Nifty Framework

MVC ဘယ်လို ရေးရလဲ။ MVC ကို ကိုယ့်ဘာသာ ကိုယ် PHP နဲ့ရေးချင်တယ်။ MVC ကို CI တို့အခြား Framework မသုံးချင်ဘူး။ ကိုယ်တိုင် စမ်းရေးကြည့်ချင်တယ်။ ဘယ်လို ရေးရမှန်းမသိဘူး။ အဲလိုမျိုး မေးခွန်းလေးတွေ ခဏခဏ ကြားနေရတဲ့အတွက် ကျွန်တော် Nifty ဆိုတဲ့ framework ကို ရေးထားပါတယ်။ အရမ်းကို ရိုးရှင်းပြီး OOP ကိုပဲ အသုံးပြုထားပါတယ်။ MVC ပဲ ပါပါတယ်။ helper တို့ database class တို့ မပါပါဘူး။ core ပဲပေါ့။ core တည်ဆောက်ပုံ သိရှိသွားရင် အပေါ်မှာ ကိုယ့်ဘာသာကိုယ် helper class ထည့်တာတို့ database class ထည့်တာတို့ကို လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါလိမ့်မယ်။

အဲဒီ framework ရေးတာ ၄၅ မိနစ်လောက်ပဲ ကြာပါတယ်။ အရမ်းကို လွယ်ကူ ရိုးရှင်းပါတယ်။ ကျွန်တော် ဘာမှ မစဉ်းစားပဲ ဒီအတိုင်း လက်တန်းချရေးလိုက်တာပဲ။ လက်ရှိ APIWork ကတော့ တော်တော်လေးကို အဆင်ပြေသွားပြီ။ APIWork ကတော့ htaccess နဲ့ ရေးထားတာ။ ဒီ Nifty ကတော့ APIWork က idea လေးတွေ ပါပေမယ့် မတူဘူး။ htaccess ကိုသုံးရင် apache တစ်ခုတည်း အတွက် ကန့်သတ်ထားတာ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် index.php/controller/action ဆိုပြီး CI သွားတဲ့ ပုံစံကို ယူပြီး MVC framework တည်ဆောက်ထားပါတယ်။ လေ့လာကြည့်ပါ။ ကိုယ်ပိုင် MVC စဆောက်မယ့် PHP သမားတွေ အတွက်တော့ လေ့လာရတာ ထိုက်တန်မယ်လို့ မျှော်လင့်ပါတယ်။

3 Comments

  1. strangemask says:

    ကျေးဇူးပါပဲ အစ်ကိုရေ

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.