gedit တွင် ပုံမှန်အားဖြင့် notepad++ လို line number များမပါဘူး။ နောက်ပြီးတော့ current line ကိုလည်း highlight မလုပ်ပေးပါဘူး။ နောက်ပြီး ပြဿနာတစ်ခုက coding ရေးတဲ့အခါမှာ notepad++ မှာဆိုရင် { နဲ့ စရင် } ကိုပါ highlight လုပ်ပေးတယ်။ gedit မှာ မရလို့ စိတ်ပျက်နေတာ။ ဒီနေ့ gedit menu က edit > Preferences မှာ

View Tab တွင် checkbox အားလုံး check လုပ်လိုက်ပါ။ ဒါပေမယ့် Right Margin က Display right margin ဆိုတဲ့ checkbox ကိုတော့ check မလုပ်ခဲ့ပါနဲ့။ ပြီးရင် Font & Color Tab မှာ နှစ်သက်ရာ Color Scheme ကို ရွေးနိုင်တယ်။ Kate ကတော့ အကောင်းဆုံးပဲလို့ ထင်တယ်။ စာရိုက်တာကော coding ပိုင်းအတွက်ဆို kate က ပိုသင့်တော်တယ်။ နောက်ပြီး စာရိုက်တာကို ရှင်းရှင်းလင်းလင်းဖြစ်ချင်ရင်တော့ View > Toolbar ကို uncheck လုပ်လိုက်ပေါ့။ မြင်ကွင်းကျယ်ကျယ်နဲ့ coding ရေးရတာကော စာရိုက်ရတာပါ အတွက်ကောင်းတယ်ဗျ။ အခု gedit မှာ လိုတာကတော့ notepad++ လိုမျိုး ctrl+space လုပ်လိုက်ရင် code list (Function completion) မကျလာတာပဲ ကျန်တော့တယ်။ ရမယ်လို့ ထင်တာပဲ။ ရှာကြည့်လိုက်အုံးမယ်။ gedit plugin တွေကိုတော့ http://live.gnome.org/Gedit/Plugins မှာရနိုင်ပါတယ်ဗျာ။

I prefer gedit so much :)

One response to “gedit like notepad++”

  1. ကျနော်ကတော့ Emacs ကိုသဘာကျတယ် coding လုပ်မယ်ဆိုရင်လေ.. gedit နဲ့စာရင်ပေါ့ ..

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading