အခု iOS 7 အတွက် evasi0n jailbreak နဲ့ jailbreak လုပ်လို့ရပါပြီ။
ဇော်ဂျီ Font ဘယ်လို သွင်းမလဲ
ဇော်ဂျီ font ကို Install လုပ်ရန် ၂ ဆင့် ပြုလုပ်ရပါမယ်။ ပထမဆုံး profile သွင်းပါ။ http://d.pr/f/M8Es+ သွင်းပါ။ သူ့ကို သွင်းရန် jailbreak လုပ်စရာမလိုပါ။ zawgyi profile အကြောင်း ကို ဒီမှာ ရေးထားဖူးပါတယ်။ ဒီ profile က safari နဲ့ webview တွေမှာ မမြင်ရပါဘူး။ မြင်ရအောင် jailbreak လုပ်မှ ရပါမယ်။
evasi0n နဲ့ jailbreak လုပ်ပြီး Cydia က Sources > Edit > Add မှာ http://cydia.macforus.com ကို ထည့်ပါ။
Mac For Us repo အောက်က Zawgyi iOS 7 Font ကို သွင်းပါ။
Font သွင်းထားတယ်။ mail နဲ့ note မှာ မြန်မာလို မမြင်ရဘူး
Zawgyi font profile မသွင်းထားလို့ပါ။
Font profile သွင်းထား Cocoa error code 516 တက်နေတယ်။
http://d.pr/f/dYDM+ ကို ပြောင်းသွင်းကြည့်ပါ။
Zawgyi iOS 4.3 ကို သွင်းထားတယ်။ Zawgyi iOS 7 font ထပ်သွင်းရမလား
Zawgyi iOS 4.3 နဲ့ အလုပ်လုပ်နေရင် Zawgyi iOS 7 ထပ်သွင်းစရာ မလိုပါဘူး။
Zawgyi Keyboard ဘယ်လို သွင်းရမလဲ
လက်ရှိ ဇော်ဂျီ keyboard ၂ မျိုးရှိပါတယ်။ သန့်သက်ရဲ့ keyboard နဲ့ မိုးစက် ရဲ့ keyboard ပါ။ မိုးစက် ရဲ့ keyboard ကို cydia.macforus.com repo က MMKeyboard For iOS 7+ ကို သွင်းနိုင်ပါတယ်။ ပြီးလျှင် iOS ရဲ့ Setting ကိုသွားပါ။ General > Keyboard > Keyboards > Add New Keyboard > Czech keyboard ကို ထည့်ပြီး အသုံးပြုနိုင်ပါတယ်။
TTKeyboard ကို Cydia ရဲ့ Source မှာ http://ttkz.me/apt ထည့်ပြီးတော့ သွင်းနိုင်ပါတယ်။
Leave a Reply