Gmail Motion

Google က လှုပ်ရှားမှုပေါ်မှုတည်ပြီးတော့ စာပို့လို့ရတဲ့ စနစ်တစ်ခု ဒီနေ့ မိတ်ဆက်လိုက်ပါတယ်။ camera တပ်ထားပြီးတော့ သင့်ရဲ့ လှုပ်ရှားမှုကနေ တဆင့် command တွေ ပေးနိုင်ပါတယ်။ ပေးလို့ရတဲ့ command တွေကတော့ အောက်မှာ ကြည့်နိုင်ပါတယ်။

အဲဒီ အကြောင်းကိုလည်း Youtube video နဲ့ ရှင်းပြထားပါသေးတယ်။ မကြာခင်မှာ Google Doc မှာလည်း သုံးလို့ရပါလိမ့်မယ်လို့ ဆိုပါတယ်။

သမာရိုးကျ စာရိုက်ရတာ ပျင်းတဲ့သူတွေအတွက် အရမ်းကို အဆင်ပြေပါလိမ့်မယ်။ keyboard mouse မလိုတော့ပဲ စာတွေပို့လို့ရပြီပေါ့။ Gmail Motion ကို ဒီနေ့ပဲ active လုပ်ပြီး စမ်းသပ်ကြည့်ပါ။ အောက်က လိပ်စာမှာ သွားရိုက် activate လုပ်နိုင်ပါတယ်။

http://mail.google.com/mail/help/motion.html

11 Comments

  1. Kyaw Kyaw says:

    တော်တော်မိုက်တာပဲ xD

  2. exiter says:

    Action တွေမှားပေးနေလို့ ကမောက်ကမတွေဖြစ်နေပာအုံးမယ် .. :P

  3. HAN MYO HTWE says:

    တကယ်မှတ်လို့.. ဟုတ်လည်းဟုတ်ဘူး.. :P

  4. Boyz says:

    Post ထဲက စာတွေက အိုင်ဖုန်းထဲက ဖွန့်လို ဖြစ်နေတာ သဘောကျတယ်။ အဲဒါ ဘယ်လို လုပ်ရတာလဲ ပြောပြပါ။
    စာလုံးလေးတွေက ထွင်းထားသလို ဖြစ်နေတာ ချစ်စရာလေး။

    1. winlwin says:

      Apply CSS text-shadow effect to your content.
      Here

      p { text-shadow: #EEE 1px 1px; }

  5. unknown says:

    မတ်တပ်ရပ်ပြီးပဲလုပ်ရမှာလား.. ထိုင်ပြီးလုပ်လို့မရဘူးလား :P

  6. middleway says:

    များနေပြီ…

  7. Chen Pound San says:

    It is April FOOL

  8. rlay says:

    အဲ့တာကြီးက မဟုတ်သေးပါဘူးဗျာ။ အဲ့လောက်မှ ပျင်းနေကြရင်လဲ ကွန်ပျူတာ မကိုင်ဖို့ပဲ ရှိတော့တယ်။ founder ကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ဗျာ ဒါကြီးက မကောင်းဘူးထင်တယ်။

  9. Shan Lay says:

    Spammer တွေ Hacker တွေ ဖမ်းဖို့နည်းလမ်းသစ်လေးဘဲ …. Webcam ကနေသူတို့ရဲ့ Bot ဆီကိုလှမ်းဖမ်းထားနိုင်မယ်ထင်တယ်….

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.