MMKeyboard ကို MMKeyboard ကနေ promo code ပေးလို့စမ်းကြည့်ဖြစ်တယ်။ ကျွန်တော်လည်း ထွေထွေထူးထူး ရေးစရာ မရှိတော့ဘူးထင်တယ်။ တော်တော်များများကို ထူးတေဇာ blog မှာ ရေးပြီးပါပြီ။ စသုံးသုံးခြင်းမှာတော့ မြန်မာစာ ရိုက်ရတာ iPad မှာတော့ touch က နှေးနေတယ်။ sound ကို off လိုက်တော့ အရင်ကထက် ရိုက်ရတာ ပိုကောင်းသွားတယ်။ နောက်တချက်က Zawgyi Keyboard မှာ back မပါလာတာပဲ။ စာလုံးများသွားလို့ ပြန်ဖျက်ချင်ရင် english keyboard ကို ပြန်ဖွင့်ပြီးတော့ ဖျက်နေရတယ်။ ပက်ဆင့်တွေ နံပတ်တွေ မပါသေးပေမယ့် အဆင်တော့ပြေပါတယ်။

iPhone version က မထင်မှတ်ပဲ ပိုကောင်းတယ်။ ရိုက်ရတာ မြန်တယ်။ iPad version က ဘာလို့ ပိုနှေးနေတာလဲတော့ မသိဘူး။ iPhone က လက်တစ်ချောင်းတည်းနဲ့ ရိုက်တာ ဖြစ်တဲ့အတွက် ကိစ္စမရှိပေမယ့် iPad ရဲ့ keyboard က ရိုက်ရတာ နည်းနည်းလေးတော့ ခက်နေတယ်။ ဘာကို ခက်နေတာလဲ မသိဘူး။ အခုရိုက် အခုမပေါ်ပဲ နည်းနည်းလေး စောင့်နေရတယ်။ တောက်လျှောက်ရိုက်သွားရင်တော့ ပြဿနာ ဖြစ်တော့တာပဲ။ iPhone version မှာတော့ အဲဒီ ပြဿနာတွေ မရှိဘူး။ လွယ်လွယ်ကူကူ ရိုက်လို့ရတယ်။ တောက်လျှောက်ရိုက်လည်း မနှေးသွားဘူး။

ဘာပဲပြောပြော jailbreak မလုပ်ချင်တဲ့သူတွေ ဇော်ဂျီနဲ့ iPhone မှာ ရိုက်ချင်တဲ့ လူတွေ အတွက် အဆင်ပြေပါတယ်။ ဝယ်ချင်တဲ့သူတွေကတော့ iTune store မှာ ဝယ်လို့ရပါတယ်။ $0.99 နဲ့ ဝယ်ရတဲ့အတွက် တန်တယ်လို့ ဆိုလို့ရပါတယ်။

5 responses to “MMKeyboard”

  1. web text editor ထဲမှာ zawgyi-one support လုပ်တဲ့ software ရှိရင် တင်ပေးပါ့လား။

    1. can you tell me more detail ?

    2. ဘယ်လို ဟာလိုချင်တာလဲမသိဘူး။ web editor ဆိုတာက tinyMce လိုမျိုး WYSISYG editor မျိုးကိုပြောတာလား။

      1. ဟုတ်ကဲ့ မပြည့်စုံဘူးဖြစ်သွားတယ်။ ကျွန်တော်ပြောတာ HTML CSS တို့အတွက် editor ကိုပြောတာပါ။ web ပေါ်မှာ ရေးပြီး တစ်ခါတည်း see the result ကြည့်လို့ ရနိုင်အောင်ပေါ့။ ဒါမှမဟုတ် software run ပြီး သုံးလို့ရတဲ့ဟာမျိုးလေး ကောင်းတာရှိ၇င် လမ်းညွန်ပေးပါ့လား။

        1. နားမလည်သေးပါ။ TinyMce တို့ CKEditor တို့လိုမျိုးပြောတာလား မသိဘူး။ အဲဒီ editor ဆိုရင်တော့ ကိုယ့်ဘာသာကိုယ် တော်တော်ပြန်ပြင်ရတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading