Fantastic Beast and Where to find them

Harry Potter စာရေးဆရာမ J. K. Rowling ရဲ့ ရုပ်ရှင် အသစ် Fantastic Beast and Where to find them ဒီ နှစ်အတွင်းထဲမှာ ထွက်မယ် ဆိုတာကြောင့် အဲဒီ စာအုပ်ကို ဝယ်ဖြစ်တယ်။ တကယ်တန်းတော့ စာအုပ်က ဝတ္ထုမဟုတ်ပဲ Beast တွေ အကြောင်း အသေးစိတ်ရေးသားထားတဲ့ စာအုပ်ပါ။ တနည်းပြောရရင် Hogwarts က Text Book လို့ ဆိုရမယ်။ ပထမတော့ နည်းနည်း ပျင်းဖို့ ကောင်းတယ် ထင်ရပေမယ့် အရေးအသားက အသေးစိတ်ပြီး ဖတ်လို့ ကောင်းတာ ကြောင့် ၂ နာရီ လောက်နဲ့ တစ်အုပ်လုံး ပြီးသွားတယ်။ စာအုပ်ကလည်း တော်တော်လေး ပါးတာလည်း ပါတယ်။

သို့ပေမယ့် Harry Potter ပရိသတ်တွေ တော့ ကြိုက်ကြလိမ့်မယ်။ Hogwarts က ကျောင်းသား တစ်ယောက်လို ခံစားရပြီး ဖတ်ရတာ နည်းနည်းပျော်ဖို့ ကောင်းပါလိမ့်မယ်။ ထွေထွေထူးထူးတော့ မဟုတ်ပေမယ့် တချို့ Beast တွေကို စိတ်ကူး နဲ့ ပုံဖော်တာဖြစ်ဖြစ် Google မှာ ရှာတာ ဖြစ်ဖြစ်တော့ လုပ်မိကြမှာ အမှန်ပဲ။

ဒီ စာအုပ်က Harry Potter ပရိသတ်တွေ အတွက် အထူးရေးသားထားတဲ့ စာအုပ်ပါ။ သို့ပေမယ့် ရုပ်ရှင် ဘယ်လို ရိုက်မလဲဆိုတာ ကတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ ရုပ်ရှင်ကတော့ The Theory of Everything နဲ့ oscar ရသွားတဲ့ မင်းသား Eddie Redmayne က သရုပ်ဆောင်မယ် ဆိုတော့ ကြည့်လို့ ကောင်းမှာတော့ သေချာပါတယ်။ US မှာ ဒီ ရုပ်ရှင်ကိုတော့ November 18, 2016 မှာ စပြီးတော့ ရုံတင်ပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.