Ava framework ကို ကိုယ့်ဘာသာကိုယ်သုံးရင်းနဲ့ လိုအပ်တာတွေကို ဖြည့်လာတာ version 1.1 တောင် ရောက်လာပါပြီ။ version 1.1 မှာ ဘာတွေ အသစ်ထပ်ဖြည့်ထားလဲဆိုတော့
– bugs fixed plugin load more than one
– change Load Model only need first character is lowercase (eg: support userRouting now)
– re-add Model in model class (e.g: userRouting.php , class name is userRoutingModel)
– re-add Controller in controller class (e.g.user.php , class name is userController)
– fixed same helper load more than one time
– fixed db class for missing $this->db->sql in insert and update
– support $this->io->request_body for JSON string or XML string in post , put , delete
– support Closure (callback) in routing
– add IS (NOT) NULL in db
– support bracket in db
– fixed same view can’t load two time
– fixed same helper can’t load two time
– support $this->io->get_puts() and $this->io->get_deletes();
– support db_port
– support array_routing
– support multi function in routing
ပြင်လိုက်တဲ့ အထဲမှာ သဘောအကျဆုံး ၂ ခုကတော့ array_routing နဲ့ multi function ပဲ။
အရင်တုန်းက
[php]
<?php
$this->get_route("/","home");
$this->get_route("/test","testing");
?>
[/php]
အဲလိုပဲ ရေးလို့ ရပါတယ်။ သေသေချာချာစဥှု်းစားကြည့်တော့ $this->get_route function ကို အကြိမ်ကြိမ်ခေါ်နေတယ်။ တစ်ခေါက်တည်း ခေါ်လိုက်တာ ပိုရိုးရှင်းပြီးတော့ နားလည်လွယ်လိမ့်မယ်။ ဒါကြောင့် အောက်ကလို ရေးလို့ ရအောင် controller ကို update လုပ်ပေးခဲ့တယ်။
[php]
<?php
$get["/"]="home";
$get["/test"]="testing";
$get["/name/:username"]= "showusername";
$get["/name/:username/id/:id"]="userdetail";
$this->get_route($get);
?>
[/php]
နောက်တချက်က Multi function ပေါ့။ Array routing အဆင်ပြေသွားပေမယ့် login ဝင်ပြီးတဲ့ အခါတွေပဲ allow လုပ်ချင်လာတာ ရှိကော။ ဥပမာ။။ /dashboard/users ဆိုရင် login ဝင်ပြီးမှ allow လုပ်လို့ရမှာ။ /dashboard/users/admin/ လည်း အဲလိုပဲ။ ဒီတော့ အဲဒီ function ၂ ခုလုံးမှာ ထိပ်ပိုင်းမှာ login ဝင်ထားလားဆိုပြီး သွားသွား စစ်ပေးနေရတယ်။ ဒီတော့
[php]
<?php
$fun[0]="checklogin";
$fun[1]="showadmin";
$get[‘/admin/:username’]=$fun;
?>
[/php]
အဲလို ရေးပြီး function တစ်ခုပြီး နောက်တစ်ခု ခေါ်တာကို support လုပ်ပေးလိုက်တယ်။ တကယ်လို့ Array မသုံးချင်ရင် အောက်ကလို တကြောင်းတည်း ရေးလို့ရပါတယ်။
[php]
<?php
$get[‘/admin/:username’]="checklogin,showadmin";
?>
[/php]
Leave a Reply