Rabbit

Rabbit Converter နဲ့ ပတ်သက်ပြီး update လုပ်ထားတာလေးတွေ ဖော်ပြချင်ပါတယ်။

Swift 2

Rabbit Converter ကို Xcode 7 အတွက် Swift 2 ကို support လုပ်ထားပါတယ်။ Cocoapods နဲ့ carthage အတွက်ကိုတော့ Xcode 7 Official ထွက်ပြီးရင် update လုပ်ပေးပါမယ်။ အခုတော့ Swift 1.2 ကိုပဲ support လုပ်ပါသေးတယ်။ Xcode 7 အတွက်ကိုတော့ Github ကနေ ပဲ ရယူ အသုံးပြုနိုင်ပါသေးတယ်။

Rabbit Wiki

Rabbit ကို အသုံးပြုထားပြီးတော့ Credits ပေးထားတဲ့ projects တွေကို github ရဲ့ wiki မှာ ကြည့်နိုင်ပါတယ်။ အကယ်၍ ကိုယ်ပိုင် project မှာ အသုံးပြုထားတာတွေ ရှိလည်း Wiki ကို update လုပ်နိုင်ပါတယ်။

Rabbit-Epub APP

Rabbit-Epub အကြောင်းကို ကျွန်တော် ရေးခဲ့ဖူးပါတယ်။ Node.js မရှိတဲ့ သူတွေ အတွက် App အနေနဲ့ ပြန်လည် ရေးသားထားပါတယ်။ Windows, Linux , Mac စတဲ့ platform ၃ ခု လုံးကို Support လုပ်ပါတယ်။ Electron ကို အသုံးပြုထားတဲ့ အတွက်ကြောင့် file size ကတော့ 40 MB လောက်ရှိပါတယ်။ Github မှာ download ချနိုင်ပါတယ်။

Credit To Rabbit

Rabbit Converter ကို အသုံးပြုထားသည်လို့ credit ပေးသည့်အတွက် ကျေးဇူးတင်ပါတယ်။ Credit ပေးတဲ့အခါမှာ Saturngod ရဲ့ Rabbit Converter အစား Rabbit Converter ကို အသုံးပြုထားသည် ဆိုရင်လုံလောက်ပါတယ်။ Rabbit ဟာ ကျွန်တော်တစ်ယောက်တည်း ဖန်တီးထားတာ မဟုတ်ပါဘူး။ Rabbit ရဲ့ Core member က ၄ ယောက် ရှိပြီးတော့ အခြား open source contribute လုပ်ထားတဲ့ developer တွေ နောက်ပြီးတော့ issue ကို report လုပ်တဲ့ လူတွေ ရယ်ကြောင့် တဖြည်းဖြည်း update လုပ်ရင်း ကောင်းမွန်တဲ့ converter တစ်ခု ဖြစ်လာတာပါ။ ဒါကြောင့် Saturngod ရဲ့ Rabbit Converter အစား Rabbit Converter လို့သာ သုံးစွဲ စေချင်ပါတယ်။ Rabbit က တစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်တဲ့ အတွက် project စ ကတည်းက WTFPL license ကို အသုံးပြုခဲ့ပါတယ်။

Rabbit Converter ကို အသုံးပြုသူတွေကော ကိုယ်ပိုင် project တွေမှာ ထည့်သွင်း အသုံးပြုတဲ့ သူတွေကော Credits ပေးတဲ့ developers တွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.