BlackBerry PlayBook

ထွက်မယ် ထွက်မယ်နဲ့ စောင့်နေရတဲ့ BlackBerry က အခုတော့ တရားဝင် ကြေငြာလိုက်ပါပြီဗျာ။ ကြည့်ရတာကတော့ မဆိုးဘူး။ Android ထက်စာရင် ပိုလှတယ်လို့ ဆိုရမယ်။ HTML5 အပြင် Flash 10.1 ပါရပါတယ်။ webkit ပဲနဲ့တူတယ်။ အဲဒါကိုတော့ သေချာမရေးထားဘူး။ 7″ LCD display, 1024 x 600 screen resolution ပါတဲ့ဗျာ။ 0.9 lbs (400g) သာရှိပြီးတော့ Multitouch လည်းရတယ်ဗျ။ ထုံးစံအတိုင်း wifi ရယ် usb connector ရယ်ကတော့ ပါရတာပဲ။


သုံးထားတဲ့ OS ကို စောင့်ကြည့်နေတာ အကုန်လုံးထင်တဲ့ အတိုင်း QNX technology ကို သုံးထားတာပဲ။ QNX ကို blackberry က ဝယ်ထားပြီး အခု Tablet မှာ ပွဲထုတ်လိုက်တာပဲ။ နောက်ပြီးတော့ camera ပါတယ်။ video ရိုက်လို့ရတယ်။ ဓာတ်ပုံရိုက်လို့ရတယ်။


နောက်ပြီး video chat လည်း လုပ်လို့ရသေးပါ့။ အရှေ့ဘက်ကတော့ 3 MP ဖြစ်ပြီး နောက်ပြီး video နဲ့ဓာတ်ပုံအတွက်ကတော့ 5 MP ပါတဲ့ဗျာ။ CPU က 1 GHz Dual Core ဖြစ်ပြီးတော့ Memory ကလည်း 1 GB ဆိုတော့ မဆိုးဘူးဗျ။ P3 တစ်လုံးထက်တောင် ပိုပြီး စွမ်းဆောင်နိုင်တယ်လို့ ဆိုရမယ်။ Application Development က တော့ သေသေချာချာ ရေရေရာရာ မသိသေးပေမယ့် Supports POSIX OS, SMP, Open GL, BlackBerry® 6, WebKit, Adobe® Flash®, Java® and Adobe Mobile AIR လို့ဆိုထားတဲ့အတွက် ကျွန်တော့်လိုမျိုး WebKit သမားတွေအတွက် သဘောကျစရာ ပဲဗျ။

ခြုံကြည့်လိုက်ရင်တော့ iPad 1 G ကို ကောင်းကောင်း စိမ်ခေါ်နိုင်တယ်လို့ ဆိုရမယ်။ iPad 2G ကလည်း ဒီနှစ်ကုန် ထွက်မယ်လို့ သတင်းက သဲ့သဲ့ကြားနေရပြန်တော့ ဘယ်လိုမျိုးလာမလဲ စောင့်ကြည့်ရမယ့်ပုံပဲ။ နောက်ပြီး စိတ်ဝင်စားနေတာ နောက်တစ်ခုက HP ရဲ့ Web OS ပဲ။ အခုထက်ထိတော့ မထွက်လာသေးဘူး။ ဘာမပြောညာမပြောနဲက Blackberry က အခုလို Tablet လောကကြီးကို ဘလိုင်းကြီး ဝင်လာပြီး Android Tablet တွေ နဲ့ iPad ကို စိန်ခေါ်လိုက်တာပဲ။ Android ကိုတော့ သဘောမကျလှပေမယ့် Blackberry လေးကိုတော့ သဘောကျမိတာ အမှန်ပဲ။ အသေးစိတ်ကိုတော့ အောက်က link မှာ သွားကြည့်နိုင်ပါတယ်ဗျာ။

http://na.blackberry.com/

နောက်ပြီးတော့ development ကို စိတ်ဝင်စားတဲ့ သူတွေကတော့

http://na.blackberry.com/eng/developers/tablet.jsp

ဒီမှာ သွားလေ့လာနိုင်ပါတယ်။

6 responses to “BlackBerry PlayBook”

  1. MCV pattern ကိုသုံးပြီး php နဲ့ shop site လေးတစ်ခုလောက်ရေးကြည့်ခြင်လို့ ဘယ် post တွေကများလေ့လာလို့ရနိုင်ပါသလဲ။

      1. codeigniter ကိုမသုံးဘဲ php နဲ့ရေးချင်လို့ပါ။

  2. ကျွန်တော့်ကို ကူညီပါအုံးဆရာရယ်။ blackberry bold 9700 ကို မြန်မာဖောင့် တင်ချင်လို့ဘယ်လိုတင်ရလဲခင်ဗျာ။
    ကျေးဇူးတင်ပါတယ်

    1. ကိုမျိုးကျော်ထွန်း စမ်းနေဆဲပဲ ရှိပါသေးတယ်။ အခုထက်ထိတော့ public မရနိုင်သေးပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.