Ornagai and MMConverter Telegram Bot , MMConverter API

Telegram ဆိုတာကတော့ WhatsApp , LIne , Viber တို့လို့ Messenger ပါပဲ။ Telegram က bot တွေကို ရေးသားခွင့်ပေးထားပြီးတော့ bot ကို message ပို့လိုက်ရင် ပို့လိုက်တဲ့ data ပေါ်မှာ မူတည်ပြီးတော့ bot က reply ပြန်ပေးပါတယ်။

OrnagaiBot

Ornagai dictionary အတွက် ရဲလင်းအောင် က ရေးထားတာပါ။ Telegram app ရဲ့ contact ကနေ OrnagaiBot ကို ရှာပြီး ထည့်လိုက်ရုံပါပဲ။

Dictionary အတွက် /e အနောက်မှာ စာရိုက်ထည့်လိုက်ရင် အဓိပ္ပာယ် ပြန်ပေးပါတယ်။

/e word

OrnagaiBot ရဲ့ source code ကိုတော့ github မှာ တင်ထားပါတယ်။

MMConverterBot

နောက်တစ်ခုကတော့ ရဲလင်းအောင် က ပဲ ရေးထားတဲ့ MMConverterBot ပါ။ Telegram app ရဲ့ contact ကနေ ရှာပြီး ထည့်လိုက်လို့ရပါတယ်။

Message ပို့တဲ့ အခါမှာတော့

Zawgyi to unicode အတွက်

/z <Your Zg text>

Unicode to Zawgyi အတွက်

/u <Your Uni text>

ကို အသုံးပြုနိုင်ပါတယ်။

MMConverter

MMConverter ကတော့ online ကနေ zawgyi to uni , uni to zawgyi ကို လွယ်လွယ်ကူကူ ပြောင်းလို့ ရတဲ့ API Service ပါ။ hexcores က ရေးသားထားပါတယ်။ အသေးစိတ် အသုံးပြုပုံကိုတော့ http://mmconverter.hexcores.com မှာ ကြည့်နိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.