သို့

မင်းက ငါ့ထက် ငယ်မယ်ထင်လို့ ညီလို့ခေါ်လိုက်တာပါ။ မင်းအဖွဲ့သားတွေကတော့ ငါ့ထက်ကြီးရင် ကြီးမယ်။ ရွယ်တူဖြစ်ရင် ဖြစ်ကောင်းဖြစ်မှာပေါ့။ မင်းတို့အဖွဲ့လည်း ဒီနေ့ တော်တော်ပင်ပန်းသွားရှာမှာပါ။ မင်းတို့စက်တွေကော အဆင်ပြေရဲ့လား။ တော်တော်လေးလည်း run လိုက်ရသေးလား။ အစ်ကိုထင်သလောက် မင်းတို့ စက်တွေဘာမှဖြစ်လောက်မှာ မဟုတ်ပါဘူး။ မင်းတို့တွေ server တစ်ခုခုကို host လုပ်ပြီး လုပ်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။ အစ်ကိုလည်း log တွေဖတ်ပြီးပြီ။ ဘယ် IP တွေ ဘယ်လိုလုပ်လဲဆိုတာလည်း ကြည့်ပြီးပြီ။ အစ်ကိုတော့ ဒေါသမထွက်တော့ပါဘူးကွာ။ ဒေါသထွက်လည်း ထူးလာမှာမှ မဟုတ်တာ။ အရင်ကတော့ မင်းတို့အပေါ် တော်တော်လေး ဒေါသထွက်မိတယ်။ ဒါလေးလုပ်တာကို မင်းတို့ ဂုဏ်ယူနေရသလားဆိုပြီးတော့။ နောက်တော့လည်း မင်းတို့ ငယ်သေးတာကြောင့်လည်းဖြစ်နိုင်တယ်။ မင်းတို့မှာ ပညာမရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိဘတွေနဲ့ အဆင်မပြေတာ။ အိမ်နဲ့ ပြသနာလေးတွေ ရှိတတ်တာကြောင့်လည်း ဖြစ်နိုင်တယ်။ မင်းတို့ စိတ်မကျေနပ်ချက်တွေကြောင့် တစ်နေရာမှာ ဖောက်ခွဲပစ်မလို့ လုပ်လိုက်တာလို့ပဲ မှတ်ယူထားလိုက်ပါတယ်။

ညီအနေနဲ့ ငယ်အုံးမှာပါ။ အသက်မငယ်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ အစ်ကို့ထက် အများကြီး ငယ်သေးတယ်။ ညီ မရင့်ကျက်သေးဘူး။ မစဉ်းစားတတ်သေးဘူး။ မိမိကိုယ်ကို ဂုဏ်ယူချင်နေတယ်။ ငါလုပ်နေတယ်ဆိုပြီး ဂုဏ်တက်နေချင်သေးတယ်။ ထားပါလေ။ အစ်ကို အပေါ်က ပြောထားသလို အကြောင်းတစ်ခုခုကြောင့်ဖြစ်မှာပေါ့။ တစ်နေ့ မင်းခေါင်းဆောင်နေရာကို မင်းရောက်တဲ့အချိန် မင်းနားလည်လာမှာပါ။ အဲဒီအချိန်မှ မင်း ဝဋ် မလည်စေချင်ဘူး ။ အဲဒီအချိန် ညီ ဝဋ် လည်လို့ နောင်တရရင်လည်း မမှီတော့ဘူးလေ။ ညီလည်း ပြသနာတွေကို ဖြေရှင်းနေရတော့မှာမို့ နောင်တရဖို့တောင် အားချင်မှ အားမှာပေါ့။ ဟုတ်ဘူးလား။ အခုညီလုပ်နေတာက ပညာပြိုင်တာမဟုတ်ပဲ စိတ်ရှည်မှုကို ပြိုင်နေသလိုပဲကွာ။ ထားပါကွာ။ အစ်ကိုတော့ ဘာမှမပြောတော့ဘူး။ ပြောစရာလည်း မလိုတော့ဘူး။ ညီ အစ်ကို့ blog ကို ဖတ်မှာ သေချာတယ်။ ဒီကောင် ဘာတွေ ဒေါသထွက်အုံးမလဲ။ ဘာတွေ ဆဲအုံးမလဲ ဆိုတော့ စောင့်ကြည့်ပြီး ရယ်ချင်သေးတယ်မဟုတ်လား။ အစ်ကို မြန်မာလို ဆဲဆိုလည်း ညီက နားလည်တာမှမဟုတ်တာ။ နောက်ပြီး နာတတ်မှာလည်း မဟုတ်လောက်ဘူးလေ။ အစက ဒေါသထွက်ပြီး စိတ်တိုပေမယ့် အိမ်ပြန်ရောက်တော့ စဉ်းစားမိတယ်။ ငါ့ညီ ငယ်ဘဝက တော်တော်ဆိုးခဲ့လို့ အခုလို ဖြစ်နေတာ ဖြစ်မှာပါ။ လူကောင်းသူကောင်း လူပုံမှန် တစ်ယောက်အနေနဲ့တော့ အခုလို အဓိပ္ပာယ်မရှိတာတွေ မလုပ်လောက်ဘူးကွ။ အစ်ကို ၁၀ နှစ် အရွယ emo လေးကို မေးဘူးတယ်။ hacker ဆိုတာဘာလဲဆိုတာကို ရှင်းပြပြီးတော့ “emo ကော hacker ဖြစ်ချင်လား” လို့ မေးလိုက်တာ။ သူက ချက်ခြင်းပဲ ပြန်ဖြေတယ်။ ဘာဖြေလဲသိလား။ “အာ.. အစ်ကိုကလည်း အဲလို အဓိပ္ပာယ်မရှိတာကြီး မလုပ်ချင်ဘာဘူးဗျာ… ပိုက်ဆံလည်း ရတာမဟုတ်… နာမည်လည်း ရတာမဟုတ်ပဲနဲ့ဗျာ.. နောက်ပြီး လူကောင်းလည်း မဟုတ်ပဲနဲ့.. ကျွန်တော် မလုပ်ချင်ပါဘူးဗျာ…” ညီ အံသြမသြတော့ အစ်ကိုမသိဘူး။ အစ်ကိုကတော့ တော်တော်လေး အံဩသွားတယ်ကွ။ ၁၀ နှစ်သား ဉာဏ်လေးနဲ့ ဒီလောက် စဉ်းစားနိုင်တယ်။ အချို့တွေ တက္ကသိုလ်တောင်ရောက်နေပြီ။ hacker လုပ်မယ်။ ဟို site ကို ဖောက်မယ်။ ဒီ site ကို ဖောက်မယ်။ ဖျက်လို ဖျက်စီး စိတ်ဓာတ်တွေ အရမ်းများနေတယ်။ hacker တွေ မကောင်းဘူးလို့ အစ်ကိုမပြောဘူး။ hacking နဲ့ cracking ကလည်း ကွာပါတယ်။ Dos ကတော့ နောက်ကနေ ထုတ်နဲ့ ချောင်းရိုက်သလိုပဲ။ ထားပါကွာ။ ဒါတွေကို အစ်ကိုမပြောချင်တော့ဘူး။ အစ်ကို့အနေနဲ့ ညီတို့ အဖွဲ့ နောက်တစ်ချိန် ခေါင်းဆောင်ပိုင်းရောက်တဲ့အခါမှာ ဝဋ် မလည်ပါစေနဲ့လို့ ဆုတောင်းပါတယ်။

အစ်ကို ငယ်ငယ်တုန်းကလည်း virus တွေရေး။ ကျောင်းက network ထဲမှာ လျှောက်ဖြန့်စတာတွေ လုပ်ဖူးတယ်ကွ။ စက်ခန်းထဲက ဆရာတွေ ဆရာမတွေ စိတ်ညစ်တာကြည့်ပြီး အားပါးတရ နောက်ကွယ်မှာ ရယ်ခဲ့ဘူးတယ်။ ကောင်မလေးတွေသုံးတဲ့စက်တွေထဲ virus ပို့။ ဟိုဘက်က ဘာလုပ်ရမှန်းမသိ။ ဘာကိုင်ရမှန်းမသိ။ စိတ်ပျက်လက်ပျက်ဖြစ်နေတာတွေကို ကြည့်ပြီး အစ်ကိုပျော်ခဲ့ဘူးတယ်။ အခုတော့ မှားမှန်းလည်းသိပါပြီ။ အခု ကိစ္စကိုလည်း ဟိုးအရင်တုန်းက အစ်ကို့ အများတွေပြန်ခံစားရတယ်လို့ပဲ မှတ်ထားလိုက်ပါမယ်ကွာ။ ငါ့ညီတို့ အဖွဲ့ ဘေးအန္တရာယ်ကင်းပါစေကွာ။ ဝဋ် ဆိုတာကြီး လည်ရင်လည်း ပြင်းပြင်းထန်ထန် မထိပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်……..

7 responses to “သို့”

  1. အင်းသူတို့ဒီလိုလုပ်လို့ ဘယ်သူတွေထိခိုက်သွားလည်း စေတန် .. ငါတို့အတွက်တော့ ပြဿနာကြီးကြီးမားမား ဘာမှဖြစ်မသွားပါဘူးကွာ … ဘယ်သူတွေ ထိခိုက်ရလည်းဆိုတော့ မြန်မာနိုင်ငံက ပညာတွေ ယူချင်နေတဲ့ လူငယ်လေးတွေကွ … သူတို့တွေကိုပဲ သနားမိပါတယ် … ငါတို့က စေတနာသန့်သန့် နဲ့ မြန်မာနိုင်ငံရဲ့ IT ပိုင်းကိုတိုးတက်အောင်လုပ်ပေးနေတာပါကွာ .. ဒါကိုဘုရားသိပါတယ် ..

    1. သေချာတာပေါ့ကွာ…

  2. အင်း.. အင်ဖိုကတော့ အဲကောင်မဟုတ်ဘူးလို့တော့ပြောတာပဲ.. ဒါပေမဲ့ ဘယ်သူပဲ ဖြစ်ဖြစ် လုပ်တဲ့ကောင်ကို Damm **** ! ပဲ…

  3. အခုတော့ ဒီပြသနာမရှင်းမချင်း (တရားခံမပေါ်မချင်း)
    ကျွန်တော်ကတော့တရားခံ ဖြစ်နေဦးမှာ သေချာတယ်ဗျာ
    စည်သူ လဲ ကျွန်တော့ကို တော်တော်တင်းသွားတယ်နဲ့တူတယ် ဓာတ်ပုံ တောင်ရိုက်သွားတယ်
    စိတ်လေတယ်ဗျာ ကျွန်တော် ထွက်သွားတဲ့အချိန်ကျမှတိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရတယ်လို့

    Infofreakz

  4. လူတွေမှာ လိုနေတာ.. အမှန်တော့ ကျွန်တော်လဲ Internet Ethic, Blogging Ethic တွေ တစ်ခုမှ မလိုက်နာဘူး။ ဒါပေမယ့် အားလုံး ကိုယ်ချင်းစာ တရားနဲ့ ပဲလုပ်တယ်.. သူများကို တိုက်မှ ကိုယ်အောင်မြင်မယ်ဆိုရင်တော့ မှားနေပြီဗျာ.. အမှန်တော့ ကျွန်တော့်ကိုလဲ တစ်ယောက်ယောက်က သူ ဘယ်ဆိုဒ်တွေ ကို ဘယ်လိုတိုက်ဖူးတယ် လာကြွားလဲ စိတ်ထဲကတော့ သနားသွားမှာပဲ သူတိုက်လိုက်တဲ့ ဆိုဒ် ကျသွားတာနဲ့ အတူ သူ့ရဲ့ သိက္ခာ၊ ကိုယ်ကျင့်တရား ဆိုတာလဲ ပါသွားခဲ့တာ သူတို့ သိချင်မှ သိမှာပဲ..

  5. ကိုစေတန် ရေ.

    ကိုကြီး တွီ ရဲ့ DDOS shield ကို

    http://code.google.com/p/ddos-shield/ အဲဒီ ကနေ

    ဒေါင်းလုပ် ချတာ read me ဖိုင်လေး တစ်ဖိုင်ဘဲ ပါလာတယ်

    အဲဒီ ထဲမှာလဲ ဘာမှ မပါဘူးး … ကူညီပါအုံးခင်ဗျာ.. မိုင်ဇီ ဘယ်

    တော့လောက် ပြန်ဖွင့်မလဲ ခင်ဗျာ. တစ်ခုခု လိုနေသလိုဘဲ ဗျာ

    ကျွန်တော် တို့လို ဖတ် ဘဲ ဖတ် တဲ့သူတောင် တစ်ခုခု လိုနေရင်

    အစ်ကို တို့ဆို တော်တော် ဘယ်လို နေမလဲ မသိဘူးနော်..

    1. အဲဒါက MZ က တီလေး ရေးထားတာပဲ.. အဲဒါနဲ့တောင် ကာကွယ်လို့မရဘူးလေ… ဒီတစ်ခေါက်က နည်းနည်းပိုမြင့်တယ်.. တစ်ယောက်တည်း ကိုင်တာမဟုတ်တော့ဘူး… :D

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.