Gtalk တွေ ဝင်ရခက်နေ

ဒီနေ့ မနက်ကတည်းကနေ GTALK တွေ ဝင်ရခက်နေတယ်ဗျာ။ gmail က မနက်ပိုင်းက ဝင်မရပေမယ့် နေ့လည်လောက်တော့ ပြန်ဝင်လို့ရတယ်။ gtalk ကတော့ အခုထက်ထိ မရသေးဘူးဗျ။ Bagan က ဘာတွေလုပ်နေမှန်းမသိဘူး။ ဒါပေမယ့် web ကနေ တော့ ရတယ်။ ခက်တာက မြန်မာလိုရိုက်လို့မရဘူးလေ။ gmail က gtalk ကလည်း မတက်ဘူး။ talk.google.com ကနေပဲ သုံးမှရတယ်လေ။ တော်တော်ကိုလေတယ်။ google ကဖြစ်တာလား။ မြန်မာကဖြစ်တာလားတော့မသိဘူး။ ၉၀% သေချာတာကတော့ မြန်မာက ဖြစ်နေတာပဲ။ gtalk မသုံးတော့လည်း နားအေးပါးအေး အလုပ်လေးတွေတော့ လုပ်ဖြစ်သွားတာပေါ့။

1 Comment

  1. mirror says:

    ဟုတ်ပါ့အစ်ကိုကြီးရေ…ဝင်မရလို့တော့နဲနဲလေတာပေါ့လေ…
    ဒါပေမယ့် အလုပ်တော့လုပ်ဖြစ်တယ်…
    ငိုရမလို၊ရယ်ရမလိုပဲ။။။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.