Anti USB Hidden (Alpha)

ကျွန်တော်တို့တွေ usb stick ထဲကို virus ဝင်သွားရင်

Folder တွေပျောက်ကုန်တယ်။ FolderName.exe တွေ ပေါ်လာတယ်။ Virus သတ်ပြီးတဲ့အခါမှာတော့ FolderName.exe ကို သတ်။ ပြီးရင် attrib -s -h FolderName ဆိုပြီး လုပ်ရတယ်။ Folder တွေအများကြီးဆိုရင် လက်က ညောင်းပြီသာမှတ်ပဲ။ အဲလို ကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်တော် မနေ့ညက C# နဲ့ program လေး တစ်ခုရေးထားတယ်။ antiusbhidden လို့နာမည်လေးပေးထားပါတယ်။

သုံးပုံသုံးနည်းက

cmd ကနေ antiusbhidden.exe ရှိတဲ့နေရာကို သွားပါလိုက်ပါ။

ဥပမာ C: အောက်မှာ antiusbhidden.exe ရှိတယ်ဆိုပါဆို့။

ဒါဆိုရင်

Run -> Cmd  ကိုသွား cd\ လို့ရိုက်လိုက်ပါ။

C:\> antiusbhidden.exe F: y

or

C:\> antiusbhidden.exe F:

Tip: antiusbhidden.exe ရှိတဲ့နေရာမှာ Windows Vista မှာဆိုရင်တော့ Shift + Right click လုပ်လိုက်။ Comment Prompt here ဆိုတာလေး ရွေးလိုက်ပါ။ ပြီးရင်တော့ တစ်ခါတည်း antiusbhidden.exe drive ဆိုပြီး ခေါ်လို့ရပြီလေ။

အဲမှာ F: ဆိုတာကတော့ USB drive ပေါ့။ F: , H: , I: စသည်ဖြစ်ပေါ့။ ကိုယ်ပြန်ဖော်စေချင်တဲ့ stick ပေါ့။ y ကတော့ foldername.exe ကို ဖျက်မယ်လို့ပြောတာပါ။ မဖျက်ချင်ဘူးဆိုရင်တော့ y မထည့်နဲ့ပေါ့။ အဲဒီအခါမှာ ကိုယ့် drive ထဲမှာရှိတဲ့ system hidden folder တွေကို normal folder အနေနဲ့ပြန်ပြောင်းပေးလိုက်မှာပါ။ y သာ ထည့်ခဲ့မယ်ဆိုရင် folder နာမည်နဲ့ တူတဲ့ exe တွေကိုပါ ဖျက်ချလိုက်မှာပါ။

PS: ကိုယ့်ဘာသာ hidden လုပ်ထားတာလေးတွေကိုတော့ ပြီးရင် ပြန်ပြီး hidden လုပ်ဖို့ လိုတာပေါ့.. :P

Download

http://www.4shared.com/file/109100433/28778880/antiusbhidden.html

စာဖြည့်:: .NET Framework 3.5 လိုအပ်ပါသည်။ VS 2008 ဖြင့် ရေးသားထားသောကြောင့်ဖြစ်သည်။

2 responses to “Anti USB Hidden (Alpha)”

  1. ကျေးဇူး
    တခါကြုံရပြီးပြီ
    ဝင်းဒိုးပြန်တင်လိုက်ရတယ်

  2. ကျေးဇူးပဲဗျ…ကူးဒေါင်းသွားပါတယ်…. Related Posts တွေအတွက်ကျေးဇူးပါ…တခြားဟာလေးတွေလဲ လိုက်ကြည့်ကြိုက်ကူးလုပ်သွားပါကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.