Gtalk

  • လွယ်ချက်ကတော့ ကမ်းကုန်ပဲ။ http://www.imified.com/ ကို register လုပ်။ bot create လုပ်။ ပြီးရင် PHP code တစ်ခုရေး။ <?php echo $_REQUEST[‘msg’]; ?> အဲဒါဆိုရင် user ကရိုက်လိုက်တဲ့ဟာကို ရမယ်။ အဲဒါကို တနေရာမှာ host ထိုင်။ bot ရဲ့ address ကို အဲဒါပေးလိုက်။ ပြီးရင် gmail username နဲ့ password ထည့်။ active လုပ်။ ပြီးပြီ။ စိတ်ပျက်ဖို့ကောင်းလောက်အောင် လွယ်တာ။ External Link : http://www.labnol.org/internet/tutorial-create-bot-for-gtalk-yahoo-messenger/4354/

  • ဒီနေ့ အောင်စည်သူကျော် က သူ့ရဲ့ gtalk bot beta အကြောင်း facebook မှာ ပြောရင်း PHP နဲ့ ရေးလို့ရမလား စမ်းရင်းနဲ့ ရေးဖြစ်သွားတာ။ အောင်စည်သူကျော်က facebook မှာ ဒီလိုရေးထားတယ်။ Add mmcurrencyconverter@gmail.com to your gtalk friend list. Usage Example: SGD\MMK, USD\SGD ရိုက်သွင်းပါ။ type help to learn more about how to use. help ဟုရိုက်သွင်းပြီး အသုံးပြုပုံကို ကြည့်နိုင်ပါသည်။ GOLD ဟုရိုက်ထည့်ပြီး ရွှေဈေးကိုလည်း မေးနိုင်သည်။ သူက C# နဲ့ရေးထားတာ။ ဒါကြောင့် PHP နဲ့လည်း…

  • အခြားသူတွေတော့ မသိဘူး။ ကျွန်တော် Ubuntu မှာ pidgin သုံးပြီး mysteryzillion.com mail ကို ဝင်မရဖြစ်နေတယ်။ ဒါနဲ့ ဟိုရှာဒီရှာ နဲ့ ဒီလိုလေး ပြောင်းလိုက်လေ။ google app တွေအတွက်ပေ့ါ။ အချို့ gmail တွေလည်း ဝင်မရရင် သုံးလို့ရမယ်ထင်တယ်။

  • ကျွန်တော် အခုလက်ရှိ Ubuntu မှာ ကျွန်တော် pidgin ကို မသုံးတော့ဘူးဗျ။ ဘာလို့လည်းဆိုတော့ at mysteryzillion.com ကို ဝင်လို့မရဘူးလေ။ နောက်ပြီးတော့ voice call လည်းမရတော့ မသုံးတော့ဘူးပေါ့။ အခုလက်ရှိသုံးနေတာက Empathy ။ Voice call ရတယ်။ နောက်ပြီးတော့ google app mail တွေလည်း အလုပ်လုပ်တယ်။ သူ့ကို သွင်းချင်ရင်တော့

  • Flash Player http://www.4shared.com/file/70814179/3231f3b2/Flash_Player.html Install သွင်းလိုက်ရုံပဲ, File assoication ပါ တစ်ခါတည်းရအောင် လုပ်ထားပေးတယ်။ တချို့တွေစက်ထဲမှာ firefox နဲ့ပဲ flash က ပွင့်တယ်ဆိုလို့ flashplayer CS 3 လေးကို package လုပ်လိုက်တာ။ Gtalk Smile http://www.4shared.com/file/70814635/5aa46c18/smile_orkutPicture.html Double Click လုပ်ပြီးသွင်းရုံပဲ။ ပြီးရင် Gtalk -> Setting -> Apperance မှာ Smile OrkutPicture ကိုရွေးပေးရုံပဲ။

  • ဒီနေ့ မနက်ကတည်းကနေ GTALK တွေ ဝင်ရခက်နေတယ်ဗျာ။ gmail က မနက်ပိုင်းက ဝင်မရပေမယ့် နေ့လည်လောက်တော့ ပြန်ဝင်လို့ရတယ်။ gtalk ကတော့ အခုထက်ထိ မရသေးဘူးဗျ။ Bagan က ဘာတွေလုပ်နေမှန်းမသိဘူး။ ဒါပေမယ့် web ကနေ တော့ ရတယ်။ ခက်တာက မြန်မာလိုရိုက်လို့မရဘူးလေ။ gmail က gtalk ကလည်း မတက်ဘူး။ talk.google.com ကနေပဲ သုံးမှရတယ်လေ။ တော်တော်ကိုလေတယ်။ google ကဖြစ်တာလား။ မြန်မာကဖြစ်တာလားတော့မသိဘူး။ ၉၀% သေချာတာကတော့ မြန်မာက ဖြစ်နေတာပဲ။ gtalk မသုံးတော့လည်း နားအေးပါးအေး အလုပ်လေးတွေတော့ လုပ်ဖြစ်သွားတာပေါ့။

  • ကျွန်တော်တို့ အင်တာနက် ဆိုင်မှာ gtalk တွေ သုံးတတ်ပါတယ်။ အဲဒီအခါမှာ ဘာဖြစ်လည်းဆိုတော့ ကိုယ့် account ကျန်ခဲ့တတ်ပါတယ်။ login ဝင်ပြီး ထွက်လိုက်တယ်။ remember password လည်းမလုပ်ထားဘူး။ ဒါတောင် username အမြဲကျန်ခဲ့ပါတယ်။ ဟုတ်တယ်ဗျ။ gtalk က ထွက်လိုက်ရင် username လေးကတော့ အဆင်သင့်ကျန်ခဲ့တယ်။ အဲဒီအခါ တစ်ခြားတစ်ယောက် ဝင်ပြီး အဲဒီ username ကို add လိုက်နိုင်ပါတယ်။ ဒါဟာ privacy ချိုးဖောက်မှုတစ်ခုပါ။ အဲဒါကိုလည်း gtalk က ဖြေရှင်းပေးသင့်တယ်။ သူကတော့ လွယ်အောင် လုပ်ထားပေမယ့် cyber cafe မှာသုံးတဲ့သူတွေအတွက် privacy ကျဆင်းတာပဲ။