Ornagai and MMConverter Telegram Bot , MMConverter API

Telegram ဆိုတာကတော့ WhatsApp , LIne , Viber တို့လို့ Messenger ပါပဲ။ Telegram က bot တွေကို ရေးသားခွင့်ပေးထားပြီးတော့ bot ကို message ပို့လိုက်ရင် ပို့လိုက်တဲ့ data ပေါ်မှာ မူတည်ပြီးတော့ bot က reply ပြန်ပေးပါတယ်။

OrnagaiBot

Ornagai dictionary အတွက် ရဲလင်းအောင် က ရေးထားတာပါ။ Telegram app ရဲ့ contact ကနေ OrnagaiBot ကို ရှာပြီး ထည့်လိုက်ရုံပါပဲ။

Dictionary အတွက် /e အနောက်မှာ စာရိုက်ထည့်လိုက်ရင် အဓိပ္ပာယ် ပြန်ပေးပါတယ်။

/e word

OrnagaiBot ရဲ့ source code ကိုတော့ github မှာ တင်ထားပါတယ်။

MMConverterBot

နောက်တစ်ခုကတော့ ရဲလင်းအောင် က ပဲ ရေးထားတဲ့ MMConverterBot ပါ။ Telegram app ရဲ့ contact ကနေ ရှာပြီး ထည့်လိုက်လို့ရပါတယ်။

Message ပို့တဲ့ အခါမှာတော့

Zawgyi to unicode အတွက်

/z <Your Zg text>

Unicode to Zawgyi အတွက်

/u <Your Uni text>

ကို အသုံးပြုနိုင်ပါတယ်။

MMConverter

MMConverter ကတော့ online ကနေ zawgyi to uni , uni to zawgyi ကို လွယ်လွယ်ကူကူ ပြောင်းလို့ ရတဲ့ API Service ပါ။ hexcores က ရေးသားထားပါတယ်။ အသေးစိတ် အသုံးပြုပုံကိုတော့ http://mmconverter.hexcores.com မှာ ကြည့်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading