Anti USB Hidden (Alpha)

ကျွန်တော်တို့တွေ usb stick ထဲကို virus ဝင်သွားရင်

Folder တွေပျောက်ကုန်တယ်။ FolderName.exe တွေ ပေါ်လာတယ်။ Virus သတ်ပြီးတဲ့အခါမှာတော့ FolderName.exe ကို သတ်။ ပြီးရင် attrib -s -h FolderName ဆိုပြီး လုပ်ရတယ်။ Folder တွေအများကြီးဆိုရင် လက်က ညောင်းပြီသာမှတ်ပဲ။ အဲလို ကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်တော် မနေ့ညက C# နဲ့ program လေး တစ်ခုရေးထားတယ်။ antiusbhidden လို့နာမည်လေးပေးထားပါတယ်။

သုံးပုံသုံးနည်းက

cmd ကနေ antiusbhidden.exe ရှိတဲ့နေရာကို သွားပါလိုက်ပါ။

ဥပမာ C: အောက်မှာ antiusbhidden.exe ရှိတယ်ဆိုပါဆို့။

ဒါဆိုရင်

Run -> Cmd  ကိုသွား cd\ လို့ရိုက်လိုက်ပါ။

C:\> antiusbhidden.exe F: y

or

C:\> antiusbhidden.exe F:

Tip: antiusbhidden.exe ရှိတဲ့နေရာမှာ Windows Vista မှာဆိုရင်တော့ Shift + Right click လုပ်လိုက်။ Comment Prompt here ဆိုတာလေး ရွေးလိုက်ပါ။ ပြီးရင်တော့ တစ်ခါတည်း antiusbhidden.exe drive ဆိုပြီး ခေါ်လို့ရပြီလေ။

အဲမှာ F: ဆိုတာကတော့ USB drive ပေါ့။ F: , H: , I: စသည်ဖြစ်ပေါ့။ ကိုယ်ပြန်ဖော်စေချင်တဲ့ stick ပေါ့။ y ကတော့ foldername.exe ကို ဖျက်မယ်လို့ပြောတာပါ။ မဖျက်ချင်ဘူးဆိုရင်တော့ y မထည့်နဲ့ပေါ့။ အဲဒီအခါမှာ ကိုယ့် drive ထဲမှာရှိတဲ့ system hidden folder တွေကို normal folder အနေနဲ့ပြန်ပြောင်းပေးလိုက်မှာပါ။ y သာ ထည့်ခဲ့မယ်ဆိုရင် folder နာမည်နဲ့ တူတဲ့ exe တွေကိုပါ ဖျက်ချလိုက်မှာပါ။

PS: ကိုယ့်ဘာသာ hidden လုပ်ထားတာလေးတွေကိုတော့ ပြီးရင် ပြန်ပြီး hidden လုပ်ဖို့ လိုတာပေါ့.. :P

Download

http://www.4shared.com/file/109100433/28778880/antiusbhidden.html

စာဖြည့်:: .NET Framework 3.5 လိုအပ်ပါသည်။ VS 2008 ဖြင့် ရေးသားထားသောကြောင့်ဖြစ်သည်။

2 responses to “Anti USB Hidden (Alpha)”

  1. ကျေးဇူး
    တခါကြုံရပြီးပြီ
    ဝင်းဒိုးပြန်တင်လိုက်ရတယ်

  2. ကျေးဇူးပဲဗျ…ကူးဒေါင်းသွားပါတယ်…. Related Posts တွေအတွက်ကျေးဇူးပါ…တခြားဟာလေးတွေလဲ လိုက်ကြည့်ကြိုက်ကူးလုပ်သွားပါကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading