၁။ ဇော်ဂျီ iOS 7 ကို ဘယ်မှာ download ချရမလဲ။
http://cl.ly/W5IM/Zawgyi-One%202008.mobileconfig ကို Safari iOS mobile က ဖွင့်ပြီး download ချ ။ ပြီးရင် Install သွင်းလိုက်ရရင် ရပါပြီ။
၂။ Jailbreak လုပ်ဖို့ လိုသလား ။
မလိုပါဘူး။
၃။ ဘာကြောင့် Font ကို သွင်းလို့ရတာလဲ။ သွင်းတဲ့ အတွက် ဘာ အန္တရာယ် ရှိလဲ။
iOS 7 မှာ font သွင်းခွင့်ပေးထားပါတယ်။ iOS 7 Business မှာ ဒီလို ရေးထားပါတယ်။
config file ဖြစ်ပြီး အထဲမှာ font ပဲ ပါတဲ့ အတွက် ဘာ ပြဿနာမှ မရှိပါဘူး။
၄။ သွင်းပြီးရင် မကြိုက်ရင် ဘယ်လို ပြန်ဖျက်ရမလဲ။
Setting > General > Profile > ZawgyiOne-Font > Remove လုပ်လိုက်ရင် ရပါပြီ။
၅။ Keyboard ကော ဘယ်တော့ ရမလဲ။
Jailbreak မလုပ်ပဲနဲ့တော့ iOS 7 မှာ မရနိုင်ပါဘူး။ Apple က အခု ချိန်ထိ keyboard ထည့်သွင်းခွင့် မပေးပါဘူး။
၆။ Safari , Google က ပေးထားတဲ့ Gmail App , Boxer စတာတွေမှာ မြန်မာလို မမြင်ရပါဘူး။
အခု font file က UIWebView တွေမှာ font-family ကို ဇော်ဂျီ မကြေငြာထားရင် မမြင်ရပါဘူး။
၇။ Safari မှာ မြင်အောင် လုပ်လို့ရလား။
http://bit.ly/zgforce မှာ Bookmarklet အသုံးပြုရင်ရပါတယ်။ Bookmarklet က လက်ရှိ page ကို zawgyi font-family ပြောင်းပေးလိုက်တာပါ။ ဒါကြောင့် page refresh လုပ်တာ ဖြစ်ဖြစ် နောက်ထပ် page တစ်ခုကို သွားတာ ဖြစ်ဖြစ် မမြင်ရတော့ရင် bookmark ကနေ zawgyi force ပြန်လုပ်ပေးရပါတယ်။
၈။ Gmail app မှာ မြင်ရအောင် လုပ်လို့ရလား။
အခုချိန်ထိတော့ ရတဲ့ နည်း ရှာမတွေ့သေးပါဘူး။
၉။ Cocoa error code 516 တက်နေတယ်။
http://d.pr/f/dYDM+ mobile config ကို ပြောင်းပြီး သွင်းကြည့်ပါ။
Leave a Reply