Ornagai Messenger Bot

Ornagai Dictionary ကို ကျွန်တော် blog ဖတ်နေကျသူတွေ သိကြပါလိမ့်မယ်။ Ornagai Dictionary ဟာ iOS , Android , Apple Watch စသည့် အပြင် Telegram messenger bot ပါ ရှိပါတယ်။ Facebook ကနေ messenger ကို bot ရေးသားခွင့်ပေးလိုက်သည့် အတွက် ornagai dictionary ကို messenger ကနေ တဆင့် အသုံးပြုနိုင်ပါပြီ။

Ornagai Facebook Page ကို သွားပါ။ Message ကို click နှိပ်ပြီးတော့

define [your text]

ဆိုရင် dictionary မှာ ရှာပြီးတော့ result ပြပါလိမ့်မယ်။

ဥပမာ

define hello ဆိုရင် အောက်က ပုံလိုမျိုး မြင်ရပါလိမ့်မယ်။

တကယ်လို့ Messenger ကို phone ကနေ အသုံးပြုနေတယ် ဆိုရင်တော့ Messenger က search နေရာမှာ Ornagai ကို ရှာပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

တကယ်လို့ ရှာမတွေ့ တဲ့ စာလုံးတွေကို www.ornagai.com မှာ ထည့်သွင်းနိုင်ပါတယ်။

1 Comment

  1. i think my telegram bot is down at the moment. i am gonna make it work over the weekend :D

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.