင် ကိုယ့် website ကို လာကြည့်တဲ့လူတွေ စက်ထဲမှာ font မရှိလည်း မြင်ရအောင် လုပ်ထားတယ်။ အရင်ဆုံး local ကနေ font ရှာတယ်။ font ရှိရင် လုပ်တယ်။ font မရှိရင် download ဆွဲတယ်။ @font-face ကိုပဲ သုံးထားတာပါ။ source code ကို ဖတ်ပြီး စိတ်ကြိုက် ယူသုံးလို့ရပါတယ်။
Leave a Reply