Change to Unicode Again

အရင်တုန်းက Unicode ကနေ ဇော်ဂျီကို ပြောင်းခဲ့ဖူးတယ်။ အခု ဇော်ဂျီကနေ unicode ပြန်ပြောင်းဖို့ ဖြစ်ပြန်တယ်။ အရင်ကထက် အခု တစ်ခေါက်က ပိုအဆင်ပြေတယ် ပြောရမယ်။ Rabbit ရှိနေတော့ ပြဿနာ သိပ်မရှိတော့ဘူး။

အရင်က ရေးထားသည့် node js က အတော်အဆင်ပြေသွားတယ်။ mysql ကို mysqldump နဲ့ ထုတ်လိုက်တယ်။ ပြီးတော့ sql ကို node js နဲ့ ပြောင်းလိုက်တာ အဆင်ပြေသွားတယ်။ Code ကို https://github.com/saturngod/ZG2Uni_NodeJS မှာ ရယူနိုင်ပါတယ်။

Unicode သုံးသည့် အခါမှာ mac မှာ အဓိက ပြဿနာက english နဲ့ keymagic ပြောင်းတာ နှေးနေတာပဲ။ ဘာဆိုင်လဲတော့ မသိပေမယ့် Siri ကို disable လုပ်လိုက်တော့ တော်တော်လေး အဆင်ပြေသွားတယ်။ နောက်ပြီး keymagic မှာ Instant Commit ကို on ပေးမှ ရိုက်ရတာ အဆင်ပြေတော့တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading