blackberry

  • Zawgyi For Blackberry

    Blackberry အတွက် ဇော်ဂျီ font ကို လိုချင်သူများအနေနဲ့ Smiley Myanmar လာပါပြီ။ ကိုမျိုးဟန်ထွန်း နဲ့ ကိုမျိုးကျော်ထွန်း တို့ ညီအစ်ကို ၂ ယောက်ရဲ့ Design နဲ့ သူတို့တွေ ဖန်တီးထားတဲ့ Smiley Myanmar Blackberry application က ဇော်ဂျီ font တွေကို ဖတ်လို့ရပြီး English Myanmar dictionary ကို internet connection နဲ့ အသုံးပြုလို့ရပါတယ်။ အသေးစိတ်ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။

  • BlackBerry PlayBook

    ထွက်မယ် ထွက်မယ်နဲ့ စောင့်နေရတဲ့ BlackBerry က အခုတော့ တရားဝင် ကြေငြာလိုက်ပါပြီဗျာ။ ကြည့်ရတာကတော့ မဆိုးဘူး။ Android ထက်စာရင် ပိုလှတယ်လို့ ဆိုရမယ်။ HTML5 အပြင် Flash 10.1 ပါရပါတယ်။ webkit ပဲနဲ့တူတယ်။ အဲဒါကိုတော့ သေချာမရေးထားဘူး။ 7″ LCD display, 1024 x 600 screen resolution ပါတဲ့ဗျာ။ 0.9 lbs (400g) သာရှိပြီးတော့ Multitouch လည်းရတယ်ဗျ။ ထုံးစံအတိုင်း wifi ရယ် usb connector ရယ်ကတော့ ပါရတာပဲ။

  • BlackBerry 6 ကတော့ မကြာခင်လာတော့မယ်။ ကျွန်တော်ကတော့ သိပ်တော့ မကြိုက်လှဘူး။ သူ့ထက်စာရင် Windows 7 Phone လေးတောင် နည်းနည်းသဘောကျသေးတယ်။ သဘောအကျဆုံးက iPhone ။ ပြီးရင်တော့ Android ပဲ။ အဲ.. လက်ရှိက Nokia Classic လေးပဲ ကိုင်နေတယ်။ ဖုန်းပြောလို့ရတယ်။ SMS ပို့လို့ရတယ်။ ဖုန်းကို ဖုန်းလိုသုံးနေပါတယ်။ http://www.youtube.com/watch?v=plWOkI_Urwo

  • Windows အတွက်က အကုန်ပါပြီးသားဆိုတော့ ကိစ္စက မရှိဘူး။ Mac အတွက်က လိုအပ်တာတွေကို ပြန်သွင်းခိုင်းနေတော့ သွင်းဖို့လုပ်ရပြန်ကော။ ဘာဆိုဘာမှ မပါလာဘူး။ ဘာလာတာတွေကလည်း သုံးမရဘူး။ SDK ကို download ချ။ ပြီးတော့ emulator က run လို့မရဘူး။ emulator ပဲ လိုချင်တာလေ။ ကိုယ်က program ရေးဖို့ ကိစ္စကို အဲလောက် စိတ်မဝင်စားဘူး။ web ပေါ်မှာ display ဘယ်လိုပြမလဲ။ screen ချိန်ထားတာ ကိုက်မကိုက်။ နောက်ပြီး touch အတွက် meta tag ကကော android မှာ အလုပ်လုပ်ရဲ့လား သိချင်တာရယ်ကြောင့် adroid SDK ကို download ချ။ emulator…